ရွမ္းျပည္နယ္အတြင္း ခရမ္းလြန္ေရာင္ျခည္အညႊန္းကိန္းလြန္ကဲအဆင့္ျဖစ္ေန၍ အေရျပားေရာဂါျဖစ္ပြားႏိုင္

ရွမ္းျပည္နယ္အတြင္း ခရမ္းလြန္ေရာင္ျခည္အညႊန္းကိန္းလြန္ကဲအဆင့္ျဖစ္ေန၍ အေရျပားေရာဂါျဖစ္ပြားႏိုင္
မတ် 20, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၂၀) ရက္ ။   ။ ရွမ္းျပည္နယ္အတြင္း ခရမ္းလြန္ေရာင္ျခည္အညႊန္းကိန္း လြန္ကဲေသာအဆင့္( Extreme Level ) ေရာက္ေနသျဖင့္ ကာယလုပ္သားမ်ား၊ ေနေရာင္ျခည္ႏွင့္ တိုက္ရိုက္ထိေတြ႕ အလုပ္လုပ္ကိုင္သူမ်ား ေရဓာတ္ခမ္းေျခာက္မႈလကၡဏာႏွင့္ အေရျပားေရာဂါမ်ား ျဖစ္ပြားႏိုင္ေၾကာင္း က်န္းမာေရး၀န္ေဆာင္မႈ ေပးေနသူမ်ားထံမွသိရသည္။

"ေနပူထဲမွာ အလုပ္လုပ္ေနတဲ့သူေတြဆို အေရျပားမွာ အနီစက္ေတြျဖစ္လာတတ္တယ္။ ေနာက္ၿပီး တင္းတိတ္တို႔လိုမ်ိဳးေတြ ထြက္လာတတ္တယ္။ အလုပ္ၾကမ္းလုပ္တဲ့သူေတြဆို ေရဓာတ္ခမ္းေျခာက္လို႔ ေသြးေပါင္က်ၿပီး မူးတာေတြျဖစ္ႏိုင္တယ္"ဟု တာခ်ီလိတ္ၿမိဳ႕ ေငြၾကယ္စင္ ေဆးခန္းမွ ေဒါက္တာျပည့္ျမင့္ျမတ္က ေျပာသည္။

တာခ်ီလိတ္တြင္ အလုပ္ လုပ္ကိုင္လွ်က္ရွိသည့္ ေရႊ႕ေျပာင္းျမန္မာ အလုပ္သမားအမ်ားစုမွာ ပန္းရံ၊ သံခ်ည္သံေကြးႏွင့္ လက္သမားအလုပ္မ်ား လုပ္ကိုင္လွ်က္ရွိရာ အပူဒဏ္လြန္ကဲသည့္ အယ္နီညိဳရာသီဥတု ထုတ္ျပန္ထားသျဖင့္ ေရဓာတ္ခမ္းေျခာက္မႈမျဖစ္ေစရန္ႏွင့္ ေနပူအတြင္း ပင္ပန္းစြာ အလုပ္လုပ္ကိုင္ျခင္းအား ေရွာင္ရွားသင့္ေၾကာင္း ဆရာဝန္မ်ားက သတိေပးလိုက္သည္။

"အပူခ်ိန္လြန္ကဲတဲ့ ရာသီဥတုျဖစ္ေပၚေနတဲ့အတြက္ ကေလးေတြနဲ႔ လူႀကီးေတြ သတိထားသင့္တယ္။ ကေလးေတြက အေဆာ့လြန္ၿပီး ေရဓာတ္ခမ္းလို႔ မူးလဲတာတို႔ အပူရွပ္ၿပီးဖ်ားတာေတြျဖစ္ႏိုင္တယ္ ။လူႀကီးေတြကေတာ့ ေသြးတိုးေတြဘာေတြရွိရင္ ပိုဆင္ျခင္သင့္တယ္"ဟု တာခ်ီလိတ္ၿမိဳ႕ ေအာင္ေဆးခန္းပိုင္ရွင္ ေဒါက္တာျမင့္ေအာင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယခင္ႏွစ္မ်ားအတြင္း ေန႔အပူခ်ိန္ (၃၄)ဒီဂရီစင္တီဂရိတ္သာရွိေသာ္လည္း ယခု မတ္လ တတိယပတ္အတြင္း ေန႔အပူခ်ိန္ (၃၇)ဒီဂရီစင္တီဂရိတ္ထိျမင့္တက္လာေၾကာင္းႏွင့္ အပူခ်ိန္(၄၀)ဒီဂရီစင္တီဂရိတ္အထိ ပိုမိုျမင့္တက္လာႏိုင္သည္ဟု မိုးေလ၀သခန္႔မွန္းသည့္ အင္တာနက္၀က္ဆိုဒ္မ်ား မွ သိရသည္။

သတင္း။  ။ ကိုဇက္
*************

တာချီလိတ်၊ မတ်လ (၂၀) ရက်။ ရှမ်းပြည်နယ်အတွင်း ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း လွန်ကဲသောအဆင့်(Extreme Level) ရောက်နေသဖြင့် ကာယလုပ်သားများ၊ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ အလုပ်လုပ်ကိုင်သူများ ရေဓာတ်ခမ်းခြောက်မှုလက္ခဏာနှင့် အရပြေားရောဂါများဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဝန်ဆောင်မှု ပေးနေသူများထံမှသိရသည်။

"နေပူထဲမှာ အလုပ်လုပ်နေတဲ့သူတွေဆို အရပြေားမှာ အနီစက်တွဖြေစ်လာတတ်တယ်။ နောက်ပြီး တင်းတိတ်တို့လိုမျိုးတွေ ထွက်လာတတ်တယ်။ အလုပ်ကြမ်းလုပ်တဲ့သူတွေဆို ရေဓာတ်ခမ်းခြောက်လို့ သွေးပေါင်ကျပြီး မူးတာတွဖြေစ်နိုင်တယ်"ဟု တာချီလိတ်မြို့ ငွကြေယ်စင် ဆေးခန်းမှ ဒေါက်တာပြည့်မြင့်မြတ်က ပြောသည်။

တာချီလိတ်တွင် အလုပ် လုပ်ကိုင်လျှက်ရှိသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားအများစုမှာ ပန်းရံ၊ သံချည်သံကွေးနှင့် လက်သမားအလုပ်များ လုပ်ကိုင်လျှက်ရှိရာ အပူဒဏ်လွန်ကဲသည့် အယ်နီညိုရာသီဥတု ထုတ်ပြန်ထားသဖြင့် ရေဓာတ်ခမ်းခြောက်မှုမဖြစ်စေရန်နှင့် နေပူအတွင်း ပင်ပန်းစွာ အလုပ်လုပ်ကိုင်ခြင်းအား ရှောင်ရှားသင့်ကြောင်း ဆရာဝန်များက သတိပေးလိုက်သည်။

မတ်လ(၁၅)ရက်နေ့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမှာ ရှမ်းပြည်နယ်အတွင်း ပိုမိုမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားပြီး (Extreme Level)ဖြစ်ပေါ်လျှက်ရှိသည်ဟု ထုတ်ပြန်ထားကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်ထံမှ သိရသည်။

"အပူချိန်လွန်ကဲတဲ့ ရာသီဥတုဖြစ်ပေါ်နေတဲ့အတွက် ကလေးတွေနဲ့ လူကြီးတွေ သတိထားသင့်တယ်။ ကလေးတွေက အဆော့လွန်ပြီး ရေဓာတ်ခမ်းလို့ မူးလဲတာတို့ အပူရှပ်ပြီးဖျားတာတွဖြေစ်နိုင်တယ်။လူကြီးတွေကတော့ သွေးတိုးတွေဘာတွေရှိရင် ပိုဆင်ခြင်သင့်တယ်"ဟု တာချီလိတ်မြို့ အောင်ဆေးခန်းပိုင်ရှင် ဒေါက်တာ မြင့်အောင်က ပြောသည်။

တာချီလိတ်မြို့တွင် ယခင်နှစ်များအတွင်း နေ့အပူချိန် (၃၄)ဒီဂရီစင်တီဂရိတ်သာရှိသော်လည်း ယခု မတ်လ တတိယပတ်အတွင်း နေ့အပူချိန် (၃၇)ဒီဂရီစင်တီဂရိတ်ထိမြင့်တက်လာကြောင်းနှင့် အပူချိန်(၄၀)ဒီဂရီစင်တီဂရိတ်အထိ ပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသခန့်မှန်းသည့် အင်တာနက်ဝက်ဆိုဒ်များ မှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~