မူလတန်း ဆရာအတတ်သင် အထူးမွမ်းမံသင်တန်း တာချီလိတ်၌ ဖွင့်လှစ်

မူလတန်း ဆရာအတတ်သင် အထူးမွမ်းမံသင်တန်း တာချီလိတ်၌ ဖွင့်လှစ်
ဧပြီ 22, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ် တာလော့ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပထမအကြိမ်အဖြစ် မူလတန်း ဆရာအတတ်သင် အထူးမွမ်းမံသင်တန်း ဖွင့်လှစ်ပွဲကို ယနေ့ ဧပြီလ(၂၂)ရက် နံနက် (၈)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ပြည်နယ်စည်ပင်ရေးကော်မတီဝင် ဦးကျော်ငြိမ်း၊ ခရိုင်ပညာရေးပံ့ပိုးမှုကော်မတီဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ ခရိုင်ပညာရေးပံ့ပိုးမှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း၊ တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှနှင့် မြို့နယ်ပညာရေးအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ သင်တန်းသား သင်တန်းသူ(၁၅၇)ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ မက်မန်းစသည့် မြို့နယ်များမှ နေ့စား လပေးခန့်ထားသည့် ဆရာ၊ဆရာမများမှ တက်ရောက် သင်ယူမှာဖြစ်ပြီး သင်တန်းကာလမှာ (၁)လကြာမြင့်မှာဖြစ်ကြောင်းနှင့် သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆိုင်ရာ လိုအပ်သည်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များက အကြံပြုညှိနှိုင်း ကူညီပေးကြကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် ယခုကဲ့သို့ နေ့စားလပေး ဆရာ၊ဆရာမများအတွက်  မူလတန်းဆရာအတတ်သင် အထူးမွမ်းမံ သင်တန်းဖွင့်လှစ်ခြင်းမှာ ပထမအကြိမ်ဖြစ်ပြီး ဒုတိယအကြိမ် နေ့စားလပေး လျှောက်ထားသူ ဆရာဆရာမလောင်းများအား စာတွေ့ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်းများကို ၂၀၁၄ခုနှစ် မေလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ/သတင်း။         ။  မြတ်မျိုးမြင့်မာန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~