ကျိုင်းလပ်မြို့ မြန်မာ-လာအို ချစ်ကြည်ရေးတံတား တည်ဆောက်ရေး ဆက်စပ်လုပ်ငန်းများ ရှင်းလင်း

ကျိုင်းလပ်မြို့ မြန်မာ-လာအို ချစ်ကြည်ရေးတံတား တည်ဆောက်ရေး ဆက်စပ်လုပ်ငန်းများ ရှင်းလင်း
အောက်တိုဘာ 4, 2014
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံ ဆွေးနွေးပွဲအား အောက်တိုဘာလ (၂)ရက် နံနက် (၁၀)နာရီအချိန်က ကျိုင်းလပ်မြို့ မြန်မာ-လာအို ချစ်ကြည်ရေးတံတား တည်ဆောက်ရေး စီမံကိန်း ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မြန်မာ-လာအိုချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ဦးမှ စီမံကိန်း အကောင်အထည်ဖေါ်မှု အခြေအနေနှင့် တံတား တည်ဆောက်ပြီးစီးပါက ဖွံ့ဖြိုးတိုးတက်လာမည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး နောက် ရှမ်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ကျိုင်းလပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ပြည်နယ်-ခရိုင်-မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ အထောက်အကူပြုကော်မတီ နှင့် စည်ပင်သာယာရေး ကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ၊ ဆက်လက်ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များအား ၀ိုင်းဝန်းဆွေးနွေး အကြံပြုကြရာ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေတို့မှ ကျိုင်းလပ်ဒေသ (၂၄)နာရီ လျှပ်စစ်မီးရရှိရေး၊ မိုဘိုင်းလ်တယ်လီဖုန်းများ တပ်ဆင်ရေး ၊ နှစ်နိုင်ငံ နယ်စပ်စခန်းများ ဖွင့်လှစ်ရေးနှင့် Townplan ရေးဆွဲရေး ကိစ္စရပ်များအား ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြသည်။

ကျိုင်းလပ်ဒေသသည် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ နယ်စပ်မျဉ်းဖြစ်သည့် မဲခေါင်မြစ်ကမ်း နဖူးတွင် တည်ရှိကာ တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သော ဒေသတစ်ခုဖြစ်ခဲ့ရာမှ ယခုအခါ မဲခေါင်မြစ်ကူး မြန်မာ-လာအို ချစ်ကြည်ရေးတံတားကြီး တည်ဆောက်မှု စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ရာ မကြာမီ လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုဖြစ်ပေါ် လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း။   ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~