လာအိုနိုင်ငံဘက်က Covid-19 စစ်ဆေးပြီးသည့် နေရပ်ပြန် မြန်မာနိုင်ငံသား (၅၄)ဦး ဝမ်ပုံဆိပ်ကမ်းမှ တဆင့် နေရပ်ပြန်

လာအိုနိုင်ငံဘက်က Covid-19 စစ်ဆေးပြီးသည့် နေရပ်ပြန် မြန်မာနိုင်ငံသား (၅၄)ဦး ဝမ်ပုံဆိပ်ကမ်းမှ တဆင့် နေရပ်ပြန်
စက်တင်ဘာ 24, 2020
By Tachileik News Agency
လာအိုနိုင်ငံဘက်က Covid-19 စစ်ဆေးပြီးသည့် နေရပ်ပြန် မြန်မာနိုင်ငံသား (၅၄)ဦး ဝမ်ပုံဆိပ်ကမ်းမှ တဆင့် နေရပ်ပြန်
လာအိုနိုင်ငံ၊ မိုင်းမောဆိပ်ကမ်းမှနေ၍ Covid-19 စစ်ဆေးပြီးသည့် နေရပ်ပြန် မြန်မာနိုင်ငံသား (၅၄)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းဘက်သို့ လွှဲပြောင်းပေးရာတွင် ပြစ်ဒဏ်စေ့ (၄၄)ဦးကိုပါ ထည့်သွင်းလွှဲပြောင်းလိုကြောင်း ဆွေးနွေးသဖြင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြရန် ပြန်လည်ဆွေးနွေးထားသည်။
“လာအိုက နေရပ်ပြန်တွေကို နှစ်နိုင်ငံ သံရုံးချင်းချိတ်ပြီးမှ လက်ခံတာ။ အဲဒီတော့ သံရုံးက လက်ခံထားတဲ့ စာရင်းထဲမှာ အဲဒီ (၄၄)ယောက် မပါလို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်ဖို့ ပြောခဲ့တယ်။ ကျွန်တော်တို့ ပြည်နယ်အစိုးရက ခွင့်ပြုပြီးသား စာရင်းထဲမှာ (၃၉၅)ယောက်ရှိတယ်။ သူတို့ကို ပြီးခဲ့တဲ့ (၉)လပိုင်း ပထမပတ်လောက်ကတည်းက လက်ခံဖို့ကို ရက်သတ်မှတ်ပြီးပြီ။ အဲဒီမှာ သူတို့ဘက်က ပြည်တော်ပြန်မယ့်အဖွဲ့တွေကို ကိုဗစ်စစ်ပြီးမှ လွှဲရမယ်လို့ သူတို့ဗဟိုက ညွှန်ကြားလို့ ကိုဗစ်စစ်ပြီးမှ လွှဲပါမယ်ဖြစ်သွားတာ။ ကိုဗစ်စစ်ပြီးတဲ့အထဲက (၅၄)ယောက်ပေါ့ ဒီနေ့လွှဲတာ။ ကျန်တဲ့ဟာတွေက ထပ်စစ်အုံးမယ်တဲ့။ စစ်ပြီးမှ ထပ်လွှဲမယ်လို့ သူတို့ပြောတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လာအိုနိုင်ငံမှ COVID 19 ဓာတ်ခွဲနမူနာ စစ်ဆေးပြီးသည့် မြန်မာနိုင်ငံသား (၅၈)ဦးကို စက်တင်ဘာလ (၂၄)ရက်နေ့၌ တာချီလိတ်မြို့နယ်ဘက်သို့ လွှဲပြောင်းပေးရန် နှစ်နိုင်ငံသဘောတူထားခြင်းဖြစ်သော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီး (၄)ဦးမှာ လိုက်ပါနိုင်ခြင်း မရှိ၍ စုစုပေါင်း (၅၄)ဦးကို လွှဲပြောင်းပေးလာခြင်းဖြစ်သည်။
အဆိုပါ မြန်မာလုပ်သားများအား တာချီလိတ်မြို့နယ်ဘက်မှ တာဝန်ရှိသူများက လာအိုနိုင်ငံ၊ မိုင်းမောဆိပ်ကမ်းဘက်၌ လက်ခံပြီး တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် နေရပ်ဒေသအသီးသီးသို့ စီစဉ်ပေးထားသည့် မော်တော်ယာဉ်များဖြင့် ချက်ချင်းပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~