တောင်ကိုရီးယားနိုင်ငံ ဂယောင်ဂျူးမြို့တွင် မြန်မာ့အရေး ဆုတောင်း ဆန္ဒပြပွဲ ပြုလုပ်

တောင်ကိုရီးယားနိုင်ငံ ဂယောင်ဂျူးမြို့တွင် မြန်မာ့အရေး ဆုတောင်း ဆန္ဒပြပွဲ ပြုလုပ်

မြန်မာနိုင်ငံတွင် နွေဦးတော်လှန်ရေးကာလအတွင်း အသက်ပေးကာကွယ်ခဲ့ကြသည့် ပြည်သူ့သူရဲကောင်းများအား ဂုဏ်ပြုဆုတောင်းခြင်းနှင့်အတူ  မြန်မာနိုင်ငံ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရေး တောင်ကိုရီးယားနိုင်ငံ ဂယောင်ဂျူးမြို့တွင် ဆုတောင်း ဆန္ဒပြပွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ ရိုးရာကန်တော့ပွဲနေ့ဖြစ်သည့် ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၂)ရက်  ဒုန်ဂျီနေ့တွင် နွေဦးတော်လှန်ရေးဆရာတော် ( ဒယ်ဂူးဘုန်းဘုန်း ) ဦးဆောင်ကာ မြန်မာ့အရေးတက်ကြွစွာ ကူညီဆောင်ရွက်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသူ နိုင်ငံသားများဖြင့် စုပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံအတွင်း မြို့နယ်များတွင် နွေဦးတော်လှန်ရေးဆရာတော် ( ဒယ်ဂူးဘုန်းဘုန်း ) ဦးဆောင်ကာ တောင်ကိုရီးယားရောက် မြန်မာ့အရေးတက်ကြွသည့် မြန်မာများ နှင့် ကိုရီးယားနိုင်ငံသူ နိုင်ငံသားများဖြင့် အပတ်စဉ် တနင်္ဂနွေနေ့ နှင့် ကြာသပတေးနေ့များတွင် စုပေါင်း ဆန္ဒပြခြင်းများ တော်လှန်ရေးအတွက် ထောက်ပံ့ငွေကောက်ခံ လှူဒါန်းခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။