မြန်မာ့အရေးလာရောက်ဆွေးနွေးမည့် ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို အာဏာသိမ်းအဖွဲ့က လက်ခံရန် အဆင်သင့် မဖြစ်သေးဟုဆို

 မြန်မာ့အရေးလာရောက်ဆွေးနွေးမည့် ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို အာဏာသိမ်းအဖွဲ့က လက်ခံရန် အဆင်သင့် မဖြစ်သေးဟုဆို

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burnener သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအား ဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် မြန်မာပြည်ဝင်ခွင့်ရရေး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရောက်ရှိစောင့်ဆိုင်းနေပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာ တွစ်တာမှ ရေးသားလာသည်။

အာဏာသိမ်းထားသည့် စစ်တပ်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ပေးရန် အဆင်သင့်မဖြစ်သေးဟု ဧပြီလ (၈) ရက်နေ့က တုန့်ပြန်ထားသည်ဟုလည်း သိရသည်။ 

စစ်တပ်က အာဏာသိမ်းထားသည့် နှစ်လကျော်ကာလအတွင်း  စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများကို အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ပြည်သူ(၆၀၀) ကျော် ကျဆုံးခဲ့ရပြီဖြစ်သည်။