တာချီလိတ် Quarantine Center ရှိ ထိုင်းမှပြန်လွှဲသည့် ပြစ်ဒဏ်စေ့ (၇၈) ဦးကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက လူသားချင်းစာနာမှုအထောက်အပံ့ပေးအပ်

တာချီလိတ် Quarantine Center ရှိ ထိုင်းမှပြန်လွှဲသည့် ပြစ်ဒဏ်စေ့ (၇၈) ဦးကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက လူသားချင်းစာနာမှုအထောက်အပံ့ပေးအပ်
သြဂုတ် 30, 2020
By 🌸
တာချီလိတ် Quarantine Center ရှိ ထိုင်းမှပြန်လွှဲသည့် ပြစ်ဒဏ်စေ့ (၇၈) ဦးကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက လူသားချင်းစာနာမှုအထောက်အပံ့ပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာရိပ်သာတွင် Quarantine ထားရှိသည့် ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၇၈) ဦးကို  မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပထမဆုံးအကြိမ် ငွေကြေးထောက်ပံ့နိုင်ရန် စီစဉ်နေသည်။

"ပြန်ဝင်လာတဲ့သူတွေက မတ်လကနေ သြဂုတ်လအထိ လေ့လာကြည့်ရင်တော်တော်လေးများနေပြီပေါ့။ ကျွန်မတို့အနေနဲ့ လူအများကြီးကို ကူညီပေးဖို့ရာ အဆင်မပြေပါဘူး။ အခက်အခဲရှိပါတယ်။ သူတို့ကို ရွေးချယ်လိုက်တာက အားလုံးပြန်လာတဲ့အထဲမှာမှ သူတို့သည်တစ်ဖက်က ထိန်းချုပ်ထားတဲ့နေရာကနေ ပြန်လာကြတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြန်လာကြတယ်။ တစ်ချို့ဆို စီးစရာဖိနပ်တောင် မပါလာကြဘူးစတဲ့အခက်အခဲ အကြပ်အတည်းနဲ့ ပြန်လာကြတဲ့အပေါ်မှာ သူတို့နေရပ်ကို ပြန်နိုင်ဖို့အတွက် ရည်ရွယ်ပြီးရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်။ အလှူငွေကလည်း အကန့်အသတ်ရှိတဲ့အခါကျတော့ ထိထိရောက်ရောက်နဲ့ ကူညီနိုင်ဖို့ ကြိုးစားဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်"

ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မိသားစုပြန်လည်ဆက်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး သတ်မှတ်ပြစ်ဒဏ်စေ့၍  မြန်မာနိုင်ငံသို့  ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို တစ်ကိုယ်ရေသုံးပစ္စည်းများနှင့်  ငွေကြေးထောက်ပံ့ပေးမှုများကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လမှ နိုဝင်ဘာလအထိ ကူညီထောက်ပံ့ပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~