အေအးဒဏ္ေၾကာင့္ က်ဳိင္းတံု၌ အမ်ဳိးသားတစ္ဦး ေသဆံုး

အေအးဒဏ္ေၾကာင့္ က်ဳိင္းတံု၌ အမ်ဳိးသားတစ္ဦး ေသဆံုး
ဇန်နဝါရီ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမိဳ႕တြင္ အသက္ ၃၀ ၀န္းက်င္အရြယ္ ခရီးသြား အမ်ဳိးသားတစ္ဦး မိုးကာတဲ အတြင္း အိပ္ေနရာမွ အေအးဒဏ္ေၾကာင့္ ေသဆံုးမႈ ဇန္န၀ါရီလ(၂၆)ရက္ေန႔က ျဖစ္ပြားခဲ့ေၾကာင္း က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ သိရသည္။

"ကြ်န္ေတာ္တို႔ သိရသေလာက္ေတာ့ မိုင္းပ်ဥ္းမွာ အလုပ္သြားလုပ္တယ္လို႔ ေျပာတယ္။ မိုင္းပ်ဥ္းကေန ျပန္လာၿပီးေတာ့ တဲထဲမွာ ၀င္နားၿပီး အိပ္ရာကေန အခုလို ျဖစ္သြားတာျဖစ္မယ္။ သူ႔ကိုၾကည့္ရတာလည္း အေႏြးထည္လည္း မပါဘူး။ ေစာင္လည္းမပါဘူး"ဟု က်ဳိင္းတံုၿမိဳ႕ ႏွလံုးလွပိုင္ရွင္မ်ား (အခမဲ့) လူမႈကူညီေရးအသင္း ဥကၠဌ ဦးေက်ာ္သူေအာင္က ေျပာသည္။

က်ဳိင္းတံုၿမိဳ႕ႏွင့္ တံုတာအၾကားရွိ ရင္ကြဲေတာင္ မိုင္တိုင္(၃၇၈)၌ လုပ္သားမ်ား ေနထိုင္ျခင္း မရွိေတာ့သည့္ တဲအတြင္း ၂၀၁၆ခုႏွစ္ ဇန္န၀ါရီလ(၂၆)ရက္ နံနက္ပိုင္းက ေသဆံုးေနျခင္းျဖစ္ေၾကာင္း သိရသည္။

"အရင္က လုပ္သားေတြ ေနတယ္။ SAE က လုပ္သားေတြကို အရမ္းေအးလို႔ဆိုၿပီး အဲဒီေနရာမွာ မေနခိုင္းေတာ့ဘဲ ေနရာေတာင္ ေျပာင္းေနခိုင္းတယ္လို႔ ေျပာတယ္။ အလုပ္သမားေတြ ေျပာင္းေနတဲ့အခ်ိန္ သူလည္း လမ္းမွာ အရမ္းေအးလို႔ နားရင္း ၀င္အိပ္ရာကေန တစ္ညလံုးထင္တယ္။ ေနာက္ေန႔ နံနက္မွာ အခုလို ျဖစ္သြားတာျဖစ္မယ္" ဟု ဦးေက်ာ္သူေအာင္က ဆိုသည္။

အဆိုပါ မိုးကာတဲ နံေဘးတြင္ ေသဆံုးသူ၏ ေမာ္ေတာ္ဆိုင္ကယ္လည္း ရွိေနသည္ကို ေတြ႕ရၿပီး က်ဳိင္းတံုၿမိဳ႕မ ရဲစခန္းမွ ႏွလံုးလွပိုင္ရွင္မ်ား (အခမဲ့) လူမႈကူညီေရးအသင္းအား နာေရးကိစၥ ကူညီႏိုင္ရန္ အတြက္ ဇန္န၀ါရီလ(၂၆)ရက္ ညေန(၅)နာရီခြဲအခ်ိန္က အေၾကာင္းၾကားလာရာ အသင္းသားမ်ားက အေလာင္းအား သြားေရာက္ သယ္ေဆာင္လာၿပီး က်ဳိင္းတံုေဆးရံုသို႔ ည(၁၀)နာရီခြဲတြင္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ႏွင့္ ေသဆံုးသူသည္ စိုင္းထြန္းေအးျဖစ္ၿပီး ေနာင္ကန္ရြာတြင္ ေနထိုင္သူျဖစ္ေၾကာင္း ႏွလံုးလွပိုင္ရွင္မ်ား (အခမဲ့) လူမႈကူညီေရးအသင္းမွ သိရသည္။

က်ဳိင္းတံုခရိုင္ မိုင္းခတ္အေက်ာ္ လြယ္မီေတာင္ေပၚတြင္ ဇန္န၀ါရီလ(၂၅)ရက္ေန႔ နံနက္ပိုင္းက ေရခဲမႈမ်ားျဖစ္ခဲ့ၿပီး၊ ဇန္န၀ါရီလ(၂၆)ရက္ နံနက္ပိုင္းက (7°C )အထိရွိခဲ့သည္။

ဓာတ္ပံု။  ။ ႏွလံုးလွပိုင္ရွင္မ်ား (အခမဲ့) လူမႈကူညီေရးအသင္း(က်ဳိင္းတံု)
******************

( unicode )

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အသက် ၃၀ ဝန်းကျင်အရွယ် ခရီးသွား အမျိုးသားတစ်ဦး မိုးကာတဲ အတွင်း အိပ်နေရာမှ အအေးဒဏ်ကြောင့် သေဆုံးမှု ဇန်နဝါရီလ(၂၆)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

