စစ်ကောင်စီလက်အောက်ခံ BGF စခန်းကုန်းကို  KNU/KNLA ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်သိမ်းပိုက်၊ BGF ဘက်က (၁၀)ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကောင်စီလက်အောက်ခံ BGF စခန်းကုန်းကို  KNU/KNLA ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်သိမ်းပိုက်၊ BGF ဘက်က (၁၀)ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 ကရင်ပြည်နယ် မြဝတီမြို့နယ်အနီး စစ်ကောင်စီလက်အောက်ခံ BGF ၏ စခန်းကုန်းကို KNU/KNLA ပူးပေါင်းစစ်ကြောင်းများက သွားရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ရန်သူ BGF ဘက်က (၁၀)ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက် စစ်ကြောင်းက ယနေ့ ဧပြီလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၂၀၂၃ခုနှစ် ဧပြီလ(၁၁)ရက်နေ့၏ ညနေပိုင်းက BGF စခန်းကုန်းအား NU/KNLA ပူးပေါင်းစစ်ကြောင်း၊ Cobra Column နှင့် ကျားသစ်နက်စစ်ကြောင်း(Black Panther Column)တို့မှ သွားရောက် တိုက်ခိုက် သိမ်းပိုက်ရာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီးနောက် စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်း တိုက်ပွဲတွင် ရန်သူ BGF ဘက်က (၁၀)ဦး သေဆုံးပြီး ၎င်းတို့၏ MA-1 (၁)လက်၊ M4 (၃)လက်၊ AK (၁)လက်၊ M22 (၁)လက်၊ ကာဘိုင် (၁)လက် အပါအဝင် ၄၀ မမ ဗုံးပစ်လောင်ချာ (၁)လက်၊ တူမီးသေနတ်(၁)လက်၊ ရှေ့ထွက်မိုင်း (၂)လုံး နှင့် ကျည်ဆန်များ၊ ကျည်အိမ်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အပြန်အလှန် တိုက်ပွဲအတွင်း၌ ရန်သူဘက်က သေဆုံးမှုများရှိခဲ့သလို ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်(၂)ဦးမှာ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး ရဲဘော်(၁) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။