တာခ်ီလိတ္တြင္ စြန္႔ပစ္အမိႈက္ေကာက္သူတစ္ဦး ေသနတ္ျဖင့္ အပစ္ခံရ

တာခ်ီလိတ္တြင္ စြန္႔ပစ္အမိႈက္ေကာက္သူတစ္ဦး ေသနတ္ျဖင့္ အပစ္ခံရ
သြဂုတ် 7, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ စြန္႔ပစ္အမိႈက္ေကာက္သူ(ေဒသအေခၚ ကီလိုေကာက္သူ)တစ္ဦး ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၆)ရက္ေန႔ ည(၉)နာရီဝန္းက်င္က ေသနတ္ျဖင့္ပစ္ခံထားရေၾကာင္း ၾသဂုတ္လ(၇) ရက္ေန႔ နံနက္ပိုင္းတြင္ ရဲတပ္ဖြဲ႕သို႔အေၾကာင္းၾကားလာသျဖင့္ ေဆးရံုတင္ပို႔ထားၿပီး အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ ့ လြယ္စတံုအမိွဳက္ပံုအနီးရိွ တဲတစ္လံုးတြင္ ေသနတ္ပစ္ခံရၿပီး ဒဏ္ရာရရွိေနသူ တစ္ဦးရွိေနသျဖင့္ လာေရာက္ကူညီေပးရန္ တာခ်ီလိတ္နာေရးကူညီမႈအသင္းသို႔ ၾသဂုတ္လ(၇)ရက္ေန႔ နံနက္တြင္ ဖုန္းဆက္အေၾကာင္းၾကားလာသျဖင့္ နာေရးကူညီမႈအသင္းက တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕သို႔ နံနက္(၁၀)နာရီ (၄၀)မိနစ္တြင္ ဆက္သြယ္အေၾကာင္းၾကားေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသနတ္ျဖင့္ပစ္ခံရသူမွာ မ်ိဳးေက်ာ္(ခ)ကရင္မဆိုသူျဖစ္ၿပီး ၎သည္ ၾသဂုတ္လ(၆)ရက္ေန႔ညက စြန္႔ပစ္အမိႈက္ေကာက္ရန္ လြယ္စတံုအမိႈက္ပံုေဘးရိွေနအိမ္တဲမွ ၿမိဳ႕ေရွာင္လမ္းမႀကီးအတုိင္း တြန္းလွည္းျဖင့္ ထြက္လာရာ ည(၉)နာရီဝန္းက်င္၌ တာေဝမီးစက္အနီးေရာက္ရိွစဥ္ ေမာ္ေတာ္ယာဥ္တစ္စီးက အေနာက္မွ ေက်ာ္ေမာင္းသြားရာမွ ေနာက္ဆုတ္လာကာ ေမာ္ေတာ္ယာဥ္ေပၚမွ အမ်ိဳးသားတစ္ဦးက ေသနတ္ျဖင့္ဆင္းပစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသနတ္ပစ္ခံရသျဖင့္ တြန္းလဲွေနာက္တြင္ လဲက်သြားစဥ္ ေမာ္ေတာ္ယာဥ္ ျပန္လည္ေမာင္းႏွင္ထြက္ခြာသြားျခင္းျဖစ္ေၾကာင္း သိရသည္။

မ်ိဳးေက်ာ္(ခ)ကရင္မသည္ ေသနတ္ပစ္ခတ္ခံရမႈေၾကာင့္ လည္ပင္း၊ လက္ႏွင့္ ေပါင္တို႔တြင္ က်ည္ေဖာက္ဝင္၊ ေဖာက္ထြက္ဒဏ္ရာ (၆)ခ်က္ရရိွသြားၿပီးေနာက္ ကိုက္ (၅၀၀)ခန္႔အကြာရိွ ၎၏တဲအိမ္သို႔ ျပန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ရရွိတဲ့ဒဏ္ရာနဲ ့သူေနတဲ့ တဲကိုေရာက္ေအာင္ျပန္လာပါတယ္။ ျဖစ္ျဖစ္ခ်င္း ဖုန္းမဆက္ရဲလို႔ အခုမနက္မွ ဖုန္းဆက္ရပါတယ္လို႕ လူနာကိုယ္တိုင္ကေျပာတယ္”ဟု လူနာအားသြားသယ္ေပးသည့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ဦးလွမိုးက လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားထားသည္။

ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား စစ္ေဆးရာ 9MM Luger အမ်ိဳးအစား က်ည္ခြံ(၄)ခုႏွင့္ ဓါးတစ္ေခ်ာင္းတို႔ကို သိမ္းဆည္းရမိထားေၾကာင္း သိရၿပီး အဆုိပါပစ္ခတ္မႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၆၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇/၃၂၆ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် စွန့်ပစ်အမှိုက်ကောက်သူတစ်ဦး သေနတ်ဖြင့် အပစ်ခံရ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စွန့်ပစ်အမှိုက်ကောက်သူ(ဒေသအခေါ် ကီလိုကောက်သူ)တစ်ဦး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၆)ရက်နေ့ ည(၉)နာရီဝန်းကျင်က သေနတ်ဖြင့်ပစ်ခံထားရကြောင်း သြဂုတ်လ(၇) ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့သို့အကြောင်းကြားလာသဖြင့် ဆေးရုံတင်ပို့ထားပြီး အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့ လွယ်စတုံအမှိုက်ပုံအနီးရှိ တဲတစ်လုံးတွင် သေနတ်ပစ်ခံရပြီး ဒဏ်ရာရရှိနေသူ တစ်ဦးရှိနေသဖြင့် လာရောက်ကူညီပေးရန် တာချီလိတ်နာရေးကူညီမှုအသင်းသို့ သြဂုတ်လ(၇)ရက်နေ့ နံနက်တွင် ဖုန်းဆက်အကြောင်းကြားလာသဖြင့် နာရေးကူညီမှုအသင်းက တာချီလိတ်မြို့မရဲတပ်ဖွဲ့သို့ နံနက်(၁၀)နာရီ (၄၀)မိနစ်တွင် ဆက်သွယ်အကြောင်းကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခံရသူမှာ မျိုးကျော်(ခ)ကရင်မဆိုသူဖြစ်ပြီး ၎င်းသည် သြဂုတ်လ(၆)ရက်နေ့ညက စွန့်ပစ်အမှိုက်ကောက်ရန် လွယ်စတုံအမှိုက်ပုံဘေးရှိနေအိမ်တဲမှ မြို့ရှောင်လမ်းမကြီးအတိုင်း တွန်းလှည်းဖြင့် ထွက်လာရာ ည(၉)နာရီဝန်းကျင်၌ တာဝေမီးစက်အနီးရောက်ရှိစဉ် မော်တော်ယာဉ်တစ်စီးက အနောက်မှ ကျော်မောင်းသွားရာမှ နောက်ဆုတ်လာကာ မော်တော်ယာဉ်ပေါ်မှ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ဆင်းပစ်ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ပစ်ခံရသဖြင့် တွန်းလဲှနောက်တွင် လဲကျသွားစဉ် မော်တော်ယာဉ် ပြန်လည်မောင်းနှင်ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

မျိုးကျော်(ခ)ကရင်မသည် သေနတ်ပစ်ခတ်ခံရမှုကြောင့် လည်ပင်း၊ လက်နှင့် ပေါင်တို့တွင် ကျည်ဖောက်ဝင်၊ ဖောက်ထွက်ဒဏ်ရာ (၆)ချက်ရရှိသွားပြီးနောက် ကိုက် (၅၀၀)ခန့်အကွာရှိ ၎င်း၏တဲအိမ်သို့ ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရရှိတဲ့ဒဏ်ရာနဲ့သူနေတဲ့ တဲကိုရောက်အောင်ပြန်လာပါတယ်။ ဖြစ်ဖြစ်ချင်း ဖုန်းမဆက်ရဲလို့ အခုမနက်မှ ဖုန်းဆက်ရပါတယ်လို့ လူနာကိုယ်တိုင်ကပြောတယ်”ဟု လူနာအားသွားသယ်ပေးသည့် တာချီလိတ်နာရေးကူညီမှုအသင်းမှ ဦးလှမိုးက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးရာ 9MM Luger အမျိုးအစား ကျည်ခွံ(၄)ခုနှင့် ဓါးတစ်ချောင်းတို့ကို သိမ်းဆည်းရမိထားကြောင်း သိရပြီး အဆိုပါပစ်ခတ်မှုအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၆၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ဓါတ်ပုံ - ရဲတပ်ဖွဲ့
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~