သုဘရာဇာအား ေဆးေၾကာင္သူမွ ေငြေၾကး ရလိုစိတ္ျဖင့္ ရိုက္ႏွက္သြား

သုဘရာဇာအား ေဆးေၾကာင္သူမွ ေငြေၾကး ရလိုစိတ္ျဖင့္ ရိုက္ႏွက္သြား
မတ် 30, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၃၀) ။  ။ တာခ်ီလိတ္ ၿမိဳ႕မသုႆန္အတြင္း သုဘရာဇာအား ေငြေတာင္းရာ မရျဖင့္ ေဆးေၾကာင္ေနသူတစ္ဦးမွ မတ္လ(၃၀)ရက္ေန႔ ေန႔လယ္ပိုင္းက ရုိက္ႏွက္သြားခဲ့ေၾကာင္း သိရသည္။

"အစ္ကိုတို႔က အသုဘခ်ဖို႔သြားတာ သုဘရာဇာ ကိုရခိုင္ကို ေကာင္ေလးတစ္ေယာက္က တုတ္နဲ႔ရိုက္သြားတာကို လွမ္းေတြ႕လိုက္တာ၊ သုဘရာဇာနားက ေငြေတာင္းတာ မရလို႔ ရိုက္သြားတာနဲ႔ တူတယ္၊ ရဲေတြေတာ့ေရာက္လာတယ္၊ ၾကည့္ၿပီးျပန္သြားၿပီ"ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

တုတ္ျဖင့္ ရုိက္ႏွက္ခံရေသာ သုဘရာဇာမွာ စည္ပင္သာယာေရးဌာနမွ ေန႔စား၀န္ထမ္းျဖစ္ၿပီး၊ အေလာင္းမီးရွိဳ႕ျခင္းအား ျပဳလုပ္ေပးေနသူျဖစ္ကာ အသုဘရွင္မ်ားမွ ေပးခဲ့ေသာ ေငြေၾကးမ်ားအား ရယူရန္ မူးယစ္ေဆး၀ါးသံုးစြဲထားသူ တစ္ဦးက ရိုက္ႏွက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

"ၿမိဳ႕မသုႆန္ထဲမွာ မူးယစ္ေဆး၀ါးသံုးစြဲေနတဲ့ သူေတြေန ေနတာ အမ်ားႀကီးဘဲ၊ အဓိက တာခ်ီလိတ္ကို အလုပ္ လုပ္ဖို႔တက္လာတာ၊ ထင္သလိုမျဖစ္ေတာ့ စိတ္ဓါတ္က်ၿပီး ဘ၀ကို ျဖစ္သလိုေန ေနတဲ့သူေတြေပါ့၊ ေလလႊင့္လူေတြလို႔ေျပာလို႔ရတယ္၊ ညဖက္အဲ့ဒီလမ္းကသြားရင္ သတိထားရတယ္"ဟု ပုန္းထြန္ရပ္ကြက္၊ ေက်ာက္ေတာင္ အနီးေနထိုင္သူ ကိုေစာလွသန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မသုႆန္အတြင္း ေလလႊင့္လူမ်ားမွာ ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ စြန္ပစ္အမွိဳက္မ်ား ေကာက္ယူျခင္း၊ ၾကံဳရာက်ဘမ္းလုပ္ကိုင္ျခင္းမ်ား လုပ္ကိုင္လွ်က္ရွိၿပီး ရရွိေသာ ေငြေၾကးျဖင့္ မူးယစ္ေဆး၀ါးျပန္လည္ သံုးေနျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

"ရိုက္တဲ့သူက အဲ့ဒီနားမွာေနတဲ့သူဘဲ၊  အခုေတာ့ ကၽြန္ေတာ္တို႔ နယ္ထိန္းတပ္ဖြဲ႕၀င္ေတြ အရိုက္ခံရတဲ့ သူကို ေဆးရံုပို႔ၿပီး ေဆးစာယူေနပါၿပီ၊ အခု ရိုက္သြားတဲ့သူကိုေတာ့  လိုက္ရွာေနပါတယ္"ဟု နယ္ထိန္း တပ္ၾကပ္ႀကီး စိုးမင္းမင္းက ေျပာသည္။

သတင္း။  ။ ကိုဇက္
...............

