တာချီလိတ်မြို့ပေါ် ရပ်ကွက်၌ ကျပ်သိန်းပေါင်း ၉၄သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

တာချီလိတ်မြို့ပေါ် ရပ်ကွက်၌ ကျပ်သိန်းပေါင်း ၉၄သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
ဧပြီ 5, 2014
By Tachileik News Agency
တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ယနေ့ ဧပြီလ(၅)ရက် နံနက် (၁၀း၅၀)နာရီအချိန်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ နေအိမ်တစ်အိမ်၌ မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေစစ်ဆေးရာမှ ကျပ်သိန်းပေါင်း (၉၄.၆၅)သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား (၃၇၃၆)အား တရားခံများနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် ဂေါ်သဇင်လမ်းရှိ နေအိမ်တစ်အိမ်အား အဆိုပါ ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေ စစ်ဆေးရာ ဦးလီxx ထံမှ စိတ်ကြွဆေးပြား(၃၇၃၆)ပြား၊ မောင်ထွန်းxxထံမှ စိတ်ကြွဆေးပြား (၅၀) နှင့် မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသူ မောင်စိုင်းxxx တို့ သုံးဦးအား အဆိုပါ အဖွဲ့မှ ဖမ်းဆီးရမိရာ စိတ်ကြွဆေးပြား (၅၀)ပြားနှင့်အတူ တွေ့ရှိရသူ မောင်ထွန်းxxxအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၄၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရလည်းကောင်း၊ စိတ်ကြွဆေးပြား(၃၇၃၆)ပြား နှင့်အတူ တွေ့ရှိရသည် ဦးလီ နှင့် ဆေးသုံးစွဲရန် ရောက်ရှိလာသူ မောင်စိုင်းတို့နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၄၈/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~