MOHS ကအသုံးပြုနေသည့် RDT test kit များ တင်သွင်းလိုပါက FDA တွင် စတင်လျှောက်ထားနိုင်ပြီ

MOHS ကအသုံးပြုနေသည့် RDT test kit များ တင်သွင်းလိုပါက FDA တွင် စတင်လျှောက်ထားနိုင်ပြီ
ဒီဇင်ဘာ 22, 2020 | Covid-19
By Tachileik News Agency
 

 

 
MOHS ကအသုံးပြုနေသည့် RDT test kit များ တင်သွင်းလိုပါက FDA တွင် စတင်လျှောက်ထားနိုင်ပြီ
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားသည့် COVID 19 Antigen Rapid Diagnostic Test Kit များ တင်သွင်းလိုသူများကို ခွင့်ပြုပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန(MOHS)က လမ်းညွှန်ထားပြီဖြစ်၍  တင်သွင်းခွင့်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း FDA က ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့၌ အသိပေးကြေညာချက်ထုတ်သည်။
 
 
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တွင် တင်သွင်းခွင့်မှတ်တမ်းလျှောက်ထားခြင်းအား  အခြားတင်သွင်းခွင့်များကဲ့သို့ Online Booking ရယူရန်မလိုအပ်ဘဲ ဆေးပစ္စည်းဌာနခွဲတွင် လျှောက်ထားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
 
တင်သွင်းခွင့်ပြုလိုက်သည့် RDT test kit များသည် လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Fever Clinic များနှင့် ကုန်တင်ယာဉ်မောင်းများအား စစ်ဆးရာတွင် အသုံးပြုနေသည့် အမျိုးအစားဖြစ်သည်။
 
 
COVID 19 စစ်ဆေး၊ ကုသပေးခြင်းကို ပြည်သူ့ဆေးရုံများ၌သာ ဆောင်ရွက်ပေးနေရာမှ ဒီဇင်ဘာလ (၁၉) ရက်နေ့မှစ၍ ပုဂ္ဂလိကဆေးရုံများကို စတင်ခွင့်ပြုလာရာ ရန်ကုန်မြို့ရှိ လှိုင်သာယာမြို့နယ်မှ ပန်းလှိုင်ဆေးရုံနှင့် လမ်းမတော်မြို့နယ်မှ N Health Myanmar ဆေးရုံတို့မှာ ခွင့်ပြုချက်ရထားပြီဖြစ်သည်။
 
 
COVID 19 စစ်ဆေး၊ ကုသခွင့်ရထားသည့် ပုဂ္ဂလိကဆေးရုံများဖြစ်သည့် ပန်းလှိုင်ဆေးရုံတွင် RDT Test Kit ဖြင့် စစ်ဆေးခွင့်ပြုထားပြီး N Health ဆေးရုံတွင် PCR ဖြင့် စစ်ဆေးခွင့်ပြုထားပြီး နောက်ထပ်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံများလည်းရှိကြောင်း သိရသည်။
 
 
Tachileik News Agency

 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 

~~~~~~~   ကြော်ငြာ   ~~~~~~

 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~