တာခ်ီလိတ္ၿမိဳ႕တြင္း ေရေပးေဝေရးကို ၾသဂုတ္လ(၁၇)ရက္ေန႔ နံနက္(၉)နာရီမွ ညေန(၅)နာရီအထိ ျဖတ္ေတာက္ထားမည္

တာခ်ီလိတ္ၿမိဳ႕တြင္း ေရေပးေဝေရးကို ၾသဂုတ္လ(၁၇)ရက္ေန႔ နံနက္(၉)နာရီမွ ညေန(၅)နာရီအထိ ျဖတ္ေတာက္ထားမည္
သြဂုတ် 16, 2018
By 🌸
တာခ်ီလိတ္(ရွမ္းအေရွ႕) ေရေပးေဝေရးကုမၸဏီလီမိတက္က ၿမိဳ႕တြင္းေရပိုက္လုိုင္းဆက္သည့္လုပ္ငန္း ေဆာင္ရြက္မည္ျဖစ္သျဖင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔ နံနက္(၉)နာရီမွ ညေန (၅)နာရီအထိ ေရျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

တာေလာ့ရပ္ကြက္ Happy စားေသာက္ဆုိင္ေရွ႕ရိွ ပိုက္လုိင္းဆက္သည့္လုပ္ငန္း ေဆာင္ရြက္မည္ျဖစ္၍ ပုန္းထြန္ကားေလးဂိတ္မွစ၍ ဝါးဆိပ္လမ္းဘက္အျခမ္း၊ ပုန္းထြန္ရပ္ကြက္ အလူလာဟိုတယ္ဘက္အျခမ္း၊ ပုန္းထြန္မွ ၿမိဳ႕တြင္းသို႔ ျပည္ေထာင္စုလမ္းမႀကီး၏ ညာဘက္ျခမ္း၊ ေဗဒါလမ္းတစ္ေလွ်ာက္၊ ေရႊနန္းေတာ္ကုန္တုိက္မွ တာေလာ့ရပ္ကြက္ေနအိမ္အားလံုး၊ ေမဖလားဝါးကြင္းၿမိဳ႕ပတ္လမ္းရိွ အိမ္ေျခမ်ား၊ မကာဟိုခမ္းရပ္ကြက္ ႏွင္းဆီလမ္း၊ မဥၨဴလမ္း၊ စြယ္ေတာ္လမ္း၊ ဝမ္ေကာင္းရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းေဘးႏွင့္ မဟာဗႏၶဳလလမ္းေဘးရိွ အိမ္ေျခမ်ားအားလံုး ေရျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္(ရွမ္းအေရွ႕) ေရေပးေဝေရးကုမၸဏီလီမိတက္၏ အသိေပးစာအရသိရသည္။

ဓါတ္ပံု - Tess Water

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင်း ရေပေးဝေရေးကို သြဂုတ်လ(၁၇)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ ဖြတ်တောက်ထားမည်
***********
တာချီလိတ်(ရှမ်းအရှေ့) ရေပေးဝေရေးကုမ္ပဏီလီမိတက်က မြို့တွင်းရေပိုက်လိုင်းဆက်သည့်လုပ်ငန်း ဆောင်ရွက်မည်ဖြစ်သဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့ နံနက်(၉)နာရီမှ ညနေ (၅)နာရီအထိ ရေဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

တာလော့ရပ်ကွက် Happy စားသောက်ဆိုင်ရှေ့ရှိ ပိုက်လိုင်းဆက်သည့်လုပ်ငန်း ဆောင်ရွက်မည်ဖြစ်၍ ပုန်းထွန်ကားလေးဂိတ်မှစ၍ ဝါးဆိပ်လမ်းဘက်အခြမ်း၊ ပုန်းထွန်ရပ်ကွက် အလူလာဟိုတယ်ဘက်အခြမ်း၊ ပုန်းထွန်မှ မြို့တွင်းသို့ ပြည်ထောင်စုလမ်းမကြီး၏ ညာဘက်ခြမ်း၊ ဗေဒါလမ်းတစ်လျှောက်၊ ရွှေနန်းတော်ကုန်တိုက်မှ တာလော့ရပ်ကွက်နေအိမ်အားလုံး၊ မေဖလားဝါးကွင်းမြို့ပတ်လမ်းရှိ အိမ်ခြေများ၊ မကာဟိုခမ်းရပ်ကွက် နှင်းဆီလမ်း၊ မဉ္ဇူလမ်း၊ စွယ်တော်လမ်း၊ ဝမ်ကောင်းရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးနှင့် မဟာဗန္ဓုလလမ်းဘေးရှိ အိမ်ခြေများအားလုံး ရေဖြတ်တောက်ထားမည်ဖြစ်ကြောင်း တာချီလိတ်(ရှမ်းအရှေ့) ရေပေးဝေရေးကုမ္ပဏီလီမိတက်၏ အသိပေးစာအရသိရသည်။

ဓါတ်ပုံ - Tess Water

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~