က်ဳိင္းတံု၌ ေႏြစပါးရာသီခ်ိန္အတြင္း ေစ်းသက္သာသည့္ တ႐ုတ္ဓာတ္ေျမဩဇာကိုသာ အဓိက အသံုးျပဳ

က်ဳိင္းတံု၌ ေႏြစပါးရာသီခ်ိန္အတြင္း ေစ်းသက္သာသည့္ တ႐ုတ္ဓာတ္ေျမဩဇာကိုသာ အဓိက အသံုးျပဳ
မတ် 26, 2016
By Tachileik News Agency

က်ိဳင္းတံု၊ မတ္လ (၂၆) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕တြင္ ေႏြစပါးရာသီအတြင္း ထိုင္းႏိုင္ငံထုတ္ ဓါတ္ေျမၾသဇာထက္ ေစ်းသက္သာသည့္ တရုတ္ႏိုင္ငံထုတ္ ဓာတ္ေျမဩဇာမ်ား ေရာင္းအားေကာင္းေနေၾကာင္း သိရသည္။

"က်ဳိင္းတံုမွာ အရင္ကလို စိုက္ပ်ဳိးေျမ သိပ္မေကာင္းေတာ့လို႔ ေတာင္သူေတြအေနနဲ႔ ဓာတ္ေျမဩဇာ သံုးစြဲတာမ်ားလာခဲ့ပါတယ္။ ဒီမွာ သံုးစြဲတာကေတာ့ တ႐ုတ္၊ ထိုင္း၊ ျမန္မာဆိုၿပီး သံုးမ်ဳိးရိွတာေပါ့။ ဒီကေတာင္သူေတြကေတာ့ ေစ်းေပါတဲ့ တ႐ုတ္ဓာတ္ေျမဩဇာပဲ အသံုးမ်ားတယ္ " ဟု ဓာတ္ေျမဩဇာ ေရာင္းခ်ေနသူ ဦးစိုင္းဆမ္က ေျပာသည္။

ေတာင္သူမ်ားအေနျဖင့္ ဓာတ္ေျမဩဇာထက္ သဘာဝေျမဩဇာကို အသံုးျပဳလိုေသာ္လည္း သဘာဝေျမဩဇာရွားပါးေနေၾကာင္း သိရသည္။

" ဒီဓာတ္ေျမဩဇာေတြသံုးရင္ သီးႏွံအထြက္ေကာင္းလာေပမဲ့ ေျမပ်က္စီးသြားမယ္ဆိုတာ ဝယ္တဲ့သူလည္း သိသလို ေရာင္းခ်ေနတဲ့သူလည္း သိတာပဲ။ ဒါေပမဲ့ ဓာတ္ေျမဩဇာသံုးေနရတယ္ဆိုတာ အရင္ကလို သဘာဝေျမဩဇာလည္း မေပါေတာ့ဘူး။ မတတ္ႏိုင္တဲ့အဆံုးသံုးေနရေပမဲ့ သဘာဝေျမဩဇာပဲ သံုးခ်င္ပါတယ္ " ဟု ေတာင္သူတစ္ဦးျဖစ္သည့္ ဦးအားဂါက ေျပာသည္။

ဓါတ္ေျမဩဇာမ်ား ဝယ္ယူအသံုးျပဳရာတြင္ ေတာင္သူအမ်ားစုမွာ အေႂကြးစနစ္ျဖင့္ ဝယ္ယူၿပီး စပါးေပၚသည့္ရာသီမွ ေငြျပန္ဆပ္ၾကျခင္းျဖစ္ေၾကာင္းသိရသည္။

" ဒီက ေတာင္သူအမ်ားပိုင္းက ေျမဩဇာသံုးဖို႔ သိပ္မတတ္ႏိုင္ၾကဘူး။ တခ်ဳိ႕ကလည္း အေႂကြးလာယူၿပီး စပါးေပၚမွ ျပန္ဆပ္တယ္။ တခ်ဳိ႕ကလည္း အေႂကြးယူၿပီး မဆပ္ႏိုင္လို႔ တစ္ႏွစ္၊ ႏွစ္ႏွစ္ထိ ျပန္ေတာင္းမရတာရိွတယ္။ ကြၽန္ေတာ့္ဆီကို လာဝယ္တဲ့သူေတြကို ဝန္ေဆာင္မႈအေနနဲ႔ လုပ္ေဆာင္ေပးတာကေတာ့ ဝယ္တဲ့အိတ္ေရမ်ားရင္ ေနရာ အေရာက္လိုက္ပို႔ေပးပါတယ္။ " ဟု ဦးစိုင္းဆမ္က ေျပာသည္။