တာချီလိတ်၊ မတ်လ(၃၀)။ တာချီလိတ် မြို့မသုဿန်အတွင်း သုဘရာဇာအား ငွေတောင်းရာ မရဖြင့် ဆေးကြောင်နေသူတစ်ဦးမှ မတ်လ(၃၀)ရက်နေ့ နေ့လယ်ပိုင်းက ရိုက်နှက်သွားခဲ့ကြောင်း သိရသည်။

"အစ်ကိုတို့က အသုဘချဖို့သွားတာ သုဘရာဇာ ကိုရခိုင်ကို ကောင်လေးတစ်ယောက်က တုတ်နဲ့ရိုက်သွားတာကို လှမ်းတွေ့လိုက်တာ၊ သုဘရာဇာနားက ငွေတောင်းတာ မရလို့ ရိုက်သွားတာနဲ့ တူတယ်၊ ရဲတွေတော့ရောက်လာတယ်၊ ကြည့်ပြီးပြန်သွားပြီ"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

တုတ်ဖြင့် ရိုက်နှက်ခံရသော သုဘရာဇာမှာ စည်ပင်သာယာရေးဌာနမှ နေ့စားဝန်ထမ်းဖြစ်ပြီး၊ အလောင်းမီးရှို့ခြင်းအား ပြုလုပ်ပေးနေသူဖြစ်ကာ အသုဘရှင်များမှ ပေးခဲ့သော ငွေကြေးများအား ရယူရန် မူးယစ်ဆေးဝါးသုံးစွဲထားသူ တစ်ဦးက ရိုက်နှက်သွားခြင်းဖြစ်ကြောင်း သိရသည်။

"မြို့မသုဿန်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ သူတွေနေ နေတာ အများကြီးဘဲ၊ အဓိက တာချီလိတ်ကို အလုပ် လုပ်ဖို့တက်လာတာ၊ ထင်သလိုမဖြစ်တော့ စိတ်ဓာတ်ကျပြီး ဘဝကို ဖြစ်သလိုနေ နေတဲ့သူတွေပေါ့၊ လေလွှင့်လူတွေလို့ပြောလို့ရတယ်၊ ညဖက်အဲ့ဒီလမ်းကသွားရင် သတိထားရတယ်"ဟု ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင် အနီးနေထိုင်သူ ကိုစောလှသန်းက ပြောသည်။

တာချီလိတ်မြို့မသုဿန်အတွင်း လေလွှင့်လူများမှာ မြို့ပေါ်ရပ်ကွက်များတွင် စွန်ပစ်အမှိုက်များ ကောက်ယူခြင်း၊ ကြုံရာကျဘမ်းလုပ်ကိုင်ခြင်းများ လုပ်ကိုင်လျှက်ရှိပြီး ရရှိသော ငွေကြေးဖြင့် မူးယစ်ဆေးဝါးပြန်လည် သုံးနခြေင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

"ရိုက်တဲ့သူက အဲ့ဒီနားမှာနေတဲ့သူဘဲ၊ အခုတော့ ကျွန်တော်တို့ နယ်ထိန်းတပ်ဖွဲ့ဝင်တွေ အရိုက်ခံရတဲ့ သူကို ဆေးရုံပို့ပြီး ဆေးစာယူနေပါပြီ၊ အခု ရိုက်သွားတဲ့သူကိုတော့ လိုက်ရှာနေပါတယ်"ဟု နယ်ထိန်း တပ်ကြပ်ကြီး စိုးမင်းမင်းက ပြောသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~