မြိုင်တွင် တိုက်ပွဲဖြစ်ပြီး အထိနာသည့် စစ်ကောင်စီတပ်က ရွာကိုမီးရှို့

မြိုင်တွင် တိုက်ပွဲဖြစ်ပြီး အထိနာသည့် စစ်ကောင်စီတပ်က ရွာကိုမီးရှို့

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ် ရေးတပ်များက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင်

တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ အထိအခိုက်များသဖြင့် ကျေးရွာအတွင်းရှိ နေအိမ် (၂၅)လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

ဒေသကာကွယ်ရေးတပ်များသည် ယမန်နေ့က ပခုက္ကူမှထွက်လာသော(၁၅)စီးပါ စစ်ကောင်စီယာဉ်တန်းအတွက် လုံခြုံရေးယူပေးသော အင်အား (၁၂၀)ခန့်ပါ စစ်ကြောင်းနှင့် တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။  

တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို မြိုင်မြို့နယ် သာစည်ကျေးရွာ ရန်အောင်မြေဘုရားကုန်း၌ ကာကွယ်ရေးတပ်များက အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထိနာနေသော စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သော သာစည်ကျေးရွာရှိ နေအိမ် (၂၅)လုံးကို မီးရှုံ့ဖျက်စီးခဲ့သည်။   

၎င်းစစ်ကြောင်းသည် တွင်းမပျူရွာသို့ မရောင်ခင် ကမ္မနှင့် တွင်းမကြား လမ်းပိုင်းတွင်လည်း မြိုင်ပကဖနှင့် ဒေသတွင်းကာကွယ်ရေးရဲဘော်များ ပူးပေါင်း၍ မိုင်းများ ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခဲ့မှုများကို မြိုင်ပကဖနှင့် ပခုက္ကူခရိုင် တပ်ရင်းများ(၂/၆/၇/၁၇)၊ မြိုင်ပကဖအဖွဲ့ဝင်များဖြစ်သော တပ်ရင်း(၁)-တပ်ခွဲ ၁၊ တပ်ခွဲ ၂(ဂဠုန်)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ မြိုင် UAV ဒရုန်းတပ်ဖွဲ့တို့နှင့်၊ ဒေသတွင်းတပ်ဖွဲ့များဖြစ်သော Earthquake Defense Force၊ KMDF(ကမ္မတပ်ပေါင်းစု)၊ အနောက်လွင်ပြင်တပ်ဖွဲ့၊ ဧရာအနောက်တပ်ဖွဲ့(ကမ္မတပ်ပေါင်းစု)တို့က ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency