ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအနီးသို့ အင်အား (၄၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကြောင်း(၂)ကြောင်းဖြင့်ထိုးလာသည့် စစ်ကောင်စီတပ်၊ ရဲနှင့် ပျုစောထီး အင်အား(၄၀၀)ဝန်းကျင်ကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ ညပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲမှာ (၁)နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့် အပါအဝင်(၃၃)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး  တောင်ငူဆေးရုံ၌ တက်ရောက်ကုသနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသော်လည်း သေဆုံးမှုစာရင်းကို Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။

တိုက်ပွဲအတွင်း KNLA/PDFမဟာမိတ် ပူးပေါင်းတပ်များမှ ရဲဘော် (၁)ဦး ကျဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : တောင်ပိုင်းစစ်ဒေသမှရဲဘော်များ(ပုံဟောင်း)