က်ဳိင္းတံုတြင္ ေရာင္းခ်လ်က္ရိွေသာ ကြန္ေပါင္း၊ ပုလဲ၊ တီစူပါဟူ၍ ဓာတ္ေျမဩဇာ (၃) မ်ိဳးရိွၿပီး ကြန္ေပါင္းဓာတ္ေျမဩဇာမွာ ေျမပ်က္စီးမႈကို ဆိုးရြားစြာ မျဖစ္ေစဘဲ သက္သာေစသည္ဟု ေဒသခံမ်ားက နားလည္ထားၾကသည့္အတြက္ ကြန္ေပါင္းဓာတ္ေျမဩဇာ ဝယ္ယူအသံုးျပဳမႈ မ်ားေနၿပီး ပိုးသတ္ေဆး တခ်ဳိ႕လည္း တြဲဖက္ေရာင္းခ်လွ်က္ရိွေၾကာင္း သိရသည္။

" စပါးစိုက္တဲ့သူေတြက အိတ္နဲ႔ အမ်ားႀကီးဝယ္ၾကေပမဲ့ တခ်ဳိ႕ေတာင္သူေတြက အာလူး၊ မုန္ညင္း၊ ၾကက္သြန္ျဖဴ စတာေတြစိုက္ဖို႔ လိုအပ္သေလာက္ပဲ ကီလိုနဲ႔ လာဝယ္ၾကတယ္။ ပိုးသတ္ေဆးနဲ႔ ဓာတ္ေျမဩဇာ အသံုးျပဳပံုေတြကို ကြၽန္မတို႔ကရွင္းျပၿပီးမွ ေရာင္းတာပါ။ " ဟု ေရႊနဂါး စိုက္ပ်ဳိးေရးပစၥည္း အေရာင္းဆိုင္မွ ေဒၚခ်ယ္ရီက ေျပာသည္။

တ႐ုတ္ဓာတ္ေျမဩဇာမ်ားကို မိုင္းလားမွ တင္သြင္းၿပီး ထိုင္းဓာတ္ေျမဩဇာမ်ားကို တာခ်ီလိတ္မွ တင္သြင္း၍ ျမန္မာဓာတ္ေျမဩဇာမ်ားကို ေတာင္ႀကီးမွ ဝယ္ယူေၾကာင္းသိရသည္။

လက္ရိွတြင္ တ႐ုတ္ဓာတ္ေျမဩဇာတစ္အိတ္လွ်င္ က်ပ္ (၁၃,၀၀၀) ရိွၿပီး ထိုင္းဓာတ္ေျမဩဇာ တစ္အိတ္လွ်င္ က်ပ္ (၃၃,၀၀၀) ထိေစ်းႏႈန္းမ်ားရိွေနေၾကာင္း သိရသည္။

သတင္း။  ။ ဇင္ေအာင္

****************

( unicode )

ကျိုင်းတုံ၊ မတ်လ (၂၆) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် နွေစပါးရာသီအတွင်း ထိုင်းနိုင်ငံထုတ် ဓာတ်မြသြေဇာထက် ဈေးသက်သာသည့် တရုတ်နိုင်ငံထုတ် ဓာတ်မြေဩဇာများ ရောင်းအားကောင်းနေကြောင်း သိရသည်။

"ကျိုင်းတုံမှာ အရင်ကလို စိုက်ပျိုးမြေ သိပ်မကောင်းတော့လို့ တောင်သူတွေအနေနဲ့ ဓာတ်မြေဩဇာ သုံးစွဲတာများလာခဲ့ပါတယ်။ ဒီမှာ သုံးစွဲတာကတော့ တရုတ်၊ ထိုင်း၊ မြန်မာဆိုပြီး သုံးမျိုးရှိတာပေါ့။ ဒီကတောင်သူတွေကတော့ ဈေးပေါတဲ့ တရုတ်ဓာတ်မြေဩဇာပဲ အသုံးများတယ် " ဟု ဓာတ်မြေဩဇာ ရောင်းချနေသူ ဦးစိုင်းဆမ်က ပြောသည်။

တောင်သူများအနဖြေင့် ဓာတ်မြေဩဇာထက် သဘာဝမြေဩဇာကို အသုံးပြုလိုသော်လည်း သဘာဝမြေဩဇာရှားပါးနေကြောင်း သိရသည်။

" ဒီဓာတ်မြေဩဇာတွေသုံးရင် သီးနှံအထွက်ကောင်းလာပေမဲ့ မြေပျက်စီးသွားမယ်ဆိုတာ ဝယ်တဲ့သူလည်း သိသလို ရောင်းချနေတဲ့သူလည်း သိတာပဲ။ ဒါပေမဲ့ ဓာတ်မြေဩဇာသုံးနေရတယ်ဆိုတာ အရင်ကလို သဘာဝမြေဩဇာလည်း မပေါတော့ဘူး။ မတတ်နိုင်တဲ့အဆုံးသုံးနေရပေမဲ့ သဘာဝမြေဩဇာပဲ သုံးချင်ပါတယ် " ဟု တောင်သူတစ်ဦးဖြစ်သည့် ဦးအားဂါက ပြောသည်။

ဓာတ်မြေဩဇာများ ဝယ်ယူအသုံးပြုရာတွင် တောင်သူအများစုမှာ အကြွေးစနစ်ဖြင့် ဝယ်ယူပြီး စပါးပေါ်သည့်ရာသီမှ ငွပြေန်ဆပ်ကြခြင်းဖြစ်ကြောင်းသိရသည်။

" ဒီက တောင်သူအများပိုင်းက မြေဩဇာသုံးဖို့ သိပ်မတတ်နိုင်ကြဘူး။ တချို့ကလည်း အကြွေးလာယူပြီး စပါးပေါ်မှ ပြန်ဆပ်တယ်။ တချို့ကလည်း အကြွေးယူပြီး မဆပ်နိုင်လို့ တစ်နှစ်၊ နှစ်နှစ်ထိ ပြန်တောင်းမရတာရှိတယ်။ ကျွန်တော့်ဆီကို လာဝယ်တဲ့သူတွေကို ဝန်ဆောင်မှုအနေနဲ့ လုပ်ဆောင်ပေးတာကတော့ ဝယ်တဲ့အိတ်ရေများရင် နေရာ အရောက်လိုက်ပို့ပေးပါတယ်။ " ဟု ဦးစိုင်းဆမ်က ပြောသည်။

ကျိုင်းတုံတွင် ရောင်းချလျက်ရှိသော ကွန်ပေါင်း၊ ပုလဲ၊ တီစူပါဟူ၍ ဓာတ်မြေဩဇာ (၃) မျိုးရှိပြီး ကွန်ပေါင်းဓာတ်မြေဩဇာမှာ မြေပျက်စီးမှုကို ဆိုးရွားစွာ မဖြစ်စေဘဲ သက်သာစေသည်ဟု ဒေသခံများက နားလည်ထားကြသည့်အတွက် ကွန်ပေါင်းဓာတ်မြေဩဇာ ဝယ်ယူအသုံးပြုမှု များနပြေီး ပိုးသတ်ဆေး တချို့လည်း တွဲဖက်ရောင်းချလျှက်ရှိကြောင်း သိရသည်။

" စပါးစိုက်တဲ့သူတွေက အိတ်နဲ့ အများကြီးဝယ်ကြပေမဲ့ တချို့တောင်သူတွေက အာလူး၊ မုန်ညင်း၊ ကြက်သွန်ဖြူ စတာတွေစိုက်ဖို့ လိုအပ်သလောက်ပဲ ကီလိုနဲ့ လာဝယ်ကြတယ်။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာ အသုံးပြုပုံတွေကို ကျွန်မတို့ကရှင်းပြပြီးမှ ရောင်းတာပါ။ " ဟု ရွှေနဂါး စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်မှ ဒေါ်ချယ်ရီက ပြောသည်။

တရုတ်ဓာတ်မြေဩဇာများကို မိုင်းလားမှ တင်သွင်းပြီး ထိုင်းဓာတ်မြေဩဇာများကို တာချီလိတ်မှ တင်သွင်း၍ မြန်မာဓာတ်မြေဩဇာများကို တောင်ကြီးမှ ဝယ်ယူကြောင်းသိရသည်။

လက်ရှိတွင် တရုတ်ဓာတ်မြေဩဇာတစ်အိတ်လျှင် ကျပ် (၁၃,ဝဝဝ) ရှိပြီး ထိုင်းဓာတ်မြေဩဇာ တစ်အိတ်လျှင် ကျပ် (၃၃,ဝဝဝ) ထိဈေးနှုန်းများရှိနေကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~ေၾကာ္ျငာ ~~~~~~~