ရွှေကျားဖြူ အမြန်ယာဉ်ငယ်လိုင်းမှ တာချီလိတ်-ကျိုင်းတုံ ခရီးသည်များအတွက် နေအိမ်အရောက် ကြို/ပို့စနစ်ဖြင့် အထူးဝန်ဆောင်မှုပေးနေ

ရွှေကျားဖြူ အမြန်ယာဉ်ငယ်လိုင်းမှ တာချီလိတ်-ကျိုင်းတုံ ခရီးသည်များအတွက် နေအိမ်အရောက် ကြို/ပို့စနစ်ဖြင့် အထူးဝန်ဆောင်မှုပေးနေ
ဧပြီ 5, 2014
By Tachileik News Agency

တာချီလိတ်မြို့တွင် တာချီလိတ်-ကျိုင်းတုံ၊ ကျိုင်းတုံ-တာချီလိတ် စသည့် ခရီးစဉ်များအတွက် "ရွှေကျားဖြူ(အဆင့်မြင့်ယာဉ်ငယ်အသင်း)"မှ ၁၀ယောက်စီး အဆင့်မြင့် မှန်လုံကားများဖြင့် အိမ်တိုင်ရာရောက် ကြို/ပို့ ပြုလုပ်ပေးနေလျှက်ရှိပြီး တာချီလိတ်-ကျိုင်းတုံ၊ ကျိုင်းတုံ-တာချီလိတ် ခရီးစဉ်အပြင် အခြားမြို့များသို့ ဘုရားဖူးခရီးစဉ်များ အတွက်လည်း ယာဉ်များကို စီးလုံးငှားခြင်းအဖြစ် ၀န်ဆောင်မှုပေးနေသည့်အပြင် ကျိုင်းတုံ/တာချီလိတ် ခရီးစဉ်လက်မှတ်များကို ဖုန်းတစ်ချက်ဆက်ရုံဖြင့် နေအိမ်အရောက် ပို့ပေးနေသည်ဖြစ်ကြောင်း သိရသည်။

"ရွှေကျားဖြူ(အဆင့်မြင့်ယာဉ်ငယ်အသင်း)"မှ တာချီလိတ်-ကျိုင်းတုံ၊ ကျိုင်းတုံ-တာချီလိတ် ခရီးသည်များကို အထူးဝန်ဆောင်မှုဖြင့် ခရီးသည်၏ နေအိမ်အရောက် ထွက်ခွာမည့် ကားဖြင့်ပင် ကြိုပေးပြီး ကျိုင်းတုံ သို့မဟုတ် တာချီလိတ် သို့ ရောက်သည့် အခါတွင်လည်း နေအိမ်အရောက် အဆိုပါ ကားဖြင့်ပင် ပို့ဆောင်ပေးကြောင်း သိရသည်။

{ ရွှေကျားဖြူ ယာဉ်လိုင်းမှ ပြေးဆွဲသော ကားများ }

"ကျွန်တော်တို့ ရွှေကျားဖြူ(အဆင့်မြင့်ယာဉ်ငယ်အသင်း)က တာချီလိတ်ကနေ ကျိုင်းတုံကိုပဲဖြစ်ဖြစ်၊ ကျိုင်းတုံကနေ တာချီလိတ်ကိုပဲဖြစ်ဖြစ်  ၁၀ယောက်စီးအတွက် စီးလုံးငှားမယ်ဆိုရင် မြန်မာနိုင်ငံသားတွေ အတွက် ကျပ်ငွေ ၇၀၀၀၀(ခုနှစ်သောင်းကျပ်) သတ်မှတ်ပေးထားပြီး နိုင်ငံခြားသားတွေအတွက် ကျပ် ၁၁၀၀၀၀(တစ်သိန်းတစ်သောင်းကျပ်) သတ်မှတ်ပြီးတော့ ငှားပေးနေပါတယ်"ဟု ရွှေကျားဖြူ ယာဉ်လိုင်းမှ တာချီလိတ်တာဝန်ခံ ကိုမျိုး က တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

{ ကားအတွင်းပိုင်း }

"တာချီလိတ်-ကျိုင်းတုံ ခရီးစဉ်တစ်ခုတည်းမဟုတ်ပဲ မိုင်းလားဘက်သွားဖို့ စီးလုံးငှားမယ်ဆိုလည်း ရပါတယ်၊ အဲ့ဒီခရီးစဉ်အတွက်ကိုတော့ ဈေးနှုန်းတစ်မျိုး သတ်မှတ်ပေးထားပါတယ်၊ နောက်ပြီး မြန်မာပြည်အနှံ့ ဘုရားဖူးသွားဖို့ စီးလုံးအပြတ်ငှားမယ်ဆိုလည်း ကျွန်တော်တို့ဘက်က ငှားပေးပါတယ်။ ဘုရားဖူးခရီးစဉ်အတွက် ဈေးနှုန်းကိုတော့ ကျွန်တော်တို့နဲ့ ဆွေးနွေးလို့ရပါတယ်"ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။


"ရွှေကျားဖြူ(အဆင့်မြင့်ယာဉ်ငယ်အသင်း)"မှ တာချီလိတ်/ကျိုင်းတုံ ခရီးစဉ်များကို နေ့စဉ် နံနက် ၈နာရီ၊ နေ့လည် ၁၁နာရီ နှင့် ညနေ ၂နာရီ စသည်ဖြင့် ယာဉ်ထွက်ခွာချိန် ၃ချိန်ရှိပြီး ယာဉ်တစ်စီးလျှင် ၁၀ ဦးနှုန်းဖြင့် မောင်းနင်ပြေးဆွဲလျှက်ရှိပြီး ယာဉ်စီးခအဖြစ် တစ်ဦးလျှင် ၇၀၀၀ကျပ်နှုန်းဖြင့် ပို့ဆောင်ပေးလျှက်ရှိကြောင်း သိရှိရသည်။

"ကျိုင်းတုံသွားဖို့ဘဲဖြစ်ဖြစ်၊ တာချီလိတ်သွားဖို့ပဲဖြစ်ဖြစ် ကားလက်မှတ်ဖြတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကြိုတင်လက်မှတ်အရောင်းဌာနရဲ့ ဖုန်းကို ဆက်လိုက်တာနဲ့ နေအိမ်အရောက် လာပို့ပေးမှာဖြစ်သလို ထွက်ခွာမဲ့အချိန်မှာလည်း ကားဂိတ်ကို မလာချင်လို့ လာကြိုဖို့လိုအပ်ရင် ထွက်ခွာမဲ့ ကားနဲ့ပဲ လာကြိုပေးပါတယ်"ဟု ကိုမျိုးမှ ဆက်လက်ရှင်းပြသည်။

ကျိုင်းတုံ/တာချီလိတ် ခရီးစဉ်များအတွက် ကြိုတင်လက်မှတ်များကို မှာယူလိုသည်ဖြစ်စေ ကိုယ်တိုင် သွားရောက်၍ စုံစမ်းလိုသည်ဖြစ်စေ အောက်ပါ ဆက်သွယ်ရန်လိပ်စာ နှင့် ဖုန်းနံပါတ်များမှတဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။

  • ကျိုင်းတုံမြို့တွင်..
  • မြို့မဈေးကြီးတောင်ဘက်
  • ဖုန်း။        ။ 084-22552၊ 09-428215401၊ 09-41007100
  • တာချီလိတ်မြို့တွင်....
  • မယ်ခေါင်ခရိုင်ရုံးရှေ့၊ အိမ်တွင်းမှုကျောင်းလမ်း၊
  • ထိုင်းဖုန်း။        ။ 0815317988၊ 0815943989
  • မြန်မာဖုန်း။      ။ 084-52633၊ 09-250249454
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Flag Counter
1.10.2013 - 1-4-2014