တာချီလိတ်၌ ဖွင့်လှစ်သည့် နွေရာသီ ကြက်တောင် သင်တန်းဆင်း

တာချီလိတ်၌ ဖွင့်လှစ်သည့် နွေရာသီ ကြက်တောင် သင်တန်းဆင်း
မတ် 31, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ် အားကစားရုံကြီးကြပ်ထိန်းသိမ်းရေး ကော်မတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ပူးပေါင်း၍ နွေရာသီအခြေခံ အားကစားသင်တန်းအဖြစ် ကာရာတေးနှင့် ကြက်တောင်ရိုက် သင်တန်းတို့ကို အခမဲ့အဖြစ် တာချီလိတ်မြို့နယ်အားကစားရုံတွင် မတ်လ(၁၀)ရက်နေ့က စတင်၍ သင်ကြားပို့ချခဲ့ရာ ကြက်တောင်ရိုက် သင်တန်းပြီးမြောက်ခြင်းအဖြစ် သင်တန်းဆင်းပွဲကို ယနေ့ မတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားရုံ၌ပင် ကျင်းပပြုလုပ်ခဲ့ကြသည်။

သင်တန်းဆင်းပွဲနှင့်အတူ သင်တန်းဆင်းကြက်တောင် ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ဆုရရှိသူများကို နည်းပြများ ၊ တာချီလိတ်ကြက်တောင် ကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့သည်။

"နှစ်တိုင်းနွေရာသီ ကြက်တောင်သင်တန်းလုပ်ဖြစ်ပါတယ်။ တစ်နှစ်ကို (၂)ယောက် ၊ (၃)ယောက် ထွက်ရင်ဘဲ သင်တန်းပေးရကျိုးနပ်ပါတယ်။ သူတို့ဟာ အခုဆို လူကြီးတွေနဲ့ ယှဉ်ရိုက်နိုင်ပြီး သင်တန်းကနေ ထူးချွန်ကလေးတွေ အများကြီး ထွက်ပါတယ် ။ ကလေးတွေ တခြားနေရာတွေ အချိန်မဖြုန်းရဘူးပေါ့" ဟု ဦးစိုင်းဇော်မိုးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်၌ ဖွင့်လှစ်သည့် နွေရာသီ ကြက်တောင် သင်တန်းဆင်း

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~