မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို နှစ်ရက်အတွင်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။
၂၀၂၃ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့တွင်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို နေ့လည်ပိုင်းတွင် ဗုံးသီး(၁၀)လုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဧပြီလ(၂၇)ရက်နေ့၏ ညနေပိုင်းကလည်း ကင်မွန်းစခန်းနယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး စခန်းအတွင်းရှိ အဆောက်အဦးများ မီးလောင်ပျက် စီးခဲ့သေးသည်။
အဆိုပါ မီးစွဲလောင်မှုကို မီးသတ်ကား (၂)စီးဖြင့် လာရောက်ငြိမ်းသတ်နေစဉ် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားများ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု Thaton People Defence Force TPDF က သတင်းထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုကို KNLA၊ PDF၊ PPDF-KD၊ KRF၊ TPDF ၊ ဘီးလင်း (ပကဖ)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။