အယ္နီညိဳေၾကာင့္ ေရရွားပါးမႈ ႀကံဳႏုိင္သျဖင့္ တာခ်ီလိတ္ခရိုင္တြင္ ေႏြစပါးစိုက္ခ်ိန္ ေရလံုေလာက္ရန္ စီစဥ္

အယ္နီညိဳေၾကာင့္ ေရရွားပါးမႈ ႀကံဳႏုိင္သျဖင့္ တာခ်ီလိတ္ခရိုင္တြင္ ေႏြစပါးစိုက္ခ်ိန္ ေရလံုေလာက္ရန္ စီစဥ္
မတ် 13, 2016
By Tachileik News Agency
တာခ်ီလိတ္၊ မတ္လ (၁၃) ရက္ ။    ။ အယ္နီညိဳရာသီဥတုေၾကာင့္ ေရရွားပါးႏိုင္ေၾကာင္း ထုတ္ျပန္ထားခ်က္အရ တာခ်ီလိတ္ခရိုင္အတြင္း ေႏြစပါးစိုက္ပ်ိဳးခ်ိန္တြင္ လယ္ယာေျမမ်ားမွာ ေရအလုံအေလာက္ ရရွိႏိုင္ရန္ ေဆာင္ရြက္ေနေၾကာင္း တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။

“အခုလက္ရွိ အေနနဲ႔ ေရအခက္အခဲေတာ့ မရွိေသးပါဘူး။ အယ္နီညိဳလည္းရွိမယ္လို႔ သတိေပး ႏိႈးေဆာ္ထားပါတယ္။ ေနာက္လ ဧၿပီလေလာက္ ေရခန္းႏိုင္ေလာက္ပါတယ္။ အဲဒီအတြက္ တခ်ိဳ႕ ေခ်ာင္းနဲ႔ နီးတဲ့ေနရာေတြကို ေရေရာက္ေအာင္ ေဆာင္ရြက္ေစမွာပါ။ ေခ်ာင္းနဲ႔မနီးတဲ့ ေနရာေတြမွာေတာ့ ဘယ္လိုမွ မတတ္ႏိုင္ပါဘူး။ ဒါေပမဲ့ ေအာင္ႏိုင္ေျခဆိုတာရွိပါတယ္။ မတ္လကုန္မွာ စပါးထြက္ၿပီး ဧၿပီလမွာ သၾကၤန္ မိုးေလးရြာရင္ေတာ့ အခက္အခဲကို ေက်ာ္ႏိုင္မယ္ထင္ပါတယ္။”ဟု တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွ၀င္းက ေျပာသည္။



ေႏြစပါးကို တာခ်ီလိတ္ ၊ တာေလ ၊ က်ိဳင္းလပ္ ၊ မိုင္းျဖတ္ ၊ မိုင္းေယာင္း မွာ စိုက္ပ်ိဳးလွ်က္ရွိေၾကာင္း သိရသည္။



“တာခ်ီလိတ္ခရိုင္အတြင္းမွာ မိုင္းေယာင္းၿမိဳ႕က ေရေျမလည္း ေကာင္းတယ္။ ေဒသအေျခအေနလည္း ေကာင္းတယ္။ ေရာင္းအားလည္းေကာင္းတာေၾကာင့္ စပါးစိုက္ပ်ိဳးမႈမ်ားတယ္။ ဒီမွာေတာ့ ႏိုင္ငံျခားကို တရား၀င္တင္ပို႔ေရာင္းခ်ျခင္းေတာ့မရွိဘူး။ ဒါေပမဲ့ မိုင္းေယာင္းမွာ စပါးပိုတာေတြေတာ့ ရွိတယ္။ ပိုတဲ့စပါးေတြကို မိုင္းေယာင္းကေန မိုင္းလားကို ေရာင္းေနတာေတာ့ရွိတယ္။”ဟု ၎က ေျပာသည္။




တာခ်ီလိတ္ခရိုင္အေနျဖင့္ ေႏြစပါးအျဖစ္ ပုလဲသြယ္ကို အဓိကစိုက္ပ်ိဳးၿပီး ဆင္း-၃ ၊ ေရႊရင္ေအးတို႔ကိုလည္း စိုက္လွ်က္ရွိေၾကာင္း ၊ တာခ်ီလိတ္ခရိုင္အတြင္း ေႏြစပါးအမ်ိဳးအစား (၆၃၅)ဧက စိုက္ပ်ိဳးၿပီးစီးၿပီး   ယခုလက္ရွိ ေရရွားပါးမႈအခက္အခဲမရွိေသးေၾကာင္း တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရး ဦးစီးဌာနမွ သိရသည္။

သတင္း။  ။ ေဇာင္းညီ
************

( unicode) တာချီလိတ်၊ မတ်လ (၁၃) ရက်။ အယ်နီညိုရာသီဥတုကြောင့် ရေရှားပါးနိုင်ကြောင်း ထုတ်ပြန်ထားချက်အရ တာချီလိတ်ခရိုင်အတွင်း နွေစပါးစိုက်ပျိုးချိန်တွင် လယ်ယာမြေများမှာ ရေအလုံအလောက် ရရှိနိုင်ရန် ဆောင်ရွက်နေကြောင်း တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“အခုလက်ရှိ အနေနဲ့ ရေအခက်အခဲတော့ မရှိသေးပါဘူး။ အယ်နီညိုလည်းရှိမယ်လို့ သတိပေး နှိုးဆော်ထားပါတယ်။ နောက်လ ဧပြီလလောက် ရေခန်းနိုင်လောက်ပါတယ်။ အဲဒီအတွက် တချို့ ချောင်းနဲ့ နီးတဲ့နေရာတွေကို ရေရောက်အောင် ဆောင်ရွက်စေမှာပါ။ ချောင်းနဲ့မနီးတဲ့ နေရာတွေမှာတော့ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ ဒါပေမဲ့ အောင်နိုင်ခြေဆိုတာရှိပါတယ်။ မတ်လကုန်မှာ စပါးထွက်ပြီး ဧပြီလမှာ သင်္ကြန် မိုးလေးရွာရင်တော့ အခက်အခဲကို ကျော်နိုင်မယ်ထင်ပါတယ်။”ဟု တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက ပြောသည်။

နွေစပါးကို တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းဖြတ်၊ မိုင်းယောင်း မှာ စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

“တာချီလိတ်ခရိုင်အတွင်းမှာ မိုင်းယောင်းမြို့က ရေမြေလည်း ကောင်းတယ်။ ဒေသအခြေအနေလည်း ကောင်းတယ်။ ရောင်းအားလည်းကောင်းတာကြောင့် စပါးစိုက်ပျိုးမှုများတယ်။ ဒီမှာတော့ နိုင်ငံခြားကို တရားဝင်တင်ပို့ရောင်းချခြင်းတော့မရှိဘူး။ ဒါပေမဲ့ မိုင်းယောင်းမှာ စပါးပိုတာတွေတော့ ရှိတယ်။ ပိုတဲ့စပါးတွေကို မိုင်းယောင်းကနေ မိုင်းလားကို ရောင်းနေတာတော့ရှိတယ်။”ဟု၎င်းက ပြောသည်။

တာချီလိတ်ခရိုင်အနဖြေင့် နွေစပါးအဖြစ် ပုလဲသွယ်ကို အဓိကစိုက်ပျိုးပြီး ဆင်း-၃၊ ရွှေရင်အေးတို့ကိုလည်း စိုက်လျှက်ရှိကြောင်း၊ တာချီလိတ်ခရိုင်အတွင်း နွေစပါးအမျိုးအစား (၆၃၅)ဧက စိုက်ပျိုးပြီးစီးပြီး ယခုလက်ရှိ ရေရှားပါးမှုအခက်အခဲမရှိသေးကြောင်း တာချီလိတ်ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~