အဆိုးရွားဆုံး တာချီလိတ် ရေကြီးမှု၏ လေးရက်မြောက်အလွန်

အဆိုးရွားဆုံး တာချီလိတ် ရေကြီးမှု၏ လေးရက်မြောက်အလွန်
စက်တင်ဘာ 10, 2014
By Tachileik News Agency

စက်တင်ဘာလ (၆)ရက်နေ့က တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်စဉ်တစ်ခုကြောင့် မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်အနက် အချို့သော ရပ်ကွက်များတွင် ယနေ့ စက်တင်ဘာလ (၁၀)ရက်နေ့အထိ တင်ကျန်နေသော နုန်းများ၊ ရွှံ့နွံများအား ရှင်းလင်း၍ မပြီးသေးဘဲ ဆက်လက်၍ ရှင်းလင်းနေကြရသည်ဖြစ်ရာ ယခုဖော်ပြပါ ပုံများသည် အဆိုးရွားဆုံး တာချီလိတ် ရေကြီးမှု၏ လေးရက်မြောက်အလွန် ပုံရိပ်များပဲဖြစ်ပါသည်။

နုန်းများတင်ကျန်မှုအနေဖြင့် ပုန်းထွန်ရပ်ကွက် အနိမ့်ပိုင်းနေရာများ နှင့် တာလော့ရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် အဆိုးရွားဆုံးဖြစ်ပေါ်လျက်ရှိရာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် မှ စစ်ဗျူဟာမှူး ဦးဆောင်သည့် တာချီလိတ်တပ်နယ်မှ တပ်မတော် စစ်သည်များ၊ တာချီလိတ်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှုတို့ အပါအ၀င် သက်ဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မီးသတ်တပ်ဖွဲ့များအပြင် နေအိမ်ပိုင်ရှင် မိသားစုဝင်များ စသည်တို့မှ စုပေါင်း၍ ရှင်းလင်းနေလျက်ရှိတာကို တွေ့ရှိရသည်။

ယနေ့အချိန်ထိ အဓိကအားဖြင့် ရှင်းလင်း၍ မပြီးသေးသည့် အနိမ့်ပိုင်း (၃)နေရာရှိရာ (၁)ပုန်းထွန်ရပ်ကွက်၊ အလူရာဟိုတယ်လမ်းကြား၊ (၂) အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးရှိ ရွှေနန်းတော်ကုန်တိုက်ဝန်းနှင့် ခရိုင်လ၀ကရုံးဝန်း  အပါအ၀င် (၃) တာလော့ရပ်ကွက်၊ ပြည်သူ့စစ်ဂိတ်အနီးတို့လမ်းတို့ဖြစ်သည်။

တာချီလိတ်မြို့နယ်သည် နယ်စပ်မြို့ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများ နှင့် နိုင်ငံခြားသား ဧည့်သည်များ သွားလာရ အဆင်ပြေမှုရှိစေရန်အတွက် သက်ဆိုင်ရာနှင့် ပြည်သူလူထုသို့ ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~