ထိုင္းလႊတ္ေတာ္အမတ္မွ တာခ်ီလိတ္ျပည္သူ႔ ေဆးရံုသို႔ ၀ွီးခ်ဲမ်ား လာလွဴ

ထိုင္းလႊတ္ေတာ္အမတ္မွ တာခ်ီလိတ္ျပည္သူ႔ ေဆးရံုသို႔ ၀ွီးခ်ဲမ်ား လာလွဴ
မတ် 15, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၁၅) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ၿမိဳ႕နယ္ျပည္သူ႔ေဆးရံုသို႔ ထိုင္းႏိုင္ငံ ခ်င္းရိုင္း အမတ္က ဝွီးခ်ဲ(၈) လုံးကို မတ္လ(၁၅)ရက္ေန႔မွာ လာေရာက္လွဴဒါန္းေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ဘက္မွာလည္း မသန္စြမ္းလူနာေတြက လူမႈအဖြဲ႕အစည္းေတြမွာ ဆက္သြယ္ၿပီး အကူညီေတာင္းတာ ေတြရွိတယ္။ အဲဒီလိုပဲ ဒီဘက္မွာ အဆက္သြယ္လုပ္ၿပီး ကူညီေတာင္းလာရင္ ေထာက္ပံ့ေပးႏိုင္ေအာင္လို႔ လာလွဴတာပါ။ အခုလွဴထားတဲ့ ဝီွးခ်ဲေတြ လိုအပ္တဲ့လူေတြရွိရင္ ေဆးရုံမွာ သြားယူလို႔ရေအာင္ ေဆးရုံမွာ လွဴထားေပးပါတယ္။"ဟု ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္ အမတ္ ေစာေက်ာ ခ်ိဳင္းယြန္းစီဆမြန္ ကေျပာသည္။

ခ်င္းရိုင္းခရိုင္အမတ္က ဝွီးခ်ဲ(၈၀)လုံးကို ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ရွိ လူမႈေရးအသင္းအဖြဲ႕မ်ားကို လွဴဒါန္းၿပီး ပိုေနေသာ ဝွီးခ်ဲမ်ားကို တာခ်ီလိတ္ၿမိဳ႕သို႔ လာေရာက္လွဴဒါန္းျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

"အရိုးအေၾကာလူနာေတြ၊ ခြဲစိတ္ၿပီး လူနာေတြကို ျပန္လည္ထူေထာင္တဲ့အခါမွာ အသုံးျပဳမွာပါ။ ခြဲစိတ္လူနာေတြက ခြဲစိတ္ၿပီး သုံးပတ္ေလာက္ အနားယူရပါတယ္။ အဲအခ်ိန္ သြားေရး လာေရးအဆင္ေျပေအာင္ ဒါေတြက အသုံး၀င္ပါတယ္။" ဟု တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရုံအုပ္ ေဒါက္တာဇင္ကိုကိုေအာင္ ကေျပာသည္။

အဆိုပါအမတ္သည္ ၂၀၁၄ ခုႏွစ္ ေမလအတြင္း တာခ်ီလိတ္ၿမိဳ႕ ေရႀကီးေရလွ်ံျဖစ္စဥ္က ကယ္ဆယ္ေရး အတြက္  ေလွမ်ား လာေရာက္လႈဒါန္းခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
************
တာချီလိတ်၊ မတ်လ (၁၅) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မြို့နယ်ပြည်သူ့ဆေးရုံသို့ ထိုင်းနိုင်ငံ ချင်းရိုင်း အမတ်က ဝှီးချဲ(၈) လုံးကို မတ်လ(၁၅)ရက်နေ့မှာ လာရောက်လှူဒါန်းကြောင်း သိရသည်။
"ကျွန်တော်တို့ ဘက်မှာလည်း မသန်စွမ်းလူနာတွေက လူမှုအဖွဲ့အစည်းတွေမှာ ဆက်သွယ်ပြီး အကူညီတောင်းတာ တွေရှိတယ်။ အဲဒီလိုပဲ ဒီဘက်မှာ အဆက်သွယ်လုပ်ပြီး ကူညီတောင်းလာရင် ထောက်ပံ့ပေးနိုင်အောင်လို့ လာလှူတာပါ။ အခုလှူထားတဲ့ ဝှီးချဲတွေ လိုအပ်တဲ့လူတွေရှိရင် ဆေးရုံမှာ သွားယူလို့ရအောင် ဆေးရုံမှာ လှူထားပေးပါတယ်။"ဟု ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အမတ် စောကျော ချိုင်းယွန်းစီဆမွန် ကပြောသည်။
ချင်းရိုင်းခရိုင်အမတ်က ဝှီးချဲ(၈၀)လုံးကို ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များကို လှူဒါန်းပြီး ပိုနေသော ဝှီးချဲများကို တာချီလိတ်မြို့သို့ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။
"အရိုးအကြောလူနာတွေ၊ ခွဲစိတ်ပြီး လူနာတွေကို ပြန်လည်ထူထောင်တဲ့အခါမှာ အသုံးပြုမှာပါ။ ခွဲစိတ်လူနာတွေက ခွဲစိတ်ပြီး သုံးပတ်လောက် အနားယူရပါတယ်။ အဲအချိန် သွားရေး လာရေးအဆင်ပြေအောင် ဒါတွေက အသုံးဝင်ပါတယ်။" ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇင်ကိုကိုအောင် ကပြောသည်။
အဆိုပါအမတ်သည် ၂၀၁၄ ခုနှစ် မေလအတွင်း တာချီလိတ်မြို့ ရကြေီးရေလျှံဖြစ်စဉ်က ကယ်ဆယ်ရေး အတွက် လှေများ လာရောက်လှုဒါန်းခဲ့ကြောင်း သိရသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~