ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာချီလိတ်ခရိုင်အတွက် ကျပ်သိန်း(၂၀၀)တန်ဖိုးရှိ ကျောင်းသုံး စာသင်ခုံများ လှူဒါန်း

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာချီလိတ်ခရိုင်အတွက် ကျပ်သိန်း(၂၀၀)တန်ဖိုးရှိ ကျောင်းသုံး စာသင်ခုံများ လှူဒါန်း
ဒီဇင်ဘာ 30, 2015
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်း လိုအပ်နေလျှက်ရှိသည့် ကျောင်းသုံးစာရေးခုံများနှင့် ဆရာ/ဆရာမ ထိုင်ခုံများအား ဖြည့်ဆည်းပေးနိုင်ရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျပ်သိန်း(၂၀၀)တန်ဖိုးရှိ ကျောင်းသုံး စာသင်ခုံများကို လှူဒါန်းထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျပ်သိန်း(၂၀၀)တန်ဖိုးရှိ ကျောင်းသုံးစာသင်ခုံများကို လှူဒါန်းလာရာ သက်ဆိုင်ရာမှ လိုအပ်နေသည့် ကျောင်းအလိုက် ခွဲဝေလှူဒါန်းနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်အား ယနေ့ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက လွှဲပြောင်းပေးအပ်လှူဒါန်းပေးသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းလာသည့် စာသင်ခုံများအား ခွဲတမ်းအဖြစ် တာချီလိတ်မြို့နယ်အတွက် ကျောင်းသုံးစာရေးခုံ အစုံ(၁၄၀)နှင့် ဆရာ/ဆရာမ ထိုင်ခုံ (၆)စုံ၊ မိုင်းဖြတ်မြို့နယ်အတွက် ကျောင်းသုံးစာရေးခုံ အစုံ(၃၀) နှင့် ဆရာ/ဆရာမထိုင်ခုံ (၆)စုံတို့ ပါဝင်သည်။

ယင်းအပြင် မိုင်းယောင်းမြို့နယ်အတွက် ကျောင်းသုံးစာရေးခုံ (၅၉)စုံ၊ ဆရာ/ဆရာမထိုင်ခုံ (၆)စုံ နှင့် ကျိုင်းလပ်မြို့အတွက် ကျောင်းသုံးစာရေးခုံ (၁၅)စုံ ပါဝင်ရာ ကျောင်းသုံး စာရေးခုံအစုံ စုစုပေါင်း (၂၄၄)စုံနှင့် ဆရာ/ဆရာမထိုင်ခုံ (၁၈)စုံ ရှိကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ကျောင်းသား/ကျောင်းသူဦးရေ များပြားလာသည်နှင့် အမျှ ကျောင်းဆောင် များလည်း တိုးချဲ့လာရသည် ဖြစ်သည့်အတွက် ကျောင်းသုံး စာရေးခုံများ လိုအပ်နေလျှက် ရှိကြောင်း ပညာရေးအသိုင်းအ၀ိုင်းမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~