ဗြိတိန်နိုင်ငံသား နှစ်ဦးသေဆုံးမှုနဲ့ ပတ်သက်လို့ ဗြိတိန်ရဲတပ်ဖွဲ့ နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆေးခွင့်ရ

ဗြိတိန်နိုင်ငံသား နှစ်ဦးသေဆုံးမှုနဲ့ ပတ်သက်လို့ ဗြိတိန်ရဲတပ်ဖွဲ့ နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆေးခွင့်ရ
အောက်တိုဘာ 20, 2014
By Tachileik News Agency

ဗြိတိန်နိုင်ငံသား နှစ်ဦးသေဆုံးမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က လူသတ်တရားခံ အဖြစ် စွဲဆိုခံထားရတဲ့အမှုနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံမှ ထိုင်းနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဗြိတိန်အဖွဲ့ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေပြီလို့ ဘန်ကောက်ပိုစ့်က ရေးသားဖော်ပြထားပါတယ်။

အခုလို ကိစ္စရပ်နဲ့ ပတ်သက်ပြီး "ဗြိတိသျှ ရဲတွေကြီးဘဲ လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ မဟုတ်ပါဘူး။ ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ပါ"လို့ ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

သူတို့ချည်းဘဲ လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ ထိုင်းနိုင်ငံဥပဒေအရ ခွင့်မပြုထားပါဘူး။ ဒါကြောင့် ထိုင်းရဲတွေ နောက်မှာဘဲ followin up လုပ်ဖို့နဲ့ ဗြိတိန်ရဲတွေဟာ အခင်းဖြစ်နေရာနဲ့ အမှုကို စုံစမ်းလို့ ပြီးပြီဆိုတာနဲ့ သူတို့မေးချင်တဲ့ မေးခွန်းတွေကို ထိုင်းရဲတွေကို မေးခွင့်ရှိပါတယ်လို့ ပြောဆိုထားပြန်ပါတယ်။

မြန်မာအလုပ်သမား ဇော်လင်းနဲ့ ၀င်းဇော်ထွန်း နှစ်ယောက်မှာ ဘယ်သူက ဒေးဗစ်မီလာကိုသတ်ပြီး ဘယ်သူက ဟန်နာကို သတ်ဖြတ်ခဲ့သလဲဆိုတဲ့ ထင်ရှားတဲ့အဖြေတော့ စမ်းသပ် စစ်ဆေးတုန်းပါဘဲ။

BBC နဲ့ အနောက်နိုင်ငံ မီဒီယာတွေကတော့ DNA တွေနဲ့ သက်သေခံပစ္စည်း စတာတွေကို ဗြိတိန်အဖွဲ့က လွတ်လပ်စွာ စုံစမ်း စစ်ဆေးခွင့်ရခဲ့ပါသလားလို့ မေးနေကြပါတယ်။ ဒီအမှုနဲ့ပါတ်သက်ပြီး change.org မှာ ဗြိတိန်အဖွဲ့ကို စုံစမ်းစစ်ဆေးဖို့ လက်မှတ်ထိုးတောင်းဆိုထားတာ (၁၀၀၀၀၀၀)ကျော်ရှိနေပါပြီလို့ လွန်ခဲ့တဲ့ သောကြာနေ့က ဆိုထားပါတယ်။ UK ရဲ့ ဥပဒေအရတော့ အနည်းဆုံး(၁၀၀၀၀၀၀)ပြည့်ရင် စုံစမ်းစစ်ပေးရပါမယ်လို့ ဆိုထားပါတယ်။

ဘာသာပြန်။ ။ မင်းသုတ
ref : :bangkokpost

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~