"ကျွန်တော်တို့ သိရသလောက်တော့ မိုင်းပျဉ်းမှာ အလုပ်သွားလုပ်တယ်လို့ ပြောတယ်။ မိုင်းပျဉ်းကနေ ပြန်လာပြီးတော့ တဲထဲမှာ ဝင်နားပြီး အိပ်ရာကနေ အခုလို ဖြစ်သွားတာဖြစ်မယ်။ သူ့ကိုကြည့်ရတာလည်း အနွေးထည်လည်း မပါဘူး။ စောင်လည်းမပါဘူး"ဟု ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်သူအောင်က ပြောသည်။

ကျိုင်းတုံမြို့နှင့် တုံတာအကြားရှိ ရင်ကွဲတောင် မိုင်တိုင်(၃၇၈)၌ လုပ်သားများ နေထိုင်ခြင်း မရှိတော့သည့် တဲအတွင်း ၂၀၁၆ခုနှစ် ဇန်နဝါရီလ(၂၆)ရက် နံနက်ပိုင်းက သေဆုံးနခြေင်းဖြစ်ကြောင်း သိရသည်။

"အရင်က လုပ်သားတွေ နေတယ်။ှဗြ က လုပ်သားတွေကို အရမ်းအေးလို့ဆိုပြီး အဲဒီနေရာမှာ မနေခိုင်းတော့ဘဲ နေရာတောင် ပြောင်းနေခိုင်းတယ်လို့ ပြောတယ်။ အလုပ်သမားတွေ ပြောင်းနေတဲ့အချိန် သူလည်း လမ်းမှာ အရမ်းအေးလို့ နားရင်း ဝင်အိပ်ရာကနေ တစ်ညလုံးထင်တယ်။ နောက်နေ့ နံနက်မှာ အခုလို ဖြစ်သွားတာဖြစ်မယ်" ဟု ဦးကျော်သူအောင်က ဆိုသည်။

အဆိုပါ မိုးကာတဲ နံဘေးတွင် သေဆုံးသူ၏ မော်တော်ဆိုင်ကယ်လည်း ရှိနေသည်ကို တွေ့ရပြီး ကျိုင်းတုံမြို့မ ရဲစခန်းမှ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေးအသင်းအား နာရေးကိစ္စ ကူညီနိုင်ရန် အတွက် ဇန်နဝါရီလ(၂၆)ရက် ညနေ(၅)နာရီခွဲအချိန်က အကြောင်းကြားလာရာ အသင်းသားများက အလောင်းအား သွားရောက် သယ်ဆောင်လာပြီး ကျိုင်းတုံဆေးရုံသို့ ည(၁၀)နာရီခွဲတွင် ပို့ဆောင်ပေးခဲ့ကြောင်း နှင့် သေဆုံးသူသည် စိုင်းထွန်းအေးဖြစ်ပြီး နောင်ကန်ရွာတွင် နေထိုင်သူဖြစ်ကြောင်း နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေးအသင်းမှ သိရသည်။

ကျိုင်းတုံခရိုင် မိုင်းခတ်အကျော် လွယ်မီတောင်ပေါ်တွင် ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက ရေခဲမှုများဖြစ်ခဲ့ပြီး၊ ဇန်နဝါရီလ(၂၆)ရက် နံနက်ပိုင်းက (၇°ဃ )အထိရှိခဲ့သည်။

ဓာတ်ပုံ။ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေးအသင်း(ကျိုင်းတုံ)
****************

เชียงตุง มีชาย(1)คนเสียชิวิต เพราะทนความหนาวไม่ไหว
................

เจ้าหน้าที่ เมืองเชียงตุงรายงานว่า เมื่อวันที่ 26.1.2016 ที่เมืองเชียงตุง ภาดตะวันออก ของเมืองไตย ได้มีชายวัย(30) นอนในกระท่อม ข้างทาง เสียงชิวิตเพราะ ทนความหนาวไม่ไหว

  กู้ภัยเมืองเชียงตุง นายจ่อตูอ่อง กล่าวว่า "เท่าที่ผมทราบ เขาไปทำงาน ที่เมืองเป็ง หลังกลับจากเมืองเป็ง เขาได้เข้านอนพักที่ กระท่อมข้างทาง อาจเป็นเพราะ เขาไม่มีเสื้อกันหนาว ไม่มีผ้าห่ม หลังจากนอนแล้ว ก็เลยเกิดเหตุดังกล่าว" ระหว่าง เมืองเชียงตุง กับ โตงต้า ที่ดอยยิ่นกอย อยู่ที่(378)หลัก เขาได้เสียชิวิตใน กระท่อมที่ไม่มีคนอยู่ อสัยตอนเช้าของ วันที่26.1.2016

 นายจ่อตู่อ่องได้กล่าวอีก "เมื่อก่อน มีคนงานที่SAE อยู่อสัย แต่ตอนนี้ อากาศหนาวมาก เลยต้องให้คนงานย้ายที่อยู่ ระหว่างที่คนงานย้ายไป และเขาคงหนาวระหว่างทาง เลยเข้าไปนอนพัก ทั้งคืนถึง ตอนเช้าของอีกวัน เลยเกิดเหตุแบบนี้"

 กู้ภัยรายงานว่า รถจักรยานยนต์ ของเขา ยังจอดอยู่ข้างกระท่อม ดังกล่าว ทางเจ้าหน้าที่ตำรวจ จึงแจ้งไปยังกู้ภัย ให้เข้าช่วย ตอนเย็น(17:30)ของวันที่26.1.2016 กู้ภัยได้นำศพผู้เสียชิวิต ส่งถึงโรงพยาบาล ตอน(22:30)

 ช่วงเช้าของ วันที่ 25.1.2016 บนดอยมี เมืองเชียงตุง หนาวจนน้ำกลายเป็นน้ำแข็ง ถึงวันที่26.1.2016 ยังอยู่ที่ (7°C )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~