ႏိုင္ငံေတာ္သမၼတဦးထင္ေက်ာ္အား ဂုဏ္ျပဳႀကိဳဆိုကာ တာခ်ီလိတ္၌ ပိုစတာစိုက္ထူ

ႏိုင္ငံေတာ္သမၼတဦးထင္ေက်ာ္အား ဂုဏ္ျပဳႀကိဳဆိုကာ တာခ်ီလိတ္၌ ပိုစတာစိုက္ထူ
မတ် 23, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၂၃) ရက္ ။ ။ ႏိုင္ငံေတာ္ သမၼတ ဦးထင္ေက်ာ္အား ဂုဏ္ျပဳႀကိဳဆိုသည့္ အေနႏွင့္ ေျမစိုက္ ဆိုင္းဘုတ္ပိုစတာစိုက္ထူပြဲအား တာခ်ီလိတ္ၿမိဳ႕၊ ရွမ္းရိုးမကြင္းတြင္ ေဒသခံလူမႈအဖြဲ႕အစည္းႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီတို႔မွ မတ္လ(၂၃)ရက္ေန႔တြင္ က်င္းပေၾကာင္း သိရသည္။

"လာမယ့္အစိုးရသက္တမ္းအတြင္းမွာ သမၼတႀကီးကို အားျဖစ္ေစဖို႔ ေစတနာနဲ႔ ျပည္သူေတြကလည္း လက္တြဲဖို႔အဆင့္သင့္ရွိတဲ့အေၾကာင္း ျပသတဲ့အေနနဲ႔ ဒီဗီြႏိုင္းစိုက္ထူပြဲေလးကို က်င္းပတာပါ။ သမၼတႀကီးသာ တာခ်ီလိတ္ကို ခရီးစဥ္အေနနဲ႔လာျဖစ္ခဲ့ရင္ တစ္ဘက္ထိုင္းႏိုင္ငံမွာေရာက္ေနတဲ့ ျမန္မာလူူမ်ိဳးေတြကို ကူညီေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္"ဟု ဗီြႏိုင္းစုိက္ထူပြဲက်င္းပေရးတာ၀န္ခံ ဦးတင့္ေဆြက ေျပာသည္။

ၿပီးခဲ့သည့္ အစိုးရအဖြ႔ဲမွ သမၼတဦးသိန္းစိန္အေနျဖင့္ တတ္စြမ္းသမွ် လုပ္ေဆာင္သြားခဲ့ေသာ္လည္း ျပည္သူမ်ား အားရေက်နပ္မႈမရွိခဲ့သျဖင့္ လာမည့္ အစိုးရအဖြဲ႕မွ သမၼတဦးထင္ေက်ာ္အား မ်ားစြာေမွ်ာ္လင့္မိၿပီး ျပည္သူမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္လွ်င္ ေအာင္ျမင္မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

"အခု ျပည္သူလူထုကတင္တဲ့ အစိိုးရနဲ႔ သမၼတျဖစ္ၿပီး ဒါကို ႀကိဳဆိုတဲ့အေနနဲ႔ ဒီပြဲကို တက္ေရာက္ခဲ့တာပါ။ ဒီပြဲကို တက္ေရာက္လို႔ သမၼတေဟာင္း ဦးသိန္းစိန္ကို မႀကိဳက္ဘူး မေျပာပါဘူး။ သူလည္း သူစြမ္းသေလာက္ လုပ္ခဲ့တာပဲ"ဟု ေရႊမဟာကိုယ္ပိုင္ အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ႀကီး ဦးခင္ေမာင္ျမင့္က ေျပာသည္။

၂၀၁၅ ေရႊးေကာက္ပြဲတြင္ တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက အႏုိင္ရရိွခဲ့ၿပီးေနာက္ စာေရးဆရာ မင္းသုဝဏ္၏သားျဖစ္သူ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း၏ ဥကၠဌလည္းျဖစ္သူ ဦးထင္ေက်ာ္အား ႏုိင္ငံေတာ္သမၼတအျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္က ေရြးခ်ယ္တင္ေျမွာက္ခဲ့ျခင္းျဖစ္သည္။

သမၼတဦးထင္ေက်ာ္သည္ လက္ရိွျပည္သူ ့လႊတ္ေတာ္ ႏိုင္ငံတကာဆက္ဆံေရးေကာ္မတီ ဥကၠ႒ ေဒၚစုစုလြင္၏ ခင္ပြန္းျဖစ္ၿပီး ၁၉၉၂ ခုနွစ္တြင္ အစုိးရဝန္ထမ္းအျဖစ္မွ ႏႈတ္ထြက္ကာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာ NLD ပါတီသုိ႔ ဝင္ေရာက္ခဲ့သူျဖစ္သည္။

ေဒၚေအာင္ဆန္းစုၾကည္၏ သံတမန္ေရးရာ အရာရွိလည္းျဖစ္သည့္အျပင္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္လည္းျဖစ္သည္။

ဦးထင္ေက်ာ္သည္ ဖခင္ျဖစ္သူ၏ ကေလာင္ခြဲျဖစ္ေသာ ဒလဘန္းအမည္ျဖင့္ သုတစာေပ၊ နုိင္ငံေရးစာေပ တုိ႕ကုိေရးသားခဲ့သည္။

သတင္း။  ။ ကိုဇက္
***********
( unicode )
တာချီလိတ်၊ မတ်လ (၂၃) ရက်။ နိုင်ငံတော် သမ္မတ ဦးထင်ကျော်အား ဂုဏ်ပြုကြိုဆိုသည့် အနေနှင့် မြေစိုက် ဆိုင်းဘုတ်ပိုစတာစိုက်ထူပွဲအား တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် ဒေသခံလူမှုအဖွဲ့အစည်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ မတ်လ(၂၃)ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။
"လာမယ့်အစိုးရသက်တမ်းအတွင်းမှာ သမ္မတကြီးကို အားဖြစ်စေဖို့ စေတနာနဲ့ ပြည်သူတွေကလည်း လက်တွဲဖို့အဆင့်သင့်ရှိတဲ့အကြောင်း ပြသတဲ့အနေနဲ့ ဒီဗွီနိုင်းစိုက်ထူပွဲလေးကို ကျင်းပတာပါ။ သမ္မတကြီးသာ တာချီလိတ်ကို ခရီးစဉ်အနေနဲ့လာဖြစ်ခဲ့ရင် တစ်ဘက်ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာလူမျိုးတွေကို ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်"ဟု ဗွီနိုင်းစိုက်ထူပွဲကျင်းပရေးတာဝန်ခံ ဦးတင့်ဆွေက ပြောသည်။
ပြီးခဲ့သည့် အစိုးရအဖွဲ့မှ သမ္မတဦးသိန်းစိန်အနဖြေင့် တတ်စွမ်းသမျှ လုပ်ဆောင်သွားခဲ့သော်လည်း ပြည်သူများ အားရကျေနပ်မှုမရှိခဲ့သဖြင့် လာမည့် အစိုးရအဖွဲ့မှ သမ္မတဦးထင်ကျော်အား များစွာမျှော်လင့်မိပြီး ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျှင် အောင်မြင်မည်ဖြစ်ကြောင်း၎င်းကဆိုသည်။
"အခု ပြည်သူလူထုကတင်တဲ့ အစိုးရနဲ့ သမ္မတဖြစ်ပြီး ဒါကို ကြိုဆိုတဲ့အနေနဲ့ ဒီပွဲကို တက်ရောက်ခဲ့တာပါ။ ဒီပွဲကို တက်ရောက်လို့ သမ္မတဟောင်း ဦးသိန်းစိန်ကို မကြိုက်ဘူး မပြောပါဘူး။ သူလည်း သူစွမ်းသလောက် လုပ်ခဲ့တာပဲ"ဟု ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးခင်မောင်မြင့်က ပြောသည်။
၂၀၁၅ ရွှေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့ပြီးနောက် စာရေးဆရာ မင်းသုဝဏ်၏သားဖြစ်သူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ဥက္ကဌလည်းဖြစ်သူ ဦးထင်ကျော်အား နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
သမ္မတဦးထင်ကျော်သည် လက်ရှိပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင်၏ ခင်ပွန်းဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိလည်းဖြစ်သည့်အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သည်။
ဦးထင်ကျော်သည် ဖခင်ဖြစ်သူ၏ ကလောင်ခွဲဖြစ်သော ဒလဘန်းအမည်ဖြင့် သုတစာပေ၊ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~