အစိုးရစစ် စာမေးပွဲဖြစ်သည့် စတုတ္တတန်း နှင့် အဋ္ဌမတန်းတို့တွင် မအောင်မြင်သေးသူများကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ မေလအတွင်း ပြန်လည်ကုစားဖြေဆိုရမည်

အစိုးရစစ် စာမေးပွဲဖြစ်သည့် စတုတ္တတန်း နှင့် အဋ္ဌမတန်းတို့တွင် မအောင်မြင်သေးသူများကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ မေလအတွင်း ပြန်လည်ကုစားဖြေဆိုရမည်
ဧပြီ 18, 2015
By Tachileik News Agency

မြန်မာ့နှစ်ဆန်း(၂)ရက်နေ့ဖြစ်သည့် ယနေ့ ဧပြီလ(၁၈)ရက် နံနက်ပိုင်းမှစ၍ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ မူလတန်းမှ အထက်တန်းဖြစ်သည့် (၉)တန်းအထိ အောင်စာရင်းများကို သက်ဆိုင်ရာ ကျောင်းများအလိုက် ထုတ်ပြန်ထားသည်နှင့်အညီ  အစိုးရစစ် စာမေးပွဲဖြစ်သည့် စတုတ္တတန်း နှင့် အဋ္ဌမတန်း စာမေးပွဲတွင် မအောင်သေးသူများကို ပြန်လည်ကုစား ဖြေဆိုမှုအဖြစ် မေလ(၁၄)ရက်မှ မေလ(၁၆)ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြန်လည်ဖြေဆိုရမှာဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

ယခုနှစ်တွင် တာချီလိတ်မြို့နယ်အတွင်း ဖြေဆိုခဲ့ကြသည့် အစိုးရစစ် စာမေးပွဲတွင် စတုတ္တတန်း စာမေးပွဲ၌ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၂၅၁)ဦး ရှိခဲ့ပြီး အောင်မြင်သူများမှာ (၁၃၅၇)ဦးရှိရာ ပြန်လည်ကုစားရမည့် ကျောင်းသား၊ ကျောင်းသူများမှာ (၈၉၄)ဦးဖြစ်ကြောင်း သိရသည်။

ထို့အတူ အဋ္ဌမတန်းတွင် ၀င်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၂၀)ဦးရှိရာ အောင်မြင်သူမှာ (၄၃၉)ဦးရှိခဲ့ပြီး ပြန်လည်ကုစားဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများမှာ စုစုပေါင်း (၇၈၁)ဦးရှိကြောင်း တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စတုတ္တတန်း နှင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ကုစားရမည့် သတ်မှတ်ရက်အား ၂၀၁၅ခုနှစ် ဧပြီလ(၂၄)ရက်နေ့မှ စ၍ မေလ(၁၃)ရက်နေ့ အထိ သက်ဆိုင်ရာ ကျောင်းများတွင် ကျောင်းပြန်လည် တက်ရောက်ရမှာဖြစ်ပြီး ပြန်လည်ကုစားဖြေဆိုရမည့်ရက်ကို မေလ(၁၄)ရက်နေ့မှ မေလ(၁၆)ရက်နေ့အထိ သတ်မှတ်ထားကြောင်း ပညာရေးဌာနမှ သိရသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~