နယ်မြေခံတပ်မတော်သားများနှင့် တာချီလိတ်မြို့ရှိ ဒေသခံလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ မြို့သန့်ရှင်းရေးဆောင်ရွက်ပေး

နယ်မြေခံတပ်မတော်သားများနှင့် တာချီလိတ်မြို့ရှိ ဒေသခံလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ မြို့သန့်ရှင်းရေးဆောင်ရွက်ပေး
စက်တင်ဘာ 10, 2014
By Tachileik News Agency

တာချီလိတ်မြို့တွင် နေအိမ်များနှင့် လမ်းများတလျောက် ရေလွှမ်းမိုးမှုခံရခြင်းကြောင့် ရေပြန်ကျချိန်တွင် ကျန်ရှိနေသည့် နုန်းမြေများ၊ အမှိုက်များ ပိတ်ဆို့ နေမှုကို ရေလွှမ်းမိုးပြီး နောက်ပိုင်း (၄) ရက်မြောက်နေ့ အထိ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် မှ စစ်ဗျူဟာမှူး မှူးကြီးဇော်နိုင်ဦ်း၏ ကြပ်မတ်ကွပ်ကဲမူဖြင့် မြို့ရေပေးဝေရေစီမံကိန်းမှ ဦးလောတာ၏ ဘက်ဟိုးယာဉ် (၂)စီးနှင့် မြေသယ်ယာဉ်(၂)စီးတို့ဖြင့် အကူအညီရယူကာ နယ်မြေခံတပ်မတော်သားများ၏ လုပ်အားဖြင့် ပူးပေါင်းဆောင်ရွက်လျက်နေကြတာကို တွေ့ရှိရသည်။

     တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်ပြီး သန့်ရှင်းသပ်ရပ်မှု ရှိစေရေးအတွက် စစ်ဗျူဟာမှူးသည် ခရိုင်လ၀ကမှူး ဦးကျော်စွာလွင်၊ သတ္တုလုပ်ငန်းရှင်များအသင်း နှင့် နယ်စပ်ကုန်သယ်ကြီးများအသင်း၏ ဥက္ကဌ ဦးမြင့်ဦး၊ ရေပေးဝေရေး စီမံကိန်းမှ ဦးလောတာနှင့် ရေပေးဝေရေလုပ်ငန်းမှ အကြံပေး အင်ဂျင်နီယာများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းကာ လမ်းပိတ်ဆို့ခံရသည့် ဌာနဆိုင်ရာ အဆောက်အဦများ အတွင်းရှိ နုန်းမြေများ၊ လမ်းတလျှောက်ပိတ်ဆို့ခံရသည် နုန်းမြေနှင့် အမှိုက်များအား ပြန်လည်ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းများကို နယ်မြေခံ တပ်မတော်သားများနှင့် အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ထိုကဲ့သို့ သက်ဆိုင်ရာများ နှင့် ပြည်သူများ မိမိတို့ တက်နိုင်သည့်ဘက်က ပူးပေါင်း ဆောင်ရွက်နိုင်မှုတို့ကြောင့် ယနေ့ စက်တင်ဘာလ (၁၀) ရက်နေ့တွင် နုန်းမြေပိတ်ဆို့မှု အနည်းငယ်သာ ကျန်ရှိပြီး တာချီလိတ်မြို့အတွင်း ထပ်မံလိုအပ်သည့် နေရာများကို နယ်မြေခံ တပ်မတော်သားများမှ သွားရောက်၍ ရှင်းလင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~