ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ထဲတွင် စစ်ဆေးသော ထိုင်းရဲများကို သတိထားရှောင်ကျဉ်စေလို

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ထဲတွင် စစ်ဆေးသော ထိုင်းရဲများကို သတိထားရှောင်ကျဉ်စေလို
ဇွန် 15, 2012
By Tachileik News Agency
မြန်မာနိုင်ငံဘက်မှ တစ်ဘက်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့သို့ အလည်အပတ်ဖြင့်ဖြစ်စေ အလုပ်ကိုင်ဖြင့်ဖြစ်စေသွားရောက်ကြသည့်အခါမှာ မြန်မာများအနေဖြင့် အထူးသတိထား ရှောင်ကျဉ်စေရန်အတွက် သတိပေးလိုပါသည်။

မယ်ဆိုင်မြို့ရှိ ကုန်းကျော်တံတားဟု လူသိများသောနေရာ နှင့် မော်တော်ပီကယ်ရုံးအရှေ့တို့တွင် ရံဖန်ရံခါ၌ နံနက်ပိုင်း သို့မဟုတ် ညနေပိုင်းတို့တွင် ထိုင်းရဲများ အနေဖြင့် လာသမျှ ယာဉ်များနှင့် ယာဉ်တွင်ပါသောလူများကို မူးယစ်ရှာဖွေပုံစံမျိုးဖြင့် ရှာဖွေစစ်ဆေးနေသည်ဖြစ်ရာ လူများကို လမ်းဘေးတွေ အပေါ့သွားခိုင်းပြီး ဆီးစစ်သည်ဟု သိရသည်။

ထို့သို့ စစ်ဆေးသည့်အခါတွင် ၎င်းတို့မှ ဆေးတစ်လုံးတိုက်ပြီး အပေါ့သွားစေလိုပြီးနောက် ဆီးစစ်သည်ဟုလည်း သိရသည်။ ထိုသို့ လမ်းဘေးတွေ အပေါ့သွားခိုင်းစေပြီး စစ်ဆေးသော စစ်ဆေးမှုမျိုးသည် အမျိုးသားများကိုသာမကပဲ အမျိုးသမီးများကိုလည်း စစ်ဆေးသည်ဟု သတိရသည်။ လမ်းဘေးတွင် အပေါ့သွားခိုင်းစေသော ဆီးစစ်သော စနစ်သည် ခံရသူအဖို့ အရှက်ရစေသည်။

ထိုသို့ စစ်ဆေးပြီးနောက် လွန်ခဲ့သော4/5နှစ်မှ မူးယစ်သုံးစွဲခဲ့သူများပင် ထိုစစ်ဆေးမှုဖြင့် ပေါ်စေသည်ဟုလည်းသိရသည်။ ထို့ပြင် မူးယစ်မသုံးစွဲပဲ ၎င်းတို့ စစ်ဆေးမှုတွင် မူးယစ်သုံးစွဲသည်ဟု ပေါ်သည်ဆိုကာ ငွေညစ်တောင်းတာမျိုးလည်း ကြုံရသည်ဟု အသိမိတ်ဆွေတစ်ဦးမှဆိုသည်။

အသိမိတ်ဆွေတစ်ဦးမှ ပြောကြားရတွင် "ချင်းရိုင်းဆေးရုံက အပြန်ကို သူတို့က စစ်တာ၊ အဲ့လို စစ်တော့ မူးယစ်သုံးတယ်ဆိုပြီး ပေါ်တယ်ပြောပြီး ဘတ် ၅၀၀၀၀ တောင်းတယ်။ အဲ့ဒါနဲ့ ပြသာနာမဖြစ်ချင်လို့ ဘတ်သုံးသောင်းနဲ့ညှိလိုက်လို့ ပြီးသွားတယ်"ဟု တရုတ်လူမျိုးဖြစ်သည့် မိတ်ဆွေတစ်ဦးမှ ပြောကြားလာပါသည်။

မည်သို့ဖြစ်စေ ကျွန်တော်တို့ မြန်မာလူမျိုးများအနေဖြင့် မတရားခံရခြင်းမှ လွတ်ကင်းစေရန်အတွက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ထဲ သွားမည်ဆိုပါက ထိုသို့ စစ်ဆေးမှုများ အရှေ့မှာ ရှိနေလျှင် ရှောင်ကျဉ်သွားလာဖို့လိုသည်။ အမှန်တကယ် မူးယစ်မသုံးစွဲပဲ ခံရသူတွေ ငွေညစ်ခံရတာတွေ ဖြစ်နိုင်တဲ့အတွက် သွားလာမှု အထူး သတိဖြင့် ရှောင်ကျဉ်စေလိုသည်။

အထက်ပါအကြောင်းအရာတို့သည် ကိုယ်တိုင်မကြုံဖူးသော်လည်း ကြုံဖူး မြင်ဖူးသူများမှ ပြောကြားလာ၍ ယခုလို အသိပေးလိုက်ရခြင်းဖြစ်ပါသည်။

Update: ထိုင်းရဲများအနေဖြင့် မူးယစ်တိုက်ဖျက်နိမ်နင်းသည်မှာ ပြည်သူတွေအတွက် ကောင်းမွန်သော်လည်း မူးယစ်သုံးစွဲသူမဟုတ်ပါပဲနဲ့ မြန်မာတွေအပေါ် မြန်မာများအနေဖြင့် မသိနားမလည်ဆိုပြီး ငွေတောင်းမှုများနှင့် ကြုံရသည့်အခါမျိုးမှာ မြန်မာများအနေဖြင့် ထိုင်းစကားမတတ်သူများ ကြောက်လန့်နေတတ်သည်များ ဖြစ်တတ်တဲ့အခါမျိုးမှာ သူတို့တောင်းသော ငွေကို ပေးခဲ့ကြရတာမျိုးလည်း ရှိတတ်သောကြောင့် ထိုင်းရဲများကို ရှောင်ကျဉ်စေလိုသည်ဟု ရေးသားလိုက်ရခြင်းဖြစ်သည်။

Photo: google

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net