ကျိုင်းတုံမြို့၏ မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ နှင့် ထီးတင်ပွဲသို့ အာဏာသိမ်း  စစ်ခေါင်းဆောင် တက်ရောက်မည်

၂၀၂၁ခုနှစ် မတ်လ(၂၉)ရက်နေ့က ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီးသို့ ရောက်ရှိလာစဉ်။
၂၀၂၁ခုနှစ် မတ်လ(၂၉)ရက်နေ့က ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီးသို့ ရောက်ရှိလာစဉ်။
ကျိုင်းတုံမြို့၏ မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ နှင့် ထီးတင်ပွဲသို့ အာဏာသိမ်း  စစ်ခေါင်းဆောင် တက်ရောက်မည်
ဖေဖော်ဝါရီ 3, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့လယ်ရှိ မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ နှင့် ထီးတော်တင်ပွဲသို့ အာဏာသိမ်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက် ထီးတင်မည်ဖြစ်ကြောင်း  သိရသည်။

မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ နှင့် ရွှေထီးတော်တင် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

 

အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန်အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့က ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နှင့်(၁၄)ရက်နေ့များတွင် ကြိုတင်ရောက်ရှိနေမည် ဖြစ်သည့်အတွက် မဟာမြတ်မုနိဘုရားကြီး သွားရာလမ်းများကို အထူးလုံခြုံရေး တိုးမြှင့်ထားမည်ဖြစ်ကြောင်း နှင့် ထီးတော်တင်ခြင်း နှင့် ထီးတော်ချခြင်း အစီအစဉ်ကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် တပ်အသိုင်းအဝိုင်းမှ သိရသည်။

မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ နှင့် ရွှေထီးတော်တင် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကို ပြီးခဲ့သည့် ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပရန် စီစဉ်ထားသော်လည်း ဖေဖော်ဝါရီလအတွင်းသို့ ရက်ရွှေ့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ၂၀၀၆ခုနှစ်က ထမ်းဆောင်ခဲ့သူဖြစ်သည်။