ျမန္မာလုပ္သား(၇) ဦးအား လစာမေပးလိုသည့္ ထိုင္းလုပ္ငန္းရွင္က ထုိင္းရဲျဖင့္ ဖမ္းဆီးခိုင္းရာ AAC မွ ေျဖရွင္ေပးရာမွ ေငြမ်ားျပန္ရ

ျမန္မာလုပ္သား(၇) ဦးအား လစာမေပးလိုသည့္ ထိုင္းလုပ္ငန္းရွင္က ထုိင္းရဲျဖင့္ ဖမ္းဆီးခိုင္းရာ AAC မွ ေျဖရွင္ေပးရာမွ ေငြမ်ားျပန္ရ
ဧပြီ 3, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၃) ။     ။ ျမန္မာအလုပ္သမား (၇)ဦးရရွိမည့္ လုပ္ခလစာ ဘတ္(၄)သိန္းေက်ာ္အား ထိုင္းလုပ္ငန္းရွင္မွ လစာေငြ မေပးလို၍ ထိုင္းရဲတပ္ဖြဲ႕၀င္မ်ားေခၚယူၿပီး ဖမ္းဆီးေစခဲ့သျဖင့္ "AAC"မဟာမိတ္အဖြဲ႕မွ ကူညီေဆာင္ရြက္ ေပးရေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ မဟာခ်ိဳင္နယ္ေျမ ထခ်လံုရပ္ကြက္အတြင္းရွိ ITP ေရခဲစက္ရံုမွ ေရႊ႕ေျပာင္း ျမန္မာ အလုပ္သမား(၇)ဦးမွ လုပ္ခလစာမ်ားအား အလုပ္ရွင္ျဖစ္သူထံ ေတာင္းဆိုရာ အလုပ္ရွင္မွ ေငြမေပးသည့္ အျပင္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕၀င္မ်ားေခၚယူ၍ ဖမ္းဆီးခိုင္းထားသျဖင့္ ျမန္မာသံရံုး အလုပ္သမားကူညီေစာင့္ေရွာက္ေရး ေကာ္မတီဝင္''AAC''မဟာမိတ္အဖြဲ႕သို႔ ဆက္သြယ္အကူညီ ေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"က်ပ္နဲ႔တြက္ရင္ (၁၃)သိန္းေလာက္ရွိတယ္။ လစာက အားလံုးေပါင္းရင္ (၄၁,၄၅၀)ဘတ္ အလုပ္သမား(၇)ေယာက္စာ မေပးတာ။ ထုိင္းသူေဌးေတြက ဒီလိုပဲ။ လစာေတြမေပးခ်င္ရင္ ညစ္ေနၾက။ ကၽြန္ေတာ္တို႔လည္း သူတို႔အလုပ္ရွင္နဲ႔ေတြ႕ၿပီး ေဆြးေႏြးလိုက္ေတာ့ ခ်က္ခ်င္းလစာေတြ ထုတ္ေပးလိုက္ပါတယ္"ဟု "AAC"မဟာမိတ္အဖြဲ႕၀င္ ကိုရဲမင္းက ေျပာသည္။

အလုပ္သမားမ်ားမွာ သၾကၤန္ကာလ ေနရပ္ျပန္ရန္ႏွင့္ မိဘမ်ားဆီေငြပို႔ရန္ အလုပ္ရွင္ သူေဌးျဖစ္သူထံ ေတာင္းဆိုခဲ့ျခင္းျဖစ္ၿပီး ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ တနသၤာရီတိုင္းေဒသႀကီးမ်ားရိွွ ေက်းရြာမ်ားမွ လာေရာက္အလုပ္လုပ္ကိုင္ေနသူမ်ားျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံအတြင္း လုပ္ငန္းရွင္မ်ားက လာအို၊ ကေမၻာဒီယားႏွင့္ ျမန္မာႏိုင္ငံတို႔မွ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအား လုပ္ခလစာ မေပးလိုလွ်င္ အေၾကာင္းအမ်ိဳးမ်ိဳးရွာ၍ ထိုင္းရဲတပ္ဖြဲ႕၀င္မ်ားအား ေငြေၾကးေပးကာ ဖမ္းဆီးခို္င္းျခင္းမ်ား လုပ္ေဆာင္ေလ့ရိွေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမားမ်ားထံမွ သိရသည္။

