တရုတ္အမ်ိဳးသားႏွင္ ့ လက္ထပ္ရန္ စည္းရံုးေခၚေဆာင္သူအပါအဝင္ အမ်ိဳးသမီး(၂)ဦး တရုတ္ႏုိင္ငံဘက္ခိုးဝင္ရန္ ႀကိဳးစားစဥ္ဖမ္းမိ

တရုတ္အမ်ိဳးသားႏွင္ ့ လက္ထပ္ရန္ စည္းရံုးေခၚေဆာင္သူအပါအဝင္ အမ်ိဳးသမီး(၂)ဦး တရုတ္ႏုိင္ငံဘက္ခိုးဝင္ရန္ ႀကိဳးစားစဥ္ဖမ္းမိ
သြဂုတ် 7, 2018
By 🌸
တရုတ္အမ်ိဳးသားႏွင့္လက္ထပ္ရန္ စည္းရံုးေခၚေဆာင္သည့္ အမ်ိဳးသမီးႏွင့္  တရုတ္ႏုိင္ငံဘက္ ခိုးဝင္ရန္ ႀကိဳးစားသည့္ အမ်ိဳးသမီးတို႔ကို မူဆယ္ၿမိဳ႕နယ္၊ ဟိုေဆာင္ရြာအနီး စက္ေလွဆိပ္တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

အမွတ္(၁၇)လူကုန္တားတပ္ဖြဲ႕စု(မူဆယ္)မွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၆)ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲတြင္ မူဆယ္ၿမိဳ႕နယ္၊ ဟိုေဆာင္ေက်းရြာအနီးရိွ စက္ေလွဆိပ္တြင္ သတင္းစံုစမ္းေနစဥ္ အမ်ိဳးသမီးငယ္(၂)ဦးကို တပ္ဖြဲ႕စုရံုးသုိ႔ ေခၚေဆာင္ၿပီး ေမးျမန္းရာ အသက္(၂၂)ႏွစ္အရြယ္ အမ်ိဳးသမီးသည္ ရန္ကုန္တုိင္းေဒသႀကီးမွျဖစ္ၿပီး ေကတီဗီမွ အလုပ္ထြက္ၿပီးေနာက္ အလုပ္လက္မဲ့ျဖစ္ေနစဥ္ ယခင္ကရင္းႏွီးခဲ့ဖူးသည့္ ရွင္းျမတ္ေအး(ခ)ရွင္းရွင္းဆိုသူ ဇူလုိင္လ(၂၁)ရက္ေန႔တြင္ တရုတ္ႏုိင္ငံမွ ရန္ကုန္သို႔ ျပန္လာစဥ္ ခ်ိတ္ဆက္မိကာ တရုတ္ႏုိင္ငံဘက္ ခိုးဝင္ရန္ ေရာက္လာျခင္းျဖစ္သည္ဟု ေျပာၾကားေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံတြင္ ေနထိုင္သည့္ ရွင္းျမတ္ေအးက ၎ကိုယ္တုိင္ တရုတ္ေယာက်္ားယူထားျခင္းျဖစ္ၿပီး တရုတ္ေယာက်္ားယူပါက တစ္ႏွစ္ခန္႔ေပါင္းသင္းေနထုိင္လွ်င္ က်ပ္သိန္း(၅၀)ရမည္ဟုဆိုတာ ေခၚေဆာင္သျဖင့္ ရန္ကုန္မွ အမ်ိဳးသမီးက ၾသဂုတ္လ(၃)ရက္ေန႔တြင္ မူဆယ္သို႔ ထြက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ ၾသဂုတ္လ(၆)ရက္ေန႔တြင္ ရွင္းျမတ္ေအးႏွင့္အတူ မူဆယ္မွတစ္ဆင့္ စက္ေလွျဖင့္ တရုတ္ႏုိင္ငံဘက္သို႔ ခိုးဝင္ရန္ႀကိဳးစားေနစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း တရုတ္ႏုိင္ငံဘက္ ခိုးဝင္ရန္ႀကိဳးစားသည့္ အမ်ိဳးသမီးက ေျပာၾကားၿပီး အဆိုပါျဖစ္စဥ္မ်ား မွန္ကန္ေၾကာင္း ရွင္းျမတ္ေအး(ခ)ရွင္းရွင္းက ဝန္ခံသည္ဟု သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ရွင္းျမတ္ေအး(ခ)ရွင္းရွင္းအား မူဆယ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၃၃၃/၂၀၁၈၊ လူကုန္ကူးပုဒ္မ ၂၄/၃၂ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)

~~~~~~~~⊰❂ unicode ~~~~~~~~
တရုတ်အမျိုးသားနှင့် လက်ထပ်ရန် စည်းရုံးခေါ်ဆောင်သူအပါအဝင် အမျိုးသမီး(၂)ဦး တရုတ်နိုင်ငံဘက်ခိုးဝင်ရန် ကြိုးစားစဉ်ဖမ်းမိ
****************
တရုတ်အမျိုးသားနှင့်လက်ထပ်ရန် စည်းရုံးခေါ်ဆောင်သည့် အမျိုးသမီးနှင့်  တရုတ်နိုင်ငံဘက် ခိုးဝင်ရန် ကြိုးစားသည့် အမျိုးသမီးတို့ကို မူဆယ်မြို့နယ်၊ ဟိုဆောင်ရွာအနီး စက်လှေဆိပ်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

အမှတ်(၁၇)လူကုန်တားတပ်ဖွဲ့စု(မူဆယ်)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲတွင် မူဆယ်မြို့နယ်၊ ဟိုဆောင်ကျေးရွာအနီးရှိ စက်လှေဆိပ်တွင် သတင်းစုံစမ်းနေစဉ် အမျိုးသမီးငယ်(၂)ဦးကို တပ်ဖွဲ့စုရုံးသို့ ခေါ်ဆောင်ပြီး မေးမြန်းရာ အသက်(၂၂)နှစ်အရွယ် အမျိုးသမီးသည် ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး ကေတီဗီမှ အလုပ်ထွက်ပြီးနောက် အလုပ်လက်မဲ့ဖြစ်နေစဉ် ယခင်ကရင်းနှီးခဲ့ဖူးသည့် ရှင်းမြတ်အေး(ခ)ရှင်းရှင်းဆိုသူ ဇူလိုင်လ(၂၁)ရက်နေ့တွင် တရုတ်နိုင်ငံမှ ရန်ကုန်သို့ ပြန်လာစဉ် ချိတ်ဆက်မိကာ တရုတ်နိုင်ငံဘက် ခိုးဝင်ရန် ရောက်လာခြင်းဖြစ်သည်ဟု ပြောကြားကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် နေထိုင်သည့် ရှင်းမြတ်အေးက ၎င်းကိုယ်တိုင် တရုတ်ယောကျ်ားယူထားခြင်းဖြစ်ပြီး တရုတ်ယောကျ်ားယူပါက တစ်နှစ်ခန့်ပေါင်းသင်းနေထိုင်လျှင် ကျပ်သိန်း(၅၀)ရမည်ဟုဆိုတာ ခေါ်ဆောင်သဖြင့် ရန်ကုန်မှ အမျိုးသမီးက သြဂုတ်လ(၃)ရက်နေ့တွင် မူဆယ်သို့ ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် သြဂုတ်လ(၆)ရက်နေ့တွင် ရှင်းမြတ်အေးနှင့်အတူ မူဆယ်မှတစ်ဆင့် စက်လှေဖြင့် တရုတ်နိုင်ငံဘက်သို့ ခိုးဝင်ရန်ကြိုးစားနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံဘက် ခိုးဝင်ရန်ကြိုးစားသည့် အမျိုးသမီးက ပြောကြားပြီး အဆိုပါဖြစ်စဉ်များ မှန်ကန်ကြောင်း ရှင်းမြတ်အေး(ခ)ရှင်းရှင်းက ဝန်ခံသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းမြတ်အေး(ခ)ရှင်းရှင်းအား မူဆယ်မြို့မရဲစခန်းတွင် (ပ) ၃၃၃/၂၀၁၈၊ လူကုန်ကူးပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~