ကိုဗစ်ကာကွယ်ဆေး၏ ဆိုးကျိုးရှိကြောင်း သတင်းထွက်လာပြီးနောက် ထိုင်းဝန်ကြီးချုပ်နှင့်ဝန်ကြီးအဖွဲ့ ကာကွယ်ဆေးထိုးမည့်ရက် ရွှေ့ဆိုင်း

ကိုဗစ်ကာကွယ်ဆေး၏ ဆိုးကျိုးရှိကြောင်း သတင်းထွက်လာပြီးနောက် ထိုင်းဝန်ကြီးချုပ်နှင့်ဝန်ကြီးအဖွဲ့ ကာကွယ်ဆေးထိုးမည့်ရက် ရွှေ့ဆိုင်း

ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် သွေးကြောအတွင်း သွေးခဲစေသည်ကို တွေ့ရှိရကြောင်း သတင်းများထွက်လာပြီးနောက်   ထိုင်းဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ကာကွယ်ဆေးထိုးမည့်ရက်ကို ရွှေ့ဆိုင်းထားလိုက်သည်။



AstraZeneca ကိုဗစ်ကာကွယ်ဆေးကြောင့် သွေးကြောအတွင်း သွေးခဲသည်ကို တွေ့ရပြီးနောက် အိုင်ယာလန်၊ ဒိန်းမတ်၊ နော်ဝေ၊ အိုက်စ်လန်နှင့် နယ်သာလန်နိုင်ငံများတွင် ကာကွယ်ဆေးထိုးခြင်းကို ရွှေ့ဆိုင်းထားပြီးနောက် ထိုင်းနိုင်ငံသည် ကာကွယ်ဆေးထိုးရန် ရက်ရွှေ့ဆိုင်းသည့် ပထမဆုံးသော အာရှနိုင်ငံဖြစ်သည်။



ထိုင်းဝန်ကြီးချုပ်နှင့်ဝန်ကြီးအဖွဲ့သည် ပြီးခဲ့သည့်တစ်ပတ်က ကိုဗစ်ကာကွယ်ဆေးထိုးရန်ဖြစ်သော်လည်း ကာကွယ်ဆေး၏ ဆိုးကျိုးသတင်းများ ထွက်လာပြီးနောက် ကာကွယ်ဆေးထိုးမည်ဟု ပြောြကားထားသည့်နေ့တွင်ကျင်းပမည့် ဝန်ကြီးများအစည်းအဝေးကိုပါ ရွှေ့လိုက်ပြီး ကာကွယ်ဆေးထိုးခြင်းကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။



ယင်းနောက် ဆေးကုမ္ပဏီက ဆေး၏ဆိုးကျိုးများမတွေ့ရကြောင်း ထပ်မံတွေ့ရှိချက်ထွက်လာပြီးနောက် မတ်လ (၁၆) ရက်နေ့တွင် ကျင်းပမည့် ဝန်ကြီးများအစည်းအဝေးမကျင်းပမီ ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးနှံမည်ဟု ထပ်မံကြေညာလာသည်ကို တွေ့ရသည်။

Tachileik News Agency

Source: Bangkok Post