သိန္းနီၿမိဳ႕နယ္အတြင္း တပ္သိမ္းေျမ ျပန္လည္စြန္႔လႊတ္ႏိုင္ေရးစိစစ္ရန္ ကြင္းဆင္းတုိင္းတာ

သိန္းနီၿမိဳ႕နယ္အတြင္း တပ္သိမ္းေျမ ျပန္လည္စြန္႔လႊတ္ႏိုင္ေရးစိစစ္ရန္ ကြင္းဆင္းတုိင္းတာ
သြဂုတ် 7, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ အတြင္း တပ္မေတာ္က သိမ္းဆည္းထားေသာ ေျမဧက (၃၀၀) ေက်ာ္ကို ျပန္လည္စြန္႔လႊတ္ေပးႏိုင္ေရးအတြက္ တပ္မေတာ္တာဝန္ရွိသူမ်ား၊ လယ္ယာေျမ စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားပါဝင္သည့္အဖြဲ႔က ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၇) ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးေနေၾကာင္း သိရသည္။

“၁၉၉၄ ခုႏွစ္ေလာက္ကတည္းက တပ္ကအဲဒီေျမေတြကို သိမ္းထားတာ။ သိမ္းၿပီးေတာ့လည္း လယ္သမား၊ ေတာင္သူေတြကပဲ အဲဒါေတြကို စိုက္ပ်ိဳးေနတာပါ။ သီးစားခ်ထားတာေတြကို ေမးၾကည့္တဲ့အခါ လယ္ေတြဆိုရင္ တစ္ႏွစ္ကို တစ္ဧကကို (၅) တင္း၊ ယာေျမက်ေတာ့ တစ္ဧကကို တစ္ႏွစ္ကို (၄၀၀၀၀) ေပးသြင္းေနရတာေတြ ကိုေတြ႔ရတယ္။ ဒါေၾကာင့္ တပ္အေနန႔ဲအသံုးမျပဳေတာ့ဘူးဆိုရင္ ျပန္လည္စြန္႔လႊတ္ေပးဖို႔  ကၽြန္မတို႕ကလည္း ေတာင္းဆိုေပးထားပါတယ္” ဟု ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ သိန္းနီမဲဆႏၵနယ္ အမွတ္( ၁ )မွ ေဒၚခင္ထားရီက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေျမဧက ၂၉၀ ေက်ာ္အား ျပန္လည္စြန္႔လႊတ္ေပးရန္ႏွင့္ ပတ္သက္၍ သိန္းနီၿမိဳ႕နယ္ လယ္ယာေျမစီမံ ခန္႔ခြဲမႈ ေကာ္မတီအပါအဝင္ ေဒသခံတပ္မ်ားျဖစ္သည့္ ခလရ (၆၉)၊ ခမရ (၃၂၃) ႏွင့္ ခမရ (၂၄၀)တို႔မွ ေနာက္တန္းမွဴး မ်ားလည္း  ပါဝင္ကြင္းဆင္းစစ္ေဆးခဲ့ကာ ျပန္လည္စြန္႔လႊတ္ေပးႏိုင္ျခင္းရွိမရွိကို ၾသဂုတ္လ (၁၄)ရက္ေန႔တြင္ တပ္မေတာ္က အတည္ျပဳေပးမည္ျဖစ္ေၾကာင္း သိရသည္။

၄င္းေျမယာမ်ားတြင္ စိုက္ပ်ိဳးေရးလုပ္ကိုင္ေနၾကသည့္ ေတာင္သူဦးေရ (၈၀) ခန္႔က တပ္မွအသံုးမျပဳေတာ့သည့္ ေျမယာ ဧက (၂၉၀) ေက်ာ္တို႔ကို ျပန္လည္စႊန္႔လႊတ္ေပးေစလိုေၾကာင္း ေတာင္းဆိုျခင္းေၾကာင့္ ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခြဲမႈေကာ္မတီက ေခၚယူစစ္ေဆးၿပီးေနာက္ တပ္မေတာ္မွ တာဝန္ရိွသူမ်ားႏွင့္ ေျမျပင္ကြင္းဆင္းျခင္းကို လုပ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
သိန်းနီမြို့နယ်အတွင်း တပ်သိမ်းမြေ ပြန်လည်စွန့်လွှတ်နိုင်ရေးစိစစ်ရန် ကွင်းဆင်းတိုင်းတာ
****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် အတွင်း တပ်မတော်က သိမ်းဆည်းထားသော မြေဧက (၃၀၀) ကျော်ကို ပြန်လည်စွန့်လွှတ်ပေးနိုင်ရေးအတွက် တပ်မတော်တာဝန်ရှိသူများ၊ လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့က ၂၀၁၈ ခုနှစ် သြဂုတ်လ (၇) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။

“၁၉၉၄ ခုနှစ်လောက်ကတည်းက တပ်ကအဲဒီမြေတွေကို သိမ်းထားတာ။ သိမ်းပြီးတော့လည်း လယ်သမား၊ တောင်သူတွေကပဲ အဲဒါတွေကို စိုက်ပျိုးနေတာပါ။ သီးစားချထားတာတွေကို မေးကြည့်တဲ့အခါ လယ်တွေဆိုရင် တစ်နှစ်ကို တစ်ဧကကို (၅) တင်း၊ ယာမြေကျတော့ တစ်ဧကကို တစ်နှစ်ကို (၄၀၀၀၀) ပေးသွင်းနေရတာတွေ ကိုတွေ့ရတယ်။ ဒါကြောင့် တပ်အနေနဲ့အသုံးမပြုတော့ဘူးဆိုရင် ပြန်လည်စွန့်လွှတ်ပေးဖို့  ကျွန်မတို့ကလည်း တောင်းဆိုပေးထားပါတယ်” ဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သိန်းနီမဲဆန္ဒနယ် အမှတ်( ၁ )မှ ဒေါ်ခင်ထားရီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေဧက ၂၉၀ ကျော်အား ပြန်လည်စွန့်လွှတ်ပေးရန်နှင့် ပတ်သက်၍ သိန်းနီမြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲမှု ကော်မတီအပါအဝင် ဒေသခံတပ်များဖြစ်သည့် ခလရ (၆၉)၊ ခမရ (၃၂၃) နှင့် ခမရ (၂၄၀)တို့မှ နောက်တန်းမှူး များလည်း  ပါဝင်ကွင်းဆင်းစစ်ဆေးခဲ့ကာ ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းရှိမရှိကို သြဂုတ်လ (၁၄)ရက်နေ့တွင် တပ်မတော်က အတည်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

၎င်းမြေယာများတွင် စိုက်ပျိုးရေးလုပ်ကိုင်နေကြသည့် တောင်သူဦးရေ (၈၀) ခန့်က တပ်မှအသုံးမပြုတော့သည့် မြေယာ ဧက (၂၉၀) ကျော်တို့ကို ပြန်လည်စွှန့်လွှတ်ပေးစေလိုကြောင်း တောင်းဆိုခြင်းကြောင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီက ခေါ်ယူစစ်ဆေးပြီးနောက် တပ်မတော်မှ တာဝန်ရှိသူများနှင့် မြေပြင်ကွင်းဆင်းခြင်းကို လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~