ရေဦးမြို့နယ်အတွင်း သစ်ပင်တစ်ပင်တွင် အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက်သတ်ဖြတ်ခံထားရ

ရေဦးမြို့နယ်အတွင်း သစ်ပင်တစ်ပင်တွင် အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက်သတ်ဖြတ်ခံထားရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားရွာလေး ကုန်ထုတ်လမ်းရှိ သစ်ပင်တစ်ပင်တွင် လက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်ခံထားရသည့်  ရုပ်အလောင်းကို  ယနေ့ဇန်နဝါရီလ(၂၈)ရက်တွင် တွေ့ရှိသဖြင့် ပုညကုသလလူမှုကူညီရေးအသင်းမှ ရေဦးမြို့ဆေးရုံသို့ သယ်ယူပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ 

သေဆုံးနေသူမှာ ရေဦးမြိုနယ် ပုဏ္ဏကား ပင်စီရွာမှ အသက်(၃၃)နှစ်ဝန်းကျင်ရှိ ကိုအောင်ကြီး ဆိုသူဖြစ်ပြီး ၎င်းသည် သစ်ပင်တွင် လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှက် သတ်ဖြတ် ခံထားရခြင်းဖြစ်ကြောင်းနှင့် သေဆုံးရသည့် အကြောင်းအရင်းကို မသိရှိရသေးဟု သိရသည်။

ရေဦးမြို့နယ်သည် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး ယနေ့နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ တပ်များသည် ရေဦးမြို့နယ်၊ မူးသာကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေကြောင်း သိရသည်။