တာခ်ီလိတ္မွ လူငယ္အားကစားသမား (၃)ဦး ပါ၀င္သည့္ U 12 ျမန္မာလက္ေရြးစင္ ေဘာလံုးအသင္း ၾသဂုတ္လ (၁၃)ရက္ေန႔တြင္ ဗီယက္နမ္၊ ထုိင္းတို႔ႏွင့္ ကစားမည္

တာခ်ီလိတ္မွ လူငယ္အားကစားသမား (၃)ဦး ပါ၀င္သည့္ U 12 ျမန္မာလက္ေရြးစင္ ေဘာလံုးအသင္း ၾသဂုတ္လ (၁၃)ရက္ေန႔တြင္ ဗီယက္နမ္၊ ထုိင္းတို႔ႏွင့္ ကစားမည္
သြဂုတ် 12, 2018
By Tachileik News Agency

တရုတ္ႏုိင္ငံတြင္ က်င္းပေနသည့္ တရုတ္ -  အာဆီယံဖိတ္ေခၚၿပိဳင္ပြဲသို႔ သြားေရာက္ယွဥ္ၿပိဳင္ေနသည့္ ျမန္မာ U 12 လက္ေရြးစင္ အသင္းသည္ ၾသဂုတ္လ(၁၃)ရက္ေန႔ နံနက္ပို္င္းပြဲစဥ္တြင္ ဗီယက္နမ္ႏွင့္ ကစားရမည္ျဖစ္ၿပီး ညေနပိုင္းပြဲစဥ္တြင္ ထုိင္းနုိင္ငံအသင္းႏွင့္ ကစားရမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ U 12 လက္ေရြးစင္အသင္းတြင္ ကစားသမား (၁၅)ဦးႏွင့္အတူ အုပ္ခ်ဳပ္သူအျဖစ္ မႏၱေလးေဘာလံုးအကယ္ဒီ ေက်ာင္းအုပ္ႀကီး ဦးစုိးညြန္႔၊ မႏၱေလး U 12 နည္းျပ ဦးညီညီထြန္း၊ ပုသိမ္ေဘာလံုး အကယ္ဒမီမွ ဦးစည္သူတို႔ လုိက္ပါလ်က္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၀)ရက္ေန႔ ညပိုင္းက တရုတ္ႏုိင္ငံသို႔ ထြက္ခြာသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ U 12 လက္ေရြးစင္အသင္းမွ ကစားသမား(၁၅)ဦးတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္မွ ကစားသမား(၃)ဦး ပါဝင္ေၾကာင္း သိရသည္။

“မႏွစ္က ကၽြန္ေတာ္တုိ႔ တာခ်ီလိတ္ကေန ေဘာလံုးအကယ္ဒမီအတြက္ ေရြးခ်ယ္ခံရတဲ့ ကေလး(၄)ဦးထဲက မႏၱေလးအကယ္ဒမီမွာ တက္ခြင့္ရတဲ့ (၃)ဦး ပါသြားတာပါ။ ပုသိမ္မွာတက္တဲ့(၁)ဦးကေတာ့ က်န္ခဲ့တယ္”ဟု တာခ်ီလိတ္ၿမိဳ႕မွ ေဘာလံုးနည္းျပ တစ္ဦးျဖစ္သူ နာကာတာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္မွ U 12 ေဘာလံုးသမား(၃)ဦးမွာ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္၏ ေဘာလုံးအကယ္ဒမီမ်ား အတြက္ ၂၀၁၇ ခုႏွစ္က ေရြးခ်ယ္ခံရသည့္ တာခ်ီလိတ္ၿမိဳ႕မွ (၄)ဦးအနက္ ျမန္မာေဘာလံုးအကယ္ဒမီ(မႏၱေလး)တြင္ တက္ေရာက္ခြင့္ရသည့္ ေမာင္ေက်ာ္လင္းေ၀၊ ေမာင္ေနကိုဟိန္း ႏွင့္ ေမာင္ရႈိင္း၀ဏၰေအာင္တို႔ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္၏ ေဘာလုံးအကယ္ဒမီမ်ားအတြက္ ၂၀၁၇ ခုႏွစ္က ရွမ္းျပည္နယ္မွွ ေဘာလုံးကစားသမား (၇)ဦးမွာ ပညာသင္ၾကားခြင့္ ေရြးခ်ယ္ခံရျခင္းျဖစ္ရာ တာခ်ီလိတ္ၿမိဳ႕မွ (၄)ဦး ပါဝင္ၿပီး (၃)ဦးမွာ ျမန္မာေဘာလံုးအကယ္ဒမီ(မႏၱေလး)ႏွင့္ က်န္တစ္ဦးမွာ ျမန္မာေဘာလံုးအကယ္ဒမီ(ပုသိမ္)တြင္ တက္ေရာက္ခြင့္ရခဲ့ၾကျခင္းျဖစ္သည္။

ျမန္မာ U 12 လက္ေရြးစင္အသင္းသည္ ၂၀၁၇ ခုႏွစ္ကတည္း တ႐ုတ္ဖိတ္ေခၚၿပိဳင္ပြဲ သြားေရာက္ ကစားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - MM U12


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံတွင် ကျင်းပနေသည့် တရုတ် - အာဆီယံဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နေသည့် မြန်မာ U 12 လက်ရွေးစင် အသင်းသည် သြဂုတ်လ(၁၃)ရက်နေ့ နံနက်ပို်င်းပွဲစဉ်တွင် ဗီယက်နမ်နှင့် ကစားရမည်ဖြစ်ပြီး ညနေပိုင်းပွဲစဉ်တွင် ထိုင်းနိုင်ငံအသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ U 12 လက်ရွေးစင်အသင်းတွင် ကစားသမား (၁၅)ဦးနှင့်အတူ အုပ်ချုပ်သူအဖြစ် မန္တလေးဘောလုံးအကယ်ဒီ ကျောင်းအုပ်ကြီး ဦးစိုးညွန့်၊ မန္တလေး U 12 နည်းပြ ဦးညီညီထွန်း၊ ပုသိမ်ဘောလုံး အကယ်ဒမီမှ ဦးစည်သူတို့ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၀)ရက်နေ့ ညပိုင်းက တရုတ်နိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ U 12 လက်ရွေးစင်အသင်းမှ ကစားသမား(၁၅)ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မှ ကစားသမား(၃)ဦး ပါဝင်ကြောင်း သိရသည်။

“မနှစ်က ကျွန်တော်တို့ တာချီလိတ်ကနေ ဘောလုံးအကယ်ဒမီအတွက် ရွေးချယ်ခံရတဲ့ ကလေး(၄)ဦးထဲက မန္တလေးအကယ်ဒမီမှာ တက်ခွင့်ရတဲ့ (၃)ဦး ပါသွားတာပါ။ ပုသိမ်မှာတက်တဲ့(၁)ဦးကတော့ ကျန်ခဲ့တယ်”ဟု တာချီလိတ်မြို့မှ ဘောလုံးနည်းပြ တစ်ဦးဖြစ်သူ နာကာတာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မှ U 12 ဘောလုံးသမား(၃)ဦးမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးအကယ်ဒမီများ အတွက် ၂၀၁၇ ခုနှစ်က ရွေးချယ်ခံရသည့် တာချီလိတ်မြို့မှ (၄)ဦးအနက် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)တွင် တက်ရောက်ခွင့်ရသည့် မောင်ကျော်လင်းေဝ၊ မောင်နေကိုဟိန်း နှင့် မောင်ရှိုင်းဝဏ္ဏအောင်တို့ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးအကယ်ဒမီများအတွက် ၂၀၁၇ ခုနှစ်က ရှမ်းပြည်နယ်မှ ဘောလုံးကစားသမား (၇)ဦးမှာ ပညာသင်ကြားခွင့် ရွေးချယ်ခံရခြင်းဖြစ်ရာ တာချီလိတ်မြို့မှ (၄)ဦး ပါဝင်ပြီး (၃)ဦးမှာ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)နှင့် ကျန်တစ်ဦးမှာ မြန်မာဘောလုံးအကယ်ဒမီ(ပုသိမ်)တွင် တက်ရောက်ခွင့်ရခဲ့ကြခြင်းဖြစ်သည်။

မြန်မာ U 12 လက်ရွေးစင်အသင်းသည် ၂၀၁၇ ခုနှစ်ကတည်း တရုတ်ဖိတ်ခေါ်ပြိုင်ပွဲ သွားရောက် ကစားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - MM U12

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~