မီးသတ်ယာဉ် ၂၀၀ နီးပါးဖြင့် ၁၁ နာရီကြာ ငြှိမ်းသတ်ရသည့် မန္တလေးမှ Mandalay Yatanar Mall ၊ Sky Walk မီးလောင်မှုအတွင်း မီးသတ် ၅ ဦး ဒဏ်ရာရ

မီးသတ်ယာဉ် ၂၀၀ နီးပါးဖြင့် ၁၁ နာရီကြာ ငြှိမ်းသတ်ရသည့် မန္တလေးမှ Mandalay Yatanar Mall ၊ Sky Walk မီးလောင်မှုအတွင်း မီးသတ် ၅ ဦး ဒဏ်ရာရ
ဇန်နဝါရီ 18, 2020
By 🌸

မီးသတ်ယာဉ် ၂၀၀ နီးပါးဖြင့် ၁၁ နာရီကြာ ငြှိမ်းသတ်ရသည့် မန္တလေးမှ Mandalay Yatanar Mall ၊ Sky Walk မီးလောင်မှုအတွင်း မီးသတ် ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ Mandalay Yatanar Mall ၊ Sky Walk (၆) ထပ်အဆောက်အဦ မီးလောင်မှုကို မန္တလေးနှင့်အနီးဝန်းကျင်မြို့များမှ မီးသတ်ယာဉ် (၂၀၀) နီးပါးဖြင့် (၁၁)နာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္ဇဏမဟီရပ်ကွက်၊ ၃၄ လမ်းနှင့် ၇၈ လမ်းထောင့်ရှိ အလျား(၄၆၈)ပေ၊ အနံ(၄၅၀)ပေရှိ Basement + RC (၆)ထပ်အဆောက်အဦဖြစ်သည့် Mandalay Yatanar Mall ၊ Sky Walk ပထမအလွှာတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့ ညနေ (၆)နာရီဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး (၁၈) ရက်နေ့ နံနက် (၅) နာရီဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဆောက်အဦမှာ ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့က မီးလောင်ကျွမ်းခဲ့သည့် ရတနာပုံဈေး (၄)ထပ် အဆောက်အဦနေရာတွင် အသစ်ထပ်မံတည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး အဝတ်အထည်၊ လူသုံးကုန်၊ စားသောက်ဆိုင်ခန်း၊ ကျောက်မျက်ရတနာ ဆိုင်ခန်းများစသည့် ဈေးဆိုင်ခန်းများအပြင် သင်တန်းခန်းများပါ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

မီးလောင်မှုကို Level 5 အဆင့်သတ်မှတ်ငြှိမ်းသတ်ခဲ့ရပြီး မန္တလေးမြို့ပေါ် မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၈၂)စီး၊ ရေသယ်ယာဉ်(၅၀)စီး၊ မီးသတ်စက်ယာဉ်(၁၄)စီး၊ အထောက်အကူပြု ယာဉ်(၂၁)စီး၊ အုပ်ချုပ်မှုယာဉ်(၄)စီး၊ အထပ်မြင့်မီးသတ်ယာဉ်(၇)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်  (၄)စီး၊ ရေသယ်ယာဉ်(၃)စီး၊ ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၇)စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ မီးငြှိမ်းသတ်ယာဉ်  (၂)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၁၉၄)စီး၊ အုပ်ချုပ်မှုယာဉ်(၄)စီး၊ အသက်ရှုကိရိယာ (၅၀) လုံး၊ မီးခိုးမှုတ်စက်(၆)လုံး၊ Engine Cutter (၁၀)လုံး၊ စည်ပင်မှရေသယ်ယာဉ်(၁၀)စီး၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဘတ်ဟိုးမြေတူးစက် (၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၅၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀၀)ဦး၊ တပ်မတော်သား(၂၃၀)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်(၂၅၀)ဦး၊ကြက်ခြေနီ(၁၀၀)ဦး၊ စည်ပင်ဝန်ထမ်း (၅၀)ဦး၊ ပရဟိတနှင့် လူမှုရေးအဖွဲ့အစည်းတို့နှင့် ပူပေါင်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် အခြားထိခိုက်ဒဏ်ရာရမှုအခြေအနေများကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~