(၈)ညတိုင်တိုင် တရားပွဲ ၂၀၁၆ခုနှစ် အစတွင် တာချီလိတ်၌ ကျင်းပမည်

(၈)ညတိုင်တိုင် တရားပွဲ ၂၀၁၆ခုနှစ် အစတွင် တာချီလိတ်၌ ကျင်းပမည်
ဒီဇင်ဘာ 30, 2015
By Tachileik News Agency

တာချီလိတ်မြို့ အမျိုးဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ တရားပွဲ ကျင်းပရေးအဖွဲ့မှ (၃၄)ကြိမ်မြောက် (၈)ည တိုင်တိုင် အထူးတရားပွဲကို ၂၀၁၆ခုနှစ် အစတွင် တာချီလိတ်၌ ကျင်းပပြုလုပ်သွားရန် အတွက် ရှမ်းရိုးမကွင်း၌ ပြင်ဆင်နေလျှက်ရှိကြောင်း သိရသည်။

(၈)ညတိုင်တိုင် အထူးတရားပွဲကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ၂၀၁၆ခုနှစ် ဇန်န၀ါရီလ(၃)ရက်နေ့မှ ဇန်န၀ါရီလ (၁၀)ရက်နေ့အထိ ညစဉ်(၇)နာရီခွဲ တိတိတွင် ကျင်းပပြုလုပ်သွားမှာဖြစ်သည်။

တာချီလိတ်မြို့တွင် အမျိုးဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ တရားပွဲ ကျင်းပရေးအဖွဲ့သည် တရားပွဲများသာကို ကျင်းပပြုလုပ်သည့် အဖွဲ့ဖြစ်ပြီး အဖွဲ့ခွဲအနေဖြင့် ဇီဝက အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းကိုလည်း ဖွင့်လှစ်ကာ ဆေးဝါးအခမဲ့ ကုသပေးနေလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~