က်ဳိင္းတံုၿမိဳ႕နယ္ မိုင္းကြီးရြာအတြင္း အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

က်ဳိင္းတံုၿမိဳ႕နယ္ မိုင္းကြီးရြာအတြင္း အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
သြဂုတ် 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းလပ္ေက်းရြာအုပ္စု၊ မိုင္းကြီးရြာအတြင္းရွိ ေနအိမ္သို႔ မူးယစ္ေဆး၀ါး သတင္းအရ ၀င္ေရာက္ရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို အမ်ဳိးသားတစ္ဦးႏွင့္အတူ ဖမ္းဆီးရမိ၍ က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာမ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔တို႔သည္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၁၂)ရက္ေန႔ ေန႔လည္(၂)နာရီ၀န္းက်င္အခ်ိန္က က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းလပ္ေက်းရြာအုပ္စု၊ မိုင္းကြီးရြာအတြင္းရွိ အားယီ(က်ား)၏ ေနအိမ္အား မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္ရွာေဖြ စစ္ေဆးရာ ေနအိမ္၏ အေပၚထပ္တြင္ ၎အား အသင့္ေတြ႔ရွိရၿပီး ဆက္လက္ရွာေဖြမႈမ်ား ျပဳလုပ္ရာ မူးယစ္ေဆး၀ါးမ်ားကို ေတြ႔ရွိ သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔မွ ရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ အားယီ လြယ္ထားေသာ အာခါလြယ္အိတ္အတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၆)ျပားအား လည္းေကာင္း၊ မူးယစ္ေဆး၀ါး သံုးစြဲသည့္ အခန္းအတြင္းမွ စိတ္ၾကြေဆးျပား (၂၀၀)ျပားအား လည္းေကာင္း၊ အေလးခ်ိန္ (၄၀)ဂရမ္၀န္းက်င္ရွိ ဘိန္းစိမ္းအား လည္းေကာင္း၊က်ပ္ေငြ(၂၀၀၀၀)အားလည္းေကာင္း ရွာေဖြရမိၿပီး ၎၏ ေနအိမ္ အိပ္ခန္းေျခရင္းမွ စိတ္ၾကြေဆးျပား (၃၅)ျပား ႏွင့္ လက္ကိုင္ဖုန္း တစ္လံုးတို႔အား ေတြ႔ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပား စုစုေပါင္း (၂၄၁)ျပား ႏွင့္ ဘိန္းစိမ္းမ်ား အပါအ၀င္ မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၃၃)ႏွစ္ရွိ အားယီ အား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၅၀/၂၀၁၈၊ မူး/စိတ္ ၁၉(က)/၂၀(က)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ မိုင်းကွီးရွာအတွင်းရှိ နေအိမ်သို့ မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိ၍ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၈ခုနှစ် သြဂုတ်လ(၁၂)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ မိုင်းကွီးရွာအတွင်းရှိ အားယီ(ကျား)၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေ စစ်ဆေးရာ နေအိမ်၏ အပေါ်ထပ်တွင်၎င်းအား အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေမှုများ ပြုလုပ်ရာ မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေမှုများ ပြုလုပ်ရာတွင် အားယီ လွယ်ထားသော အာခါလွယ်အိတ်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၆)ပြားအား လည်းကောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသည့် အခန်းအတွင်းမှ စိတ်ကြွဆေးပြား (၂၀၀)ပြားအား လည်းကောင်း၊ အလေးချိန် (၄၀)ဂရမ်ဝန်းကျင်ရှိ ဘိန်းစိမ်းအား လည်းကောင်း၊ကျပ်ငွေ(၂၀၀၀၀)အားလည်းကောင်း ရှာဖွေရမိပြီး၎င်း၏ နေအိမ် အိပ်ခန်းခြေရင်းမှ စိတ်ကြွဆေးပြား (၃၅)ပြား နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

စိတ်ကြွဆေးပြား စုစုပေါင်း (၂၄၁)ပြား နှင့် ဘိန်းစိမ်းများ အပါအဝင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၃၃)နှစ်ရှိ အားယီ အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၅၀/၂၀၁၈၊ မူး/စိတ် ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~