တာခ်ီလိတ္သို႔ ခိုးဝင္လာၿပီး မူးယစ္ေဆးသံုးသည့္ ထုိင္းႏုိင္ငံသားတစ္ဦးကို ဖမ္းဆီးရမိ

တာခ်ီလိတ္သို႔ ခိုးဝင္လာၿပီး မူးယစ္ေဆးသံုးသည့္ ထုိင္းႏုိင္ငံသားတစ္ဦးကို ဖမ္းဆီးရမိ
သြဂုတ် 4, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ မယ္ဆုိင္ေခ်ာင္းမွ တရားမဝင္ျဖတ္ကူးလာသည့္ ထုိင္းႏုိင္ငံသား(၁)ဦးကို စိတ္ၾကြေဆးျပား (၆၀၀)ႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၄)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ခရုိင္ရဲတပ္ဖြဲ႕၊ မွဳခင္းႏွိမ္နင္းေရးအဖြဲ႕ႏွင့္သက္ေသမ်ားပါဝင္သည့္အဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၄)ရက္ေန႔ နံနက္ (၃)နာရီခြဲဝန္းက်င္က ဆန္ဆုိင္း(ခ)ရပ္ကြက္၊ ဝမ္မုိင္ရြာလယ္လမ္းတြင္ေတြ႔ရသည့္ အမ်ိဳးသားတစ္ဦးအားစစ္ေဆးရာ  ထုိင္းႏုိင္ငံသား Nakarin Mauengkeaw ဆုိသူျဖစ္ေၾကာင္း စစ္ေဆးသိရိွရၿပီး ၎၏လြယ္အိတ္အတြင္းမွ စိတ္ၾကြေဆးျပား (၆၀၀)ႏွင့္ ထိုင္းဘတ္ေငြ (၁၂၀၀)တို႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

၎သည္ ၾသဂုတ္လ(၃)ရက္ေန႔  ည(၁၁)နာရီဝန္းက်င္က မယ္ဆုိင္ေခ်ာင္းမွတစ္ဆင့္ ျမန္မာႏုိင္ငံ ၊ ပုန္းထြန္ရပ္ကြက္သုိ႔ ခုိး၀င္လာကာ ေက်ာက္ေတာင္သခ်ိဳ ၤင္း၌ မူးယစ္ေဆး၀ါးသံုးစြဲၿပီး ျပန္လာစဥ္အဖမ္းခံရျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သိရသည္။

မူးယစ္ေဆးႏွင့္အတူ ဖမ္းဆီးရမိသည့္ ထုိင္းႏုိင္ငံသား  Nakarin Mauengkeawအား  တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၆၃/၂၀၁၈ ၊ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၉(က) ၊ ၂၀(က) အရ အမႈဖြင့္အေရးယူထားသည့္အျပင္ လူ၀င္မွဳႀကီးၾကပ္ေရး ဥပေဒအရ အေရးယူရန္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓါတ္ပံု- ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်သို့ ခိုးဝင်လာပြီး မူးယစ်ဆေးသုံးသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းမှ တရားမဝင်ဖြတ်ကူးလာသည့် ထိုင်းနိုင်ငံသား(၁)ဦးကို စိတ်ကြွဆေးပြား (၆၀၀)နှင့်အတူ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေးအဖွဲ့နှင့်သက်သေများပါဝင်သည့်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့ နံနက် (၃)နာရီခွဲဝန်းကျင်က ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာလယ်လမ်းတွင်တွေ့ရသည့် အမျိုးသားတစ်ဦးအားစစ်ဆေးရာ  ထိုင်းနိုင်ငံသား Nakarin Mauengkeaw ဆိုသူဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၆၀၀)နှင့် ထိုင်းဘတ်ငွေ (၁၂၀၀)တို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် သြဂုတ်လ(၃)ရက်နေ့  ည(၁၁)နာရီဝန်းကျင်က မယ်ဆိုင်ချောင်းမှတစ်ဆင့် မြန်မာနိုင်ငံ ၊ ပုန်းထွန်ရပ်ကွက်သို့ ခိုးဝင်လာကာ ကျောက်တောင်သချို ၤင်း၌ မူးယစ်ဆေးဝါးသုံးစွဲပြီး ပြန်လာစဉ်အဖမ်းခံရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား  Nakarin Mauengkeawအား  တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၆၃/၂၀၁၈ ၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၉(က) ၊ ၂၀(က) အရ အမှုဖွင့်အရေးယူထားသည့်အပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူရန် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ဓါတ်ပုံ- ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~