ထိုင္းႏိုင္ငံအတြင္း ေရႊ႕ေျပာင္း လုပ္သားအင္အား (၁)သန္းေက်ာ္ ရွိၿပီး အမ်ားစုမွာ ျမန္မာ၊ လာအိုႏွင့္ ကေမာၻဒီယားႏိုင္ငံသားမ်ားျဖစ္ေၾကာင္းႏွင့္ ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမား(၆)သိန္းခန္႔ရွိေၾကာင္း ထိုင္းႏိုင္ငံ၏ အလုပ္သမား စစ္တမ္းမ်ားအရသိရသည္။

သတင္း။   ။ ကိုဇက္

************

( unicode )

တာချီလိတ်၊ ဧပြီလ (၃)။ မြန်မာအလုပ်သမား (၇)ဦးရရှိမည့် လုပ်ခလစာ ဘတ်(၄)သိန်းကျော်အား ထိုင်းလုပ်ငန်းရှင်မှ လစာငွေ မပေးလို၍ ထိုင်းရဲတပ်ဖွဲ့ဝင်များခေါ်ယူပြီး ဖမ်းဆီးစေခဲ့သဖြင့် "AAC"မဟာမိတ်အဖွဲ့မှ ကူညီဆောင်ရွက် ပေးရကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေ ထချလုံရပ်ကွက်အတွင်းရှိ ITP ရေခဲစက်ရုံမှ ရွှေ့ပြောင်း မြန်မာ အလုပ်သမား(၇)ဦးမှ လုပ်ခလစာများအား အလုပ်ရှင်ဖြစ်သူထံ တောင်းဆိုရာ အလုပ်ရှင်မှ ငွေမပေးသည့် အပြင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များခေါ်ယူ၍ ဖမ်းဆီးခိုင်းထားသဖြင့် မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီဝင်''AAC''မဟာမိတ်အဖွဲ့သို့ ဆက်သွယ်အကူညီ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျပ်နဲ့တွက်ရင် (၁၃)သိန်းလောက်ရှိတယ်။ လစာက အားလုံးပေါင်းရင် (၄၁,၄၅၀)ဘတ် အလုပ်သမား(၇)ယောက်စာ မပေးတာ။ ထိုင်းသူဌေးတွေက ဒီလိုပဲ။ လစာတွေမပေးချင်ရင် ညစ်နကြေ။ ကျွန်တော်တို့လည်း သူတို့အလုပ်ရှင်နဲ့တွေ့ပြီး ဆွေးနွေးလိုက်တော့ ချက်ချင်းလစာတွေ ထုတ်ပေးလိုက်ပါတယ်"ဟု "AAC"မဟာမိတ်အဖွဲ့ဝင် ကိုရဲမင်းက ပြောသည်။

အလုပ်သမားများမှာ သင်္ကြန်ကာလ နေရပ်ပြန်ရန်နှင့် မိဘများဆီငွေပို့ရန် အလုပ်ရှင် သူဌေးဖြစ်သူထံ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများရှိ ကျေးရွာများမှ လာရောက်အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း လုပ်ငန်းရှင်များက လာအို၊ ကမ္ဘောဒီယားနှင့် မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများအား လုပ်ခလစာ မပေးလိုလျှင် အကြောင်းအမျိုးမျိုးရှာ၍ ထိုင်းရဲတပ်ဖွဲ့ဝင်များအား ငွေကြေးပေးကာ ဖမ်းဆီးခို်င်းခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရသည်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း လုပ်သားအင်အား (၁)သန်းကျော် ရှိပြီး အများစုမှာ မြန်မာ၊ လာအိုနှင့် ကမော္ဘဒီယားနိုင်ငံသားများဖြစ်ကြောင်းနှင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား(၆)သိန်းခန့်ရှိကြောင်း ထိုင်းနိုင်ငံ၏ အလုပ်သမား စစ်တမ်းများအရသိရသည်။

သတင်း။ ကိုဇက် 

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~