မတ္လ(၁၇)ရက္ေန႔တြင္ တာခ်ီလိတ္၌ လွ်ပ္စစ္မီး တစ္ေနကုန္ ေခတၱျဖတ္ေတာက္မည္

မတ္လ(၁၇)ရက္ေန႔တြင္ တာခ်ီလိတ္၌ လွ်ပ္စစ္မီး တစ္ေနကုန္ ေခတၱျဖတ္ေတာက္မည္
မတ် 14, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၁၄)၊  ။  ထိုင္းႏိုင္ငံ မယ္က်န္းရွိ ဓာတ္အားလိုင္း၏ Switch Yard အား ျပဳျပင္ထိန္းသိမ္းရန္အတြက္ မတ္လ(၁၇)ရက္ေန႔တြင္ တာခ်ီလိတ္၌ နံနက္(၈)နာရီမွ ညေန(၄)နာရီအခ်ိန္အထိ လွ်ပ္စစ္မီး ေခတၱျဖတ္ေတာက္ထားမွာ ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးရံုးမွ သိရသည္။

"အခ်ိန္က မနက္(၈)နာရီကေန ညေန(၄)နာရီအထိ သတ္မွတ္ထားေပမဲ့လည္း ျပဳျပင္မႈ ေစာေစာၿပီးတာနဲ႔ လွ်ပ္စစ္မီးကို ေစာေစာလႊတ္ေပးသြားမွာပါ"ဟု ၿမိဳ႕မီးလင္းေရးရံုးမွ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။

Rrovincial Elecrticity Authority မယ္ဆိုင္ဌာနခြဲမွ မယ္က်န္းရွိ 115/22KV ဓာတ္အားလိုင္း၏ Switch Yard အား ျပဳျပင္ထိန္းသိမ္းမည္ျဖစ္ရာ လုပ္ငန္းေဆာင္ရြက္ခ်ိန္တြင္ ေဘးအႏၱရာယ္ ကင္းရွင္းေစရန္အတြက္ ၂၀၁၆ခုႏွစ္ မတ္လ(၁၇)ရက္ ၾကာသပေတးေန႔ နံနက္(၈)နာရီမွ ညေန(၄)နာရီအခ်ိန္ထိ လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးမႈ ေခတၱျဖတ္ေတာက္ထားမွာ ျဖစ္သည္။

-----------------

တာချီလိတ်၊ မတ်လ(၁၄)၊။ ထိုင်းနိုင်ငံ မယ်ကျန်းရှိ ဓာတ်အားလိုင်း၏ Switch Yard အား ပြုပြင်ထိန်းသိမ်းရန်အတွက် မတ်လ(၁၇)ရက်နေ့တွင် တာချီလိတ်၌ နံနက်(၈)နာရီမှ ညနေ(၄)နာရီအချိန်အထိ လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားမှာ ဖြစ်ကြောင်း တာချီလိတ်မြို့မီးလင်းရေးရုံးမှ သိရသည်။

"အချိန်က မနက်(၈)နာရီကနေ ညနေ(၄)နာရီအထိ သတ်မှတ်ထားပေမဲ့လည်း ပြုပြင်မှု စောစောပြီးတာနဲ့ လျှပ်စစ်မီးကို စောစောလွှတ်ပေးသွားမှာပါ"ဟု မြို့မီးလင်းရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Rrovincial Elecrticity Authority မယ်ဆိုင်ဌာနခွဲမှ မယ်ကျန်းရှိ 115/22KV ဓာတ်အားလိုင်း၏ Switch Yard အား ပြုပြင်ထိန်းသိမ်းမည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်ချိန်တွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ၂၀၁၆ခုနှစ် မတ်လ(၁၇)ရက် ကြာသပတေးနေ့ နံနက်(၈)နာရီမှ ညနေ(၄)နာရီအချိန်ထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ခေတ္တဖြတ်တောက်ထားမှာ ဖြစ်သည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~