ႏွစ္(၁၅၀)အထက္ ၾကာရွည္ခံႏိုင္သည့္ ကယားျပည္နယ္က ပထမဆံုး ေျမႀကီးအိမ္

ႏွစ္(၁၅၀)အထက္ ၾကာရွည္ခံႏိုင္သည့္ ကယားျပည္နယ္က ပထမဆံုး ေျမႀကီးအိမ္
မတ် 20, 2016
By Tachileik News Agency

ဒီေမာ့ဆို၊ မတ္လ (၂၀) ရက္။   ။ ကယားျပည္နယ္၊ ဒီေမာ့ဆိုၿမိဳ႕နယ္ ေဒၚဆုိေရွးေက်းရြာတြင္ ေပါင္းကူးအဖြဲ႔၏ ပံ့ပိုးမႈျဖင့္ ႏွစ္ေပါင္း(၁၅၀)အထက္ ၾကာရွည္စြာခံႏိုင္သည့္ ကယားျပည္နယ္တြင္း ပထမဦးဆံုး ရႊံ႕ေျမအိမ္ကို တည္ေဆာက္ ၿပီးစီးသြားၿပီျဖစ္ေၾကာင္း သိရသည္။

ရႊံ႕ေျမအိမ္မ်ားကို ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ မႏၱေလးတုိင္း၊ စစ္ကိုင္းတုိင္း၊ မေကြးတုိင္း၊ ပဲခူးတုိင္းတို႔တြင္ တည္ေဆာက္မႈမ်ား ရိွေသာ္လည္း ကယားျပည္နယ္တြင္ ပထမဆံုး တည္ေဆာက္ျခင္းျဖစ္ၿပီး အဆိုပါေနအိမ္အား မတ္လ၏ တတိယပတ္အစက အၿပီးသတ္ တည္ေဆာက္ႏုိင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီလုိအိမ္နဲ ့ေနမယ္ဆုိရင္ က်န္းမာေရးအတြက္ ခႏၶာကိုယ္အတြင္းက ေရဓာတ္ဆုံးရွံးမႈ မရွိေတာ့ဘူး။ ေလေကာင္း ေလသန္႔ရမယ္။ အျပင္ကလာတဲ့ အနံ႔အသက္ဆုိးေတြကို နံရံေတြက စုပ္ယူေပးတယ္။ အထူက ၁၀ လက္မရွိတဲ့ အတြက္ အပူဒဏ္ေတြက အတြင္းကို မေရာက္နုိင္ဘူး။ အရမ္းပူတဲ့အခ်ိန္ဆုိ အတြင္းမွာ ေအးျမေနၿပီး ေအးတဲ့ အခ်ိန္ဆုိ သူက အေႏြးဓာတ္ရတယ္။ ၿပီးေတာ့ ဒီလုိအိမ္မ်ိဳးဟာ ႏွစ္ေပါင္း (၁၅၀)အထက္ ခံနုိင္ၿပီး အိမ္ပုံစံကို မိမိတုိ ့တီထြင္နုိင္ရင္ တီထြင္နုိင္သေလာက္ လုပ္လုိ႔ရတယ္ “ဟု ေျမႀကီးအိမ္တည္ေဆာက္မႈ နည္းျပသင္တန္းဆရာ ကိုေဇာ္ညြန္႔က ေျပာသည္။

ရႊံ႕ေျမအိမ္၏ အားသာခ်က္မွာ သဲ၊ ေက်ာက္၊ ထုံး၊ သစ္ စသည္တုိ႔ကုိ ထုတ္လုပ္ သုံးစြဲရန္ မလုိအပ္သည့္အတြက္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းရာလည္းေရာက္သည္ဟု သိရသည္။

“ေဒသခံတစ္ေယာက္အေနနဲ႔ကေတာ့ အရမ္းကိုစိတ္၀င္စားတယ္။ တကယ္လည္း သူတို ့လုပ္တာ ေအာင္ျမင္တယ္။ ကၽြန္ေတာ္ေတာင္ အိမ္ေဆာက္ရင္ ဒီလုိေျမအိမ္ကိုပဲေဆာက္ဖုိ ့စိတ္ကူးထားလုိက္တယ္။ ”ဟု ေဒသခံတစ္ဦးျဖစ္သူ ကုိေဂ်ရုမ္းကေျပာသည္။

ရႊံ႕အိမ္တစ္လံုးတည္ေဆာက္ရန္ ေဒသေပၚမူတည္ၿပီး က်ပ္သိန္း (၂၀) မွ (၂၅) သိန္းအထိ ကုန္က်မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေနေလး
****************

( unicode )

ဒီမော့ဆို၊ မတ်လ (၂၀) ရက်။ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ဒေါ်ဆိုရှေးကျေးရွာတွင် ပေါင်းကူးအဖွဲ့၏ ပံ့ပိုးမှုဖြင့် နှစ်ပေါင်း(၁၅၀)အထက် ကြာရှည်စွာခံနိုင်သည့် ကယားပြည်နယ်တွင်း ပထမဦးဆုံး ရွှံ့မြေအိမ်ကို တည်ဆောက် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ရွှံ့မြေအိမ်များကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့တွင် တည်ဆောက်မှုများ ရှိသော်လည်း ကယားပြည်နယ်တွင် ပထမဆုံး တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါနေအိမ်အား မတ်လ၏ တတိယပတ်အစက အပြီးသတ် တည်ဆောက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလိုအိမ်နဲ့နေမယ်ဆိုရင် ကျန်းမာရေးအတွက် ခန္ဓာကိုယ်အတွင်းက ရေဓာတ်ဆုံးရှံးမှု မရှိတော့ဘူး။ လေကောင်း လေသန့်ရမယ်။ အပြင်ကလာတဲ့ အနံ့အသက်ဆိုးတွေကို နံရံတွေက စုပ်ယူပေးတယ်။ အထူက ၁၀ လက်မရှိတဲ့ အတွက် အပူဒဏ်တွေက အတွင်းကို မရောက်နိုင်ဘူး။ အရမ်းပူတဲ့အချိန်ဆို အတွင်းမှာ အေးမြနပြေီး အေးတဲ့ အချိန်ဆို သူက အနွေးဓာတ်ရတယ်။ ပြီးတော့ ဒီလိုအိမ်မျိုးဟာ နှစ်ပေါင်း (၁၅၀)အထက် ခံနိုင်ပြီး အိမ်ပုံစံကို မိမိတို့တီထွင်နိုင်ရင် တီထွင်နိုင်သလောက် လုပ်လို့ရတယ် “ဟု မြကြေီးအိမ်တည်ဆောက်မှု နည်းပြသင်တန်းဆရာ ကိုဇော်ညွန့်က ပြောသည်။

ရွှံ့မြေအိမ်၏ အားသာချက်မှာ သဲ၊ ကျောက်၊ ထုံး၊ သစ် စသည်တို့ကို ထုတ်လုပ် သုံးစွဲရန် မလိုအပ်သည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်းရောက်သည်ဟု သိရသည်။

“ဒေသခံတစ်ယောက်အနေနဲ့ကတော့ အရမ်းကိုစိတ်ဝင်စားတယ်။ တကယ်လည်း သူတို့လုပ်တာ အောင်မြင်တယ်။ ကျွန်တော်တောင် အိမ်ဆောက်ရင် ဒီလိုမြေအိမ်ကိုပဲဆောက်ဖို့စိတ်ကူးထားလိုက်တယ်။ ”ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုဂျေရုမ်းကပြောသည်။

ရွှံ့အိမ်တစ်လုံးတည်ဆောက်ရန် ဒေသပေါ်မူတည်ပြီး ကျပ်သိန်း (၂၀) မှ (၂၅) သိန်းအထိ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ နေလေး

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~