မိုင္းဆတ္ၿမိဳ႕နယ္အတြင္း အသားထုတ္လုပ္ေရာင္းခ်ခြင့္အတြက္ လုပ္ငန္းရွင္(၆)ဦးကို ခြင့္ျပဳထား

မိုင္းဆတ္ၿမိဳ႕နယ္အတြင္း အသားထုတ္လုပ္ေရာင္းခ်ခြင့္အတြက္ လုပ္ငန္းရွင္(၆)ဦးကို ခြင့္ျပဳထား
သြဂုတ် 15, 2018
By 🌸
႐ွမ္းျပည္နယ္(အေ႐ွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕နယ္အတြင္း ၂၀၁၈-၂၀၁၉ဘ႑ာႏွစ္၊ အသားထုတ္လုပ္ေရာင္းခ်ခြင့္ကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၅)ရက္ေန႔တြင္ သားသတ္လုပ္ငန္းလုပ္ကိုင္မည့္သူ(၆)ဦးကို က်ပ္သိန္း(၂၆၀)ေက်ာ္ျဖင့္ ခြင့္ျပဳေပးလုိက္ေၾကာင္း သိရသည္။

" ဒီေန႔လုပ္ငန္းရွင္တစ္ဦးက တရားမ၀င္သားသတ္လုပ္ကိုင္ေရာင္းခ်သူေတြေၾကာင့္ နစ္နာမႈရိွေၾကာင္း တင္ျပလာပါတယ္။ ကၽြန္ေတာ္တို႔ ၿမိဳ႕နယ္သားသတ္ႀကီးၾကပ္ေရးအဖဲြ႔နဲ႔ ကြင္းဆင္းစစ္ ေဆးမႈေတြျပဳလုပ္ၿပီး ေတြ႔ရိွရင္ ရွမ္းျပည္နယ္စည္ပင္သာယာေရးဥပေဒနဲ႔ သားသတ္လုပ္ငန္းစိစစ္ခ်ထားေရးၫႊန္ ၾကားခ်က္မ်ားနဲ႔အညီ အေရးယူေဆာင္ရြက္သြားမွာပါ"ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမွဴး ဦးေက်ာ္ႏိုင္ ေျပာသည္။

သားသတ္လုပ္ငန္းလုိင္စင္မ်ားကို ဝက္သားထုတ္လုပ္ေရာင္းခ်သူ(၄)ဦး၊ အမဲသားထုတ္လုပ္ေရာင္းခ်သူ (၁)ဦးႏွင့္ ဆိတ္သားထုတ္လုပ္ေရာင္းခ်သူ(၁)ဦးတို႔ကို ခြင့္ျပဳေပးလုိက္ျခင္းျဖစ္ၿပီး ေဒသတြင္း လိုင္စင္မရိွဘဲ အသားထုတ္လုပ္ေရာင္းခ်ေနသူမ်ားကိုလည္း စစ္ေဆးအေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ သာေရး၊ နာေရးေတြအတြက္ သားသတ္တာကို မေျပာပါဘူး။ တစ္ခ်ဳိ႕အကူအညီေတာင္းလို႔ ကူညီလုပ္ကိုင္ေပးလုိက္တာေတာင္ရိွပါတယ္။ အခု တရားမ၀င္သားသတ္္ၿပီး စီးပြားရွာေရာင္းခ်သူေတြရိွေနလို႔ သူတို႔ ကို အေရးယူေပးဖို႔ တင္ျပတာပါ။ သူတို႔က အခြန္လည္းမေဆာင္ရဘူး။ ကိုယ္ႀကိဳက္တဲ့ေစ်းနဲ႔လည္း ေရာင္းလို႔ရတယ္။ ကၽြန္ေတာ္တို႔က နိုင္ငံေတာ္ကိုအခြန္ေဆာင္ၿပီး သတ္မွတ္ေပးတဲ့ေစ်းနဲ႔ေရာင္းရတာပါ"ဟု လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

သားသတ္လုပ္ငန္းလုိင္စင္မွ ရရိွသည့္အခြန္ေငြမွာ ၿမိဳ႕နယ္အတြင္းရရိွသည့္ အခြန္ဝင္ေငြ၏ (၄)ပံု(၁)ပံုရိွေၾကာင္း သိရသည္။

