တောင်ကြာအင်းရဲစခန်းနှင့် တပ်စခန်း တော်လှန်ရေးတပ်များ သိမ်းပိုက်၊ ရဲ ၁၀ ဦးနှင့် လက်နက် ၂၅ လက် သိမ်းဆည်းရရှိ

တောင်ကြာအင်းရဲစခန်းနှင့် တပ်စခန်း တော်လှန်ရေးတပ်များ သိမ်းပိုက်၊ ရဲ ၁၀ ဦးနှင့် လက်နက် ၂၅ လက် သိမ်းဆည်းရရှိ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ကြာအင်းရဲစခန်းနှင့် တပ်စခန်းအား တော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများနှင့် ရဲ(၁၀)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

တောင်ကြာအင်းရဲစခန်းနှင့် တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ KNDOနှင့် ပူးပေါင်းတပ်များက ဒီဇင်ဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်(၁၀)ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထို့အပြင် စုစုပေါင်း လက်နက်(၂၅)လက်နှင့် ဆက်စပ်ခဲယမ်းကျည်များနှင့် စစ်ပစ္စည်းများကိုပါ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency