မြန်မာ စစ်တပ်နှင့် ဆက်စပ်သည့် MyTel နှင့် MyTel Pay တို့၏ Facebook Page များကို Facebook က ဖယ်ရှားခြင်းမဟုတ်ဘဲ Page Admin ပိုင်းက ဖယ်ရှားလိုက်ခြင်းသာဖြစ်ကြောင်း သိရသည်။
စစ်တပ်က နိုင်ငံတော်အာဏာကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့က သိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူများက ငြိမ်းချမ်းသည့်နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်ကြရာတွင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ စစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများမှ ထုတ်ကုန်များအား မသုံးစွဲသည့် ကမ်ပိန်းများကိုလည်း လုပ်ဆောင်လာကြခြင်းဖြစ်သည်။
Mytel ၏ တာဝန်ရှိသူများက စုံစမ်းမှုများ ပြုလုပ်ရာတွင် ၎င်းတို့၏ Facebook Page အား Facebook က ဖယ်ရှားလိုက်ခြင်းမဟုတ်ဘဲ Page Admin ပိုင်းက ပိတ်လိုက်ခြင်းဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် သတင်းပြန်ကြားလာသည်။