တရားမ၀င္သားသတ္လုပ္ငန္းလုပ္ကိုင္သူမ်ားကို ရွမ္းျပည္နယ္စည္ပင္သာယာေရးဥပေဒအရ အနည္းဆုံးေထာင္ဒဏ္(၆)လမွ အမ်ားဆုံးေထာင္ဒဏ္(၃)ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ႏုိင္သည့္အျပင္ က်ပ္(၅)သိန္းထက္မပိုေသာ ေငြဒဏ္လည္းခ်မွတ္ႏိုင္ေၾကာင္း သိရသည္။

သတင္း #သန္းေဇာ္
ဓါတ္ပံု #ေဇာ္ဝမ္းထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်မြို့နယ်အတွင်း အသားထုတ်လုပ်ရောင်းချခွင့်အတွက် လုပ်ငန်းရှင်(၆)ဦးကို ခွင့်ပြုထား
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်၊ အသားထုတ်လုပ်ရောင်းချခွင့်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့တွင် သားသတ်လုပ်ငန်းလုပ်ကိုင်မည့်သူ(၆)ဦးကို ကျပ်သိန်း(၂၆၀)ကျော်ဖြင့် ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

" ဒီနေ့လုပ်ငန်းရှင်တစ်ဦးက တရားမဝင်သားသတ်လုပ်ကိုင်ရောင်းချသူတွေကြောင့် နစ်နာမှုရှိကြောင်း တင်ပြလာပါတယ်။ ကျွန်တော်တို့ မြို့နယ်သားသတ်ကြီးကြပ်ရေးအဖွဲ့နဲ့ ကွင်းဆင်းစစ် ဆေးမှုတွေပြုလုပ်ပြီး တွေ့ရှိရင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေနဲ့ သားသတ်လုပ်ငန်းစိစစ်ချထားရေးညွှန် ကြားချက်များနဲ့အညီ အရေးယူဆောင်ရွက်သွားမှာပါ"ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်နိုင် ပြောသည်။

သားသတ်လုပ်ငန်းလိုင်စင်များကို ဝက်သားထုတ်လုပ်ရောင်းချသူ(၄)ဦး၊ အမဲသားထုတ်လုပ်ရောင်းချသူ (၁)ဦးနှင့် ဆိတ်သားထုတ်လုပ်ရောင်းချသူ(၁)ဦးတို့ကို ခွင့်ပြုပေးလိုက်ခြင်းဖြစ်ပြီး ဒေသတွင်း လိုင်စင်မရှိဘဲ အသားထုတ်လုပ်ရောင်းချနေသူများကိုလည်း စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ သာရေး၊ နာရေးတွေအတွက် သားသတ်တာကို မပြောပါဘူး။ တစ်ချို့အကူအညီတောင်းလို့ ကူညီလုပ်ကိုင်ပေးလိုက်တာတောင်ရှိပါတယ်။ အခု တရားမဝင်သားသတ်ပြီး စီးပွားရှာရောင်းချသူတွေရှိနေလို့ သူတို့ ကို အရေးယူပေးဖို့ တင်ပြတာပါ။ သူတို့က အခွန်လည်းမဆောင်ရဘူး။ ကိုယ်ကြိုက်တဲ့ဈေးနဲ့လည်း ရောင်းလို့ရတယ်။ ကျွန်တော်တို့က နိုင်ငံတော်ကိုအခွန်ဆောင်ပြီး သတ်မှတ်ပေးတဲ့ဈေးနဲ့ရောင်းရတာပါ"ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သားသတ်လုပ်ငန်းလိုင်စင်မှ ရရှိသည့်အခွန်ငွေမှာ မြို့နယ်အတွင်းရရှိသည့် အခွန်ဝင်ငွေ၏ (၄)ပုံ(၁)ပုံရှိကြောင်း သိရသည်။

တရားမဝင်သားသတ်လုပ်ငန်းလုပ်ကိုင်သူများကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေအရ အနည်းဆုံးထောင်ဒဏ်(၆)လမှ အများဆုံးထောင်ဒဏ်(၃)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့်အပြင် ကျပ်(၅)သိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရသည်။

သတင်း #သန်းဇော်
ဓါတ်ပုံ #ဇော်ဝမ်းထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~