တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်း Wifi Service လာရောက် ဆောင်ရွက်ပေးသူ၏ ဆိုင်ကယ်တစ်စီး တစ်နာရီဝန်းကျင်အတွင်း ခိုးခံရ

တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်း Wifi Service လာရောက် ဆောင်ရွက်ပေးသူ၏ ဆိုင်ကယ်တစ်စီး တစ်နာရီဝန်းကျင်အတွင်း ခိုးခံရ
သွဂုတျ 9, 2018
By Tachileik News Agency


တာချီလိတ်တွင် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဝေယံဦး နှင့်အတူ ကိုစိုးထက်အောင်တို့သည် ၂၀၁၈ခုနှစ် သြဂုတ်လ(၇)ရက်နေ့ ညနေ(၅)နာရီခွဲ ၀န်းကျင်အချိန်က ၀ိန်းကျောက် ရပ်ကွက်အတွင်း၊ ၀ိန်းကျောက်ဟိုတယ်ရှေ့ရှိ နေအိမ်သို့ ၁၅/ယ ၉၄၆၈၅  Honda Wave 125 (လိုင်စင်ရှိ) ဆိုင်ကယ်ဖြင့် သွားရောက်ပြီးနောက် နေအိမ်ရှေ့လမ်းဘေးတွင် ဆိုင်ကယ်အား ရပ်ထားခဲ့ပြီး နေအိမ် အတွင်းသို့ ၀င်ကာ Wifi Service ဆောင်ရွက်ပေးပြီးနောက် (၁)နာရီခန့် အကြာ လုပ်ငန်းဆောင်ရွက်ပြီး၍ ကုမ္ပဏီသို့ ပြန်ရန်အတွက် ဆိုင်ကယ်ရပ်ထားရာ နေရာသို့ သွားရောက်သည့် အခါမှာ ရပ်ထားခဲ့သည့် ဆိုင်ကယ်မှာ မရှိတော့ဘဲ ပျောက်ဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါနေရာတွင် ရပ်တန့်ထားသည့် ဆိုင်ကယ်အား မတွေ့တော့၍ အနီးပတ်ဝန်းကျင်များထံ မေးမြန်းခြင်း နှင့် လိုက်လံရှာဖွေခြင်းများ ပြုလုပ်သော်လည်း ပြန်လည် တွေ့ရှိရခြင်း မရှိ၍  ကိုစိုးထက်အောင်က တရားလို ပြုလုပ်ကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၆၄၊/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မဆ)ဖြင့် အမှုဖွင့်ထားကြောင်းနှင့် ဒုရဲအုပ်အောင်ကိုကိုကျော်မှ စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အတွင်း၌ Wifi Service လာရောက် ဆောင်ရွက်ပေးသူ၏ ဆိုင်ကယ်တစ်စီး တစ်နာရီဝန်းကျင် အတွင်း ခိုးခံလိုက်မှု ဖြစ်ပွား​၍ တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

တာချီလိတ်တွင် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကေိုဝယံဦး နှင့်အတူ ကိုစိုးထက်အောင်တို့သည် ၂၀၁၈ခုနှစ် သြဂုတ်လ(၇)ရက်နေ့ ညနေ(၅)နာရီခွဲ ဝန်းကျင်အချိန်က ဝိန်းကျောက် ရပ်ကွက်အတွင်း၊ ဝိန်းကျောက်ဟိုတယ်ရှေ့ရှိ နေအိမ်သို့ ၁၅/ယ ၉၄၆၈၅ Honda Wave 125 (လိုင်စင်ရှိ) ဆိုင်ကယ်ဖြင့် သွားရောက်ပြီးနောက် နေအိမ်ရှေ့လမ်းဘေးတွင် ဆိုင်ကယ်အား ရပ်ထားခဲ့ပြီး နေအိမ် အတွင်းသို့ ဝင်ကာ Wifi Service ဆောင်ရွက်ပေးပြီးနောက် (၁)နာရီခန့် အကြာ လုပ်ငန်းဆောင်ရွက်ပြီး၍ ကုမ္ပဏီသို့ ပြန်ရန်အတွက် ဆိုင်ကယ်ရပ်ထားရာ နေရာသို့ သွားရောက်သည့် အခါမှာ ရပ်ထားခဲ့သည့် ဆိုင်ကယ်မှာ မရှိတော့ဘဲ ပျောက်ဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါနေရာတွင် ရပ်တန့်ထားသည့် ဆိုင်ကယ်အား မတွေ့တော့၍ အနီးပတ်ဝန်းကျင်များထံ မေးမြန်းခြင်း နှင့် လိုက်လံရှာဖွခြေင်းများ ပြုလုပ်သော်လည်း ပြန်လည် တွေ့ရှိရခြင်း မရှိ၍ ကိုစိုးထက်အောင်က တရားလို ပြုလုပ်ကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၆၄၊/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မဆ)ဖြင့် အမှုဖွင့်ထားကြောင်းနှင့် ဒုရဲအုပ်အောင်ကိုကိုကျော်မှ စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~