ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄)တပ်ရင်းဌာနချုပ် တစ်ခုလုံးကို ရက္ခိုင့်တပ်တော် က သိမ်းပိုက်ရရှိ

ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄)တပ်ရင်းဌာနချုပ် တစ်ခုလုံးကို ရက္ခိုင့်တပ်တော် က သိမ်းပိုက်ရရှိ

ရခိုင်ပြည်နယ်အတွင်း  ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ် တစ်ခုလုံးအား ၂၀၂၄ခုနှစ် ဧပြီလ(၅)ရက်နေ့ နံနက်(၈)နာရီအချိန်တွင်  အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်လာသည်။

 ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ် ဧပြီလ (၁) ရက်နေ့ကစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး  (၅)ရက်မြောက်ဖြစ်သည့်  ဧပြီလ (၅) ရက် ၏ နံနက် (၈) နာရီအချိန်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ခြင်းဖြစ်ရာ  တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၈၀)ကျော် သေဆုံးသွားသလို AA ဘက်ကလည်း ကျဆုံးမှု အချို့ရှိကြောင်း သိရသည်။

တပ်ရင်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ၏ အလောင်းများစွာ နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

 ရက္ခိုင့်တပ်တော်(AA)အနေဖြင့် မတ်လ(၂၅)ရက်နေ့ မွန်းတည့် (၁၂)နာရီအချိန်က ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂) တပ်ရင်းကိုလည်းကောင်း၊ တောင်ဘဇာစခန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ စစ်ကြောင်း (၃)ကြောင်းဖြင့် မည်သို့ပင် အသည်းအသန် ပူးပေါင်း ခုခံကာကွယ်နေစေကာမူ နောက်ဆုံးတွင် ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဧပြီလ (၄) ရက်နေ့၏ နေ့လယ် (၂) နာရီ (၄၇) မိနစ်အချိန်က  ကျောက်တော်မြို့အား အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၈) နှစ်အရွယ် အပြစ်မဲ့ပြည်သူ လူငယ်တစ်ဦးသေဆုံးခဲ့ပြီး (၆) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။