က်ဳိင္းတံုၿမိဳ႕အား လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေနသည့္ ေရအားလွ်ပ္စစ္ စက္ရံုမ်ား ေရမလံုေလာက္

က်ဳိင္းတံုၿမိဳ႕အား လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေနသည့္ ေရအားလွ်ပ္စစ္ စက္ရံုမ်ား ေရမလံုေလာက္
မတ် 14, 2016
By Tachileik News Agency


က်ိဳင္းတံု၊ မတ္လ (၁၄) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕အား လွ်ပ္စစ္မီးျဖန္႔ျဖဴးေနသည့္ ေရအားလွ်ပ္စစ္စက္ရံုမွာ ေႏြရာသီ ေရမလံုေလာက္သျဖင့္ ရပ္ကြက္မ်ားအား အလွည့္က်မီးေပးစနစ္ကို မတ္လအတြင္းမွ စတင္ လုပ္ေဆာင္ေနရေၾကာင္း က်ိဳင္းတုံစြမ္းအင္ကုမၸဏီလီမိတက္မွ သိရသည္။

"ေႏြရာသီေရာက္ေတာ့မယ္ဆိုေတာ့ ေရေတြကနည္းလာတဲ့အတြက္ ေရအားလွ်ပ္စစ္ေတြက မီးအားကို လိုသေလာက္မရႏိုင္ဘူး။ ဒါေၾကာင့္ က်ိဳင္းတုံကို မီးေပးတဲ့အခါမွာ အလွည့္က်စနစ္ေလးနဲ႔ မီးစက္ရယ္ ေရအားလွ်ပ္စစ္ကရတဲ့မီး ႏွစ္ခုမွ်ၿပီးေပးေနရတယ္။ ၀န္အားနဲ႔ စက္အားကမမွ်ေတာ့ဘူးေပါ့"ဟု က်ိဳင္းတုံ စြမ္းအင္ကုမၸဏီလီမိတက္မွ ခြဲရံုမႈး ဦးစိုင္းလုံလွ်န္းက ေျပာသည္။

က်ိဳင္းတံုၿမိဳ႕အား က်ိဳင္းတံုစြမ္းအင္ကုမၸဏီလီမိတက္မွ လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးေပးေနျခင္းျဖစ္ၿပီး ေရအား ရရိွမႈနည္းသည့္ ဒီဇင္ဘာလမွ ဧၿပီလအတြင္း ၿမိဳ႕တြင္းျဖန္႔ျဖဴးရန္ လံုေလာက္သည့္ လွ်ပ္စစ္ဓာတ္အား မထုတ္ႏုိင္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕အား လွ်ပ္စစ္မီးေပးေနသည့္ ေရအားလွ်ပ္စစ္အား က်ိဳင္းတံုၿမိဳ႕နယ္၊ မိုင္းခြန္အုပ္စု အတြင္း တည္ေဆာက္ထားျခင္းျဖစ္ၿပီး မိုးရာသီတြင္သာ လွ်ပ္စစ္မီး ပံုမွန္ရရွိကာ ေႏြရာသီႏွင့္ေဆာင္းရာသီတြင္ လွ်ပ္စစ္မီးမွာ ပံုမွန္ရရွိမႈ မရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

"ဟိုတယ္မွာမီးက လုံး၀မလာတာေတာ့ မ႐ိွပါဘူး။ ေန႔တိုင္းေတာ့လာပါတယ္။ ဒါေပမဲ့ လာတဲ့အခ်ိန္က ပုံမွန္မ႐ိွဘူးေပါ့။ ေန႔လာရင္ ညမလာဘူး။ ညလာရင္ ေန႔မလာဘူးေပါ့။ ဒါေၾကာင့္ မီးစက္နဲ႔ ဆိုလာတို႔ကို တပ္ထားၿပီးေတာ့ လုပ္ငန္းလည္ပတ္ေနရပါတယ္။"ဟု ေရႊကမၻာဟိုတယ္မွ မစန္းစန္းဦးက ေျပာသည္။

က်ိဳင္းတံုၿမိဳ႕တြင္ မီးပံုမွန္ မရရွိသည့္အတြက္ ေဒသတြင္း လုပ္ငန္းမ်ား ကုန္က်စားရိတ္မ်ားသျဖင့္ ဖြံ႕ၿဖိဳးမႈ နည္းေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

"ေဒသတစ္ခုမွာ လွ်ပ္စစ္မီးလံုေလာက္မႈမရွိရင္ ဘာမွမတိုးတက္ဘူး။ အခု ကၽြန္ေတာ္တို႔ က်ိဳင္းတံုနဲ႔ တာခ်ီလိတ္ပဲ ႏွိဳင္းယွဥ္ၾကည့္လိုက္။ တာခ်ီလိတ္ၿမိဳ႕က လွ်ပ္စစ္မီးေတြနဲ႔ ထိန္ထိန္လင္းေနတဲ့အခ်ိန္ ကၽြန္ေတာ္တို႔ၿမိဳ႕ ည(၈)နာရီဆို လူေျခတိတ္ေနၿပီ။ တာခ်ီလိတ္ေလာက္ မတိုးတက္ဘူး ဒါမ်က္ျမင္ပဲေလ"ဟု ေဒသခံတစ္ဦးက ေျပာသည္။

က်ိဳင္းတုံစြမ္းအင္ကုမၸဏီလိမိတက္မွ က်ိဳင္းတံုၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးရန္ ဒီဇယ္မီးစက္ႀကီး(၂)လုံးႏွင့္ ေရအားလွ်ပ္စစ္(၄)ခုတို႔ျဖင့္ ျဖန္႔ျဖဴးေပးေနျခင္းျဖစ္ၿပီး အိမ္သုံးကို တစ္ယူနစ္လွ်င္(၁၀၀)က်ပ္ႏွင့္ လုပ္ငန္းသုံး တစ္ယူနစ္လွ်င္ (၁၆၀)က်ပ္ႏႈန္းျဖင့္ ေကာက္ခံလွ်က္႐ိွေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
*********
( unicode )
ကျိုင်းတုံ၊ မတ်လ (၁၄) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့အား လျှပ်စစ်မီးဖြန့်ဖြူးနေသည့် ရေအားလျှပ်စစ်စက်ရုံမှာ နွေရာသီ ရေမလုံလောက်သဖြင့် ရပ်ကွက်များအား အလှည့်ကျမီးပေးစနစ်ကို မတ်လအတွင်းမှ စတင် လုပ်ဆောင်နေရကြောင်း ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမိတက်မှ သိရသည်။
"နွေရာသီရောက်တော့မယ်ဆိုတော့ ရေတွေကနည်းလာတဲ့အတွက် ရေအားလျှပ်စစ်တွေက မီးအားကို လိုသလောက်မရနိုင်ဘူး။ ဒါကြောင့် ကျိုင်းတုံကို မီးပေးတဲ့အခါမှာ အလှည့်ကျစနစ်လေးနဲ့ မီးစက်ရယ် ရေအားလျှပ်စစ်ကရတဲ့မီး နှစ်ခုမျှပြီးပေးနေရတယ်။ ဝန်အားနဲ့ စက်အားကမမျှတော့ဘူးပေါ့"ဟု ကျိုင်းတုံ စွမ်းအင်ကုမ္ပဏီလီမိတက်မှ ခွဲရုံမှုး ဦးစိုင်းလုံလျှန်းက ပြောသည်။
ကျိုင်းတုံမြို့အား ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမိတက်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနခြေင်းဖြစ်ပြီး ရေအား ရရှိမှုနည်းသည့် ဒီဇင်ဘာလမှ ဧပြီလအတွင်း မြို့တွင်းဖြန့်ဖြူးရန် လုံလောက်သည့် လျှပ်စစ်ဓာတ်အား မထုတ်နိုင်ကြောင်း သိရသည်။
ကျိုင်းတုံမြို့အား လျှပ်စစ်မီးပေးနေသည့် ရေအားလျှပ်စစ်အား ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်အုပ်စု အတွင်း တည်ဆောက်ထားခြင်းဖြစ်ပြီး မိုးရာသီတွင်သာ လျှပ်စစ်မီး ပုံမှန်ရရှိကာ နွေရာသီနှင့်ဆောင်းရာသီတွင် လျှပ်စစ်မီးမှာ ပုံမှန်ရရှိမှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။
"ဟိုတယ်မှာမီးက လုံးဝမလာတာတော့ မရှိပါဘူး။ နေ့တိုင်းတော့လာပါတယ်။ ဒါပေမဲ့ လာတဲ့အချိန်က ပုံမှန်မရှိဘူးပေါ့။ နေ့လာရင် ညမလာဘူး။ ညလာရင် နေ့မလာဘူးပေါ့။ ဒါကြောင့် မီးစက်နဲ့ ဆိုလာတို့ကို တပ်ထားပြီးတော့ လုပ်ငန်းလည်ပတ်နေရပါတယ်။"ဟု ရွှေကမ္ဘာဟိုတယ်မှ မစန်းစန်းဦးက ပြောသည်။
ကျိုင်းတုံမြို့တွင် မီးပုံမှန် မရရှိသည့်အတွက် ဒေသတွင်း လုပ်ငန်းများ ကုန်ကျစားရိတ်များသဖြင့် ဖွံ့ဖြိုးမှု နည်းနေကြောင်း ဒေသခံများက ဆိုသည်။
"ဒေသတစ်ခုမှာ လျှပ်စစ်မီးလုံလောက်မှုမရှိရင် ဘာမှမတိုးတက်ဘူး။ အခု ကျွန်တော်တို့ ကျိုင်းတုံနဲ့ တာချီလိတ်ပဲ နှိုင်းယှဉ်ကြည့်လိုက်။ တာချီလိတ်မြို့က လျှပ်စစ်မီးတွေနဲ့ ထိန်ထိန်လင်းနေတဲ့အချိန် ကျွန်တော်တို့မြို့ ည(၈)နာရီဆို လူခြေတိတ်နပြေီ။ တာချီလိတ်လောက် မတိုးတက်ဘူး ဒါမျက်မြင်ပဲလေ"ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလိမိတက်မှ ကျိုင်းတုံမြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် ဒီဇယ်မီးစက်ကြီး(၂)လုံးနှင့် ရေအားလျှပ်စစ်(၄)ခုတို့ဖြင့် ဖြန့်ဖြူးပေးနခြေင်းဖြစ်ပြီး အိမ်သုံးကို တစ်ယူနစ်လျှင်(၁၀၀)ကျပ်နှင့် လုပ်ငန်းသုံး တစ်ယူနစ်လျှင် (၁၆၀)ကျပ်နှုန်းဖြင့် ကောက်ခံလျှက်ရှိကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~