ေပ်ာ္ဘြယ္ၿမိဳ႕နယ္၌ ေခြး (၅)ေကာင္ ဝိုင္းကိုက္ခံရ၍ အသက္(၄)ႏွစ္အရြယ္ကေလးေသဆံုး

ေပ်ာ္ဘြယ္ၿမိဳ႕နယ္၌ ေခြး (၅)ေကာင္ ဝိုင္းကိုက္ခံရ၍ အသက္(၄)ႏွစ္အရြယ္ကေလးေသဆံုး
သြဂုတ် 15, 2018
By 🌸
မႏၱေလးတုိင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ဒီးဒုတ္ကုန္းေက်း႐ြာတြင္ အသက္(၄)ႏွစ္အရြယ္ကေလးတစ္ဦး ေခြးကိုက္ခံရသည့္ ဒဏ္ရာမ်ားျဖင့္ ေဆးရံုတင္ပို႔စဥ္ ေသဆံုးသြားေၾကာင္း သိရသည္။

ဒီးဒုတ္ကုန္းေက်းရြာတြင္၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၄) ရက္ေန႔ နံနက္(၉)နာရီခြဲဝန္းက်င္တြင္ အသက္(၄)ႏွစ္အရြယ္ မဖူးေဝေအာင္သည္ ေနအိမ္အျပင္ဘက္သို႔ ထြက္သြားရာမွ ေနအိမ္ႏွင့္ ကိုက္ (၅၀) ခန္႔အကြာရွိ ဓမၼာ႐ုံအနီးတြင္ ေခြးေလေခြးလြင့္ (၅) ေကာင္မွ ဝိုင္းဝန္းကိုက္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ေခြးကိုက္ခံရသျဖင့္ ဦးေခါင္းတစ္ခုလုံးစုတ္ၿပဲ၍ ခႏၶာကိုယ္ပြန္းျခစ္ဒဏ္ရာမ်ား အျပင္းအထန္ရရိွသြားသျဖင့္ (၁၀)နာရီ (၄၅)မိနစ္တြင္ ယင္းေတာ္တိုက္နယ္ေဆး႐ုံသို႔ တင္ပို႔ခဲ့ရာ (၁၁)နာရီေက်ာ္တြင္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈႏွင့္ပတ္သက္၍ ေပ်ာ္ဘြယ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၁၁/၂၀၁၈)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ပျော်ဘွယ်မြို့နယ်၌ ခွေး (၅)ကောင် ဝိုင်းကိုက်ခံရ၍ အသက်(၄)နှစ်အရွယ်ကလေးသေဆုံး
****************
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာတွင် အသက်(၄)နှစ်အရွယ်ကလေးတစ်ဦး ခွေးကိုက်ခံရသည့် ဒဏ်ရာများဖြင့် ဆေးရုံတင်ပို့စဉ် သေဆုံးသွားကြောင်း သိရသည်။

ဒီးဒုတ်ကုန်းကျေးရွာတွင်၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်တွင် အသက်(၄)နှစ်အရွယ် မဖူးဝေအောင်သည် နေအိမ်အပြင်ဘက်သို့ ထွက်သွားရာမှ နေအိမ်နှင့် ကိုက် (၅၀) ခန့်အကွာရှိ ဓမ္မာရုံအနီးတွင် ခွေးလေခွေးလွင့် (၅) ကောင်မှ ဝိုင်းဝန်းကိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ခွေးကိုက်ခံရသဖြင့် ဦးခေါင်းတစ်ခုလုံးစုတ်ပြဲ၍ ခန္ဓာကိုယ်ပွန်းခြစ်ဒဏ်ရာများ အပြင်းအထန်ရရှိသွားသဖြင့် (၁၀)နာရီ (၄၅)မိနစ်တွင် ယင်းတော်တိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ရာ (၁၁)နာရီကျော်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ပျော်ဘွယ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~