တာခ်ီလိတ္ၿမိဳ႕မွ အဘိဓမၼာသင္တန္းတက္ေရာက္လိုသူမ်ား ၾသဂုတ္လ(၁၅)ရက္ေန႔ ေနာက္ဆံုးထား၍ တက္ေရာက္ႏုိင္

တာခ်ီလိတ္ၿမိဳ႕မွ အဘိဓမၼာသင္တန္းတက္ေရာက္လိုသူမ်ား ၾသဂုတ္လ(၁၅)ရက္ေန႔ ေနာက္ဆံုးထား၍ တက္ေရာက္ႏုိင္
သြဂုတ် 5, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အဘိဓမၼာသင္တန္းတက္ေရာက္လိုသူမ်ားအေနျဖင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔ ေနာက္ဆံုးထားၿပီး အဘိဓမၼာျပန္႔ပြားေရးအသင္းခြဲ (၆/၅၅၀) တာေလာ့တရားရိပ္သာတြင္ ညေနတိုင္း တက္ေရာက္ႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

အဘိဓမၼာသင္တန္းကို ၾသဂုတ္လ(၁)ရက္ေန႔မွစ၍ဖြင့္လွစ္ထားေသာ္လည္း ၾသဂုတ္လ(၁၅)ရက္ေန႔အထိ စာရင္းလက္ခံကာ သင္ၾကားထားသည္မ်ားကို ျပန္လည္သင္ၾကားေပးသြားရန္ စီစဥ္ေပးထားေၾကာင္း သိရသည္။

သင္တန္းခ်ိန္မွာ အပတ္စဥ္ တနလၤာေန႔မွ ေသာၾကာေန႔အထိ ည(၆)နာရီမွ ည(၈)နာရီခြဲအထိျဖစ္ၿပီး သင္တန္းကာလမွာ ဒီဇင္ဘာလ(၃၁)ရက္ေန႔အထိ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းတက္ေရာက္ရန္ စိတ္ဝင္စားသူမည္သူမဆို တက္ေရာက္ႏုိင္ၿပီး သင္တန္းအတြက္ လိုအပ္သည့္ စာရြက္စာတမ္းမ်ားကိုလည္း အခမဲ့ေပးထားေၾကာင္း သိရသည္။

အဘိဓမၼာသင္တန္းတက္ေရာက္လိုသူမ်ားအေနျဖင့္ အကြက္(၃)၊ အမွတ္(၉၉)၊ ဦးေအာင္ေဇယ်လမ္း၊ တာေလာ့ရပ္ကြက္ရိွ အဘိဓမၼာျပန္႔ပြားေရးအသင္းခြဲ (၆/၅၅၀)၊ တာေလာ့တရားရိပ္သာတြင္ တက္ေရာက္ႏိုင္ၿပီး အေသးစိတ္သိရိွလိုပါက ဦးမ်ိဳးလိႈင္ဦး ဖုန္း 09769792447 သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့မှ အဘိဓမ္မာသင်တန်းတက်ရောက်လိုသူများ သြဂုတ်လ(၁၅)ရက်နေ့ နောက်ဆုံးထား၍ တက်ရောက်နိုင်
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အဘိဓမ္မာသင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ နောက်ဆုံးထားပြီး အဘိဓမ္မာပြန့်ပွားရေးအသင်းခွဲ (၆/၅၅၀) တာလော့တရားရိပ်သာတွင် ညနေတိုင်း တက်ရောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

အဘိဓမ္မာသင်တန်းကို သြဂုတ်လ(၁)ရက်နေ့မှစ၍ဖွင့်လှစ်ထားသော်လည်း သြဂုတ်လ(၁၅)ရက်နေ့အထိ စာရင်းလက်ခံကာ သင်ကြားထားသည်များကို ပြန်လည်သင်ကြားပေးသွားရန် စီစဉ်ပေးထားကြောင်း သိရသည်။

သင်တန်းချိန်မှာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ည(၆)နာရီမှ ည(၈)နာရီခွဲအထိဖြစ်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပြီး သင်တန်းအတွက် လိုအပ်သည့် စာရွက်စာတမ်းများကိုလည်း အခမဲ့ပေးထားကြောင်း သိရသည်။

အဘိဓမ္မာသင်တန်းတက်ရောက်လိုသူများအနေဖြင့် အကွက်(၃)၊ အမှတ်(၉၉)၊ ဦးအောင်ဇေယျလမ်း၊ တာလော့ရပ်ကွက်ရှိ အဘိဓမ္မာပြန့်ပွားရေးအသင်းခွဲ (၆/၅၅၀)၊ တာလော့တရားရိပ်သာတွင် တက်ရောက်နိုင်ပြီး အသေးစိတ်သိရှိလိုပါက ဦးမျိုးလှိုင်ဦး ဖုန်း 09769792